ဝေါ့လ်ဒစ္စနီဖျော်ဖြေရေးခန်းမ

ဝီကီပီးဒီးယား မှ
ဝေါ့လ်ဒစ္စနီ ဖျော်ဖြေရေးခန်းမကြီး

ဝေါ့လ်ဒစ္စနီ ဖျော်ဖြေရေးခန်းမကြီး(Walt Disney Concert Hall) သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးရားပြည်နယ်၊ လော့စ်အင်္ဂျလိစ် မြို့တွင် တည်ရှိသော ဖျော်ဖြေရေး ခန်းမကြီးတစ်ခုဖြစ်သည်။ ထို့ပြင် လော့အင်္ဂျလိစ် ဖေလ်ဟာမိုနစ်ခ် တေးဂီတအဖွဲ့ကြီး (Los Angeles Philharmonic orchestra) တည်နေရာလည်းဖြစ်သည်။ ထိုခန်းမကြီးတွင် ထိုင်ခုံပေါင်း ၂, ၂၆၅ ခုရှိသည်။

ယင်းအဆောက်အဦးကြီးကို ဒီဇိုင်နာ ဖရန့် ဂရေ( Frank Gehry) က ရေးဆွဲပေးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထိုအဆောက်အဦးရှိ Acoustics အခန်းများမှာ အလွန့်အလွန် ခမ်းနားလှသည်။ ထိုခမ်းမကြီးတွင် ရှိသော ပြွန်ချောင်းများနှင့် အော်ဂင်ကြီးမှာ အလွန်ကြီးမားပြီး ထိုအော်ဂင်ကြီးကို ဂျာမန် အော်ဂင်ပညာရှင် Caspar Glatter-Götz က တည်ဆောက်ခဲ့ကြပြီး ပြွန်ပေါင်း ၆, ၁၂၅ ခုရှိလေသည်။