လျှပ်ကူးပစ္စည်း

ဝီကီပီးဒီးယား မှ
လျှပ်စစ်ထုတ်လုပ်ရာစက်ရုံများမှ လျှပ်စစ်သယ်ယူလာခြင်း

လွတ်လပ်သော အီလက်ထရွန်များ အက်တမ်တစ်ခုမှ တစ်ခုသို့စီးဆင်းသွားသည့်အခါ လျှပ်စီး​ကြောင်းဖြစ်​ပေါ်လာသည်။အီလက်ထရွန်များ ​မြောက်မြားစွာစီးဆင်း​စေ​သော ပစ္စည်းကို လျှပ်ကူးပစ္စည်း (Conductor)ဟု​ခေါ်သည်။ သတ္တုနှင့်ပြုလုပ်​သော ပစ္စည်းအများစုမှာ လျှပ်ကူးပစ္စည်း​ကောင်းများဖြစ်သည်။​ကြေးနီ၊​ငွေ၊အလူမီနီယမ်၊ဇင့်၊​ကြေးဝါနှင့်သံများ မှာလျှပ်ကူး​ကောင်းသည်။ ထိုထဲတွင် ​ကြေးနီမှာ လျှပ်ကူးပစ္စည်းပြုလုပ်ရန် လျှပ်ကူးအ​ကောင်းဆုံးနှင့် ​ဈေးအသက်သာဆုံးဖြစ်သည်။

ခုခံအားနှင့် လျှပ်ကူးအား[ပြင်ဆင်ရန်]

လျှပ်ကူးပစ္စည်းတစ်ခု၏ ခုခံအားမှာ ထိုပစ္စည်းကိုပြုလုပ်​သော သတ္တုနှင့် မျက်နှာပြင်အ​ပေါ်မူတည်သည်။ ထိုပစ္စည်း၏ ခုခံအားသည် မျက်နှာပြင် ကန့်လန့်ဖြတ်ဧရိယာနှင့် ​ပြောင်းပြန်အချိုးကျသည်။ဥပမာ-ဝါယာအထူတွင် ခုခံအားနည်းသည်။ ထိုပစ္စည်း၏ ခုခံအားမှာ အလျားနှင့် တိုက်ရိုက်အချိုးကျသည်။[၁]ဥပမာ- ရှည်လျား​သောဝါယာတွင် ခုခံအားများသည်။

  မှာ အလျား၊ A မှာ ကန့်လန့်ဖြတ် ဧရိယာ၊σ မှာ လျှပ်စီးကိန်း(အပူ​လျောက်ကိန်း)၊  ρမှာ ခုခံမှုအားကိန်း (resistivity)ဖြစ်သည်။  σနှင့်ρမှာ ကိန်း​သေဖြစ်သည်။ 

လျှပ်ကူးပစ္စည်းများ[ပြင်ဆင်ရန်]

Material ρ [Ω·m] at 20°C σ [S/m] at 20°C
Silver, Ag 1.59 × 10−8 6.30 × 107
Copper, Cu 1.68 × 10−8 5.96 × 107
Aluminum, Al 2.82 × 10−8 3.50 × 107

​ကြေးနီသည် လျှပ်စီးကိန်းမြင့်သည်။ အပူ​ပေး၍အ​အေးခံထား​သော​ကြေးနီ (annealed copper)သည် နိုင်ငံတကာစံချိန်မီဖြစ်သည်။၎င်း၏ လျှပ်စီးကိန်းမှာ 58 MS/mဖြစ်သည်။[၂]

​ငွေသည် ​ကြေးနီထက် လျှပ်စီးကိန်း ၆%ပိုများ​သော်လည်း စရိတ်များသဖြင့် လက်​​တွေ့တွင်အသုံးမပြု​ချေ။ သို့​သော် ဂြိုဟ်တုကဲ့သို့​သော အထူးပစ္စည်းများတွင်သုံးသည်။

အလူမီနီယမ်ဝါယာများကို လျှပ်စစ်သွယ်တန်းခြင်းနှင့် ဖြန့်ဖြူးခြင်းတွင် အသုံးများသည်။​ကြေးနီ​အောက် ကုန်ကျမှုနည်းသည်။

ဝါယာအရွယ်အစား[ပြင်ဆင်ရန်]

ဝါယာများကို ၎င်း၏ ကန့်လန့်ဖြတ် ဧရိယာ​ကို တိုင်းတာသည်။ နိုင်ငံများစွာတွင် အရွယ်အစားကို စတုရန်းမီလီမီတာဖြင့်တိုင်းသည်။

လျှပ်တန့်ကိန်း(permittivity)​ပေါ်မူတည်၍အမျိုးအစားခွဲခြားခြင်း
εr/εr လျှပ်စီးအပူလျှောက်ကူးခြင်း Electromagnetic propagation
0 perfect dielectric
lossless medium
≪ 1 low-conductivity material
poor conductor
low-loss medium
good dielectric
≈ 1 lossy conducting material lossy propagation medium
≫ 1 high-conductivity material
good conductor
high-loss medium
poor dielectric
perfect conductor


ကိုးကား[ပြင်ဆင်ရန်]

  1. Wire Sizes and Resistance
  2. High conductivity coppers (electrical)။ Copper Development Association (U.K.)။ 2013-07-20 တွင် မူရင်းအား မော်ကွန်းတင်ပြီး။