လှမြင့်၊ ဒေါက်တာ

ဝီကီပီးဒီးယား မှ
လှမြင့်
Hla Myint, photo taken at the LSE in 1985.
မွေးဖွား၁၉၂၀
ပုသိမ်, မြန်မာနိုင်ငံ[၁]
ဆုံးပါး၂၀၁၇ မတ် ၉
ထိုင်းနိုင်ငံ ဘန်ကောက်မြို့
နိုင်ငံလူမျိုးမြန်မာ
နယ်ပယ်စီးပွားရေး
အဖွဲ့အစည်းဌာနLondon School of Economics
မိခင်ကျောင်းLondon School of Economics
ကျော်ကြားမှုအရင်းခံDevelopment Economics

ဒေါက်တာလှမြင့် (၁၉၂၀-၂၀၁၇)

ဒေါက်တာလှမြင့်သည် စီးပွားရေးပညာရှင်တစ်ဦးဖြစ်သည်။ရန်ကုန်တက္ကသိုလ်၏ ပါမောက္ခချုပ် အဖြစ် (၁၉၅၈-၁၉၆၂) အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းကို  ကမ္ဘာ့ထိပ်တန်း မြန်မာ့ဂုဏ်ဆောင် စီးပွားရေးပညာရှင်တစ်ဦးအဖြစ် ဖော်ညွှန်းကြသည်။ယင်းအပြင် နိုင်ငံတကာ ကုန်သွယ်ရေးနှင့်  ဖွံ့ဖြိုးမှုဘာသာရပ်များတွင်  H.Myint ဟူသောအမည်ဖြင့် ထင်ရှားသူလည်းဖြစ်သည်။[၂]ဒေါက်တာ လှမြင့်ကို ပုသိမ်မြို့တွင် ၁၉၂၀ ပြည့်နှစ်က မွေးဖွားခဲ့ပြီး၊၂၀၁၇ မတ်လ ၉ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင် ကွယ်လွန်ခဲ့သည်။

ငယ်ဘဝနှင့်ပညာရေး[ပြင်ဆင်ရန်]

ဒေါက်တာလှမြင့်သည် လန်ဒန်စီးပွားရေးကျောင်း (London School of Economics) တွင် စီးပွားရေးပါမောက္ခ ဖြစ်ခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်ကို အသက် ၁၅ နှစ်အရွယ်တွင် စတင် တက်ရောက်ခွင့်ရခဲ့သူဖြစ်သည်။အသက် ၂၀ ကျော်အရွယ်တွင် အော့စဖို့ဒ်တက္ကသိုလ်သို့ ပညာတော်သင် သွားရောက်ခဲ့သည်။

ဩစတြေးလျနိုင်ငံ၊ မက်ကွာရေး တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ ရှောင် တာနဲလ်က "ဒေါက်တာ လှမြင့်ဟာ အသက် ၁၄ နှစ်ကတည်းက တက္ကသိုလ်ဝင်ခွင့်ရတာဖြစ်ပေမယ့် အသက်မပြည့်သေးလို့ ၁ နှစ် စောင့်နေရတာဖြစ်တယ်"ဟု ဆိုသည်။

၁၉၃၉ ခုနှစ်၊ အင်္ဂလန်နိုင်ငံတွင် ပါရဂူဘွဲ့ယူရန် ပညာတော်သင်ဆုရသည့် အချိန် ကုတ်အင်္ကျီဝယ်စရာ ပိုက်ဆံမရှိ၍ ဗြိတိသျှ အရာရှိတယောက်က ဝယ်ပေးခဲ့ရသည်။ လန်ဒန် စီးပွားရေး တက္ကသိုလ်သို့ ရောက်တော့လည်း အရည်အချင်း ထက်မြက်ခြင်းကြောင့် စာတွေ့သင်တန်း ဝင်စရာမလိုဘဲ ကျမ်းပြုခွင့် ရခဲ့သည်။မြန်မာပြည်ဖွား စီးပွားရေးပညာရှင်ကြီး နောက်တစ်ဦးဖြစ်သည့် ဆရာကြီးရော်နယ် ဖင်ဒလေက " စီးပွားရေး မဟာပညာကျော်တွေထဲမှာ လှမြင့်ဟာ ထုတ်ဖော်ပြောဆိုသမျှ အကြောင်းအရာပိုင်းတွေမှာ ဘယ်တော့မှ မမှားခဲ့ဖူးဘူးလို့ မှတ်ချက်ပေးကြောင်း ဒေါက်တာ ရှောင်တာနဲလ်က သူ့ လူမှုကွန်ရက် စာမျက်နှာ Facebook တွင် အမှတ်တရ ရေးသားထားသည်။ [၃]

တာဝန်ထမ်းဆောင်ခဲ့မှုများ[ပြင်ဆင်ရန်]

ဒေါက်တာ လှမြင့်သည် လန်ဒန်စီးပွားရေးကျောင်း (London School of Economics) တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဖွံ့ဖြိုးရေးဆိုင်ရာ သီအိုရီကို ထုတ်ဖော်သူလည်း ဖြစ်သည်။ စီးပွားဖွံ့ဖြိုးမှု (Economic Development) တွင် နိုင်ငံတကာ ကုန်သွယ်ရေး၏ အကျိုးသက်ရောက်မှုများအား အထူးပြုသော သဘောတရား ရေးရာများကို ထုတ်ဖော်ခဲ့သည်။ဂန္ထဝင် စီးပွားရေး ပညာရှင် အဒမ်စမစ် (၁၇၂၃-၁၇၉၀) ဖော်ထုတ်ခဲ့သည့် Vent for Surplus သီအိုရီကို ဒေါက်တာလှမြင့်က စီးပွားရေးဖွံ့ဖြိုးမှု လေ့လာရေးမှာ ဆက်လက်တိုးတက်အောင် လုပ်ဆောင်ခဲ့သည်။ဒေါက်တာလှမြင့်သည် ရန်ကုန်တက္ကသိုလ်တွင်  ဘောဂဗေဒပါမောက္ခအဖြစ် ၁၉၄၅ မှ ၁၉၅၂ ခုနှစ်အထိ လည်းကောင်း၊အိမ်စောင့်စစ်အစိုးရ ဖိတ်ခေါ်ချက်အရ ရန်ကုန်တက္ကသိုလ်တွင်ပါမောက္ခချုပ်အဖြစ် ၁၉၅၈ မှ ၁၉၆၂ အထိ လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့သည်။[၄]ယင်းနောက် လန်ဒန် LSE တက္ကသိုလ်တွင်  ဘောဂဗေဒဌာန၊ ဖွံ့ဖြိုးရေးဘာသာရပ် ပါမောက္ခအဖြစ် ၁၉၆၆ မှ ၁၉၈၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဦးနေဝင်းအစိုးရက ဒေါက်တာလှမြင့်ကို   မြန်မာနိုင်ငံသို့ ပြန်လာခွင့်ပိတ်ခဲ့ဖူးသည်။[၅] ထို့ကြောင့် မိခင်ကြီးကွယ်လွန်ချိန် ဗီဇာမရ၍ မိခင်ဈာပနသို့ မလာခဲ့ရသည့် မှတ်တမ်းများရှိခဲ့သည်။ ဒေါက်တာလှမြင့်သည် အငြိမ်းစားယူပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အခြေချနေထိုင်ရင်း ဟောပြောပို့ချမှုများ၊စာပေရေးသားခြင်းများဖြင့် ဘ၀ ကိုဖြတ်သန်းခဲ့သည်။  ၂၀၁၂ တွင် မြန်မာနိုင်ငံသို့ ပြန်လာခွင့် ရခဲ့၍ ခေတ္တလာရောက်ခဲ့ဖူးသည်။၂၀၁၇ မတ်လ ၉ ရက် နံနက်ပိုင်းတွင် လူကြီးရောဂါဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် အသက် ၉၇ နှစ် ရှိခဲ့သည်။

ဒေါက်တာလှမြင့်၏ ထင်ရှားသော စာအုပ်စာတမ်းများ[ပြင်ဆင်ရန်]

  • Theories of Welfare Economics, 1948.
  • “An Interpretation of Economic Backwardness”, 1954, Oxford EP
  • “Gains from International Trade and Backward Countires”, 1954-5, EJ
  • “The Classical Theory of International Trade and the Underdeveloped Countries”, 1958, EJ
  • The Economics of Developing Countries, 1964.
  • “Economic Theory and the Underdeveloped Countires”, 1965, JPE
  • “Dualism and the Internal Integration of Underdeveloped Economies”, 1970, BNLQR
  • Economic Theory and the Underdeveloped Countries, 1971
  • South-east Asia’s Economy, Development Policies in the 1970s, 1972.
  • “Adam Smith’s Theory of International Trade in the Perspective of Economic Development”, 1977, Economica

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]