လျှပ်ကာ

ဝီကီပီးဒီးယား မှ
10 kV ကြွေသီး လျှပ်ကာ

လျှပ်ကာ သည် လျှပ်စစ်ဓာတ်များ လွပ်လပ်စွာ မစီးဆင်းနိုင်သော ပစ္စည်းများဖြစ်ကြသည်။ ထို့ကြောင့် လျှပ်စီးကြောင်းသည် လျှပ်စစ်စက်ကွင်းအောက်တွင် စီးကူးရန် မဖြစ်နိုင်သလောက်ရှိသည်။ ယင်းသည် လျှပ်ကူးပစ္စည်းများ၊ တပိုင်းလျှပ်ကူးပစ္စည်းများအတွက်လည်း အကျုံးဝင်သည်။ လျှပ်ကာတစ်ခုအား သတ်မှတ်ချက်မှာ ယင်း၏ ခုခံအားဖြစ်ကာ လျှပ်ကူး သို့မဟုတ် တပိုင်းလျှပ်ကူးပစ္စည်းများထက် ခုခံအားပိုကောင်းသည်။ ပြီးပြည့်စုံသော လျှပ်ကာဆိုသည်မှာ မရှိပေ။ အဘယ်ကြောင့်ဟူမူ လျှပ်ကာတစ်ခုတွင် ပမာဏနည်းပါးသော charge carrier များပါဝင်သည်။ ယင်းတို့သည် သတ်မှတ်ထားသောအခြေနေတွင် လျှပ်စီးကြောင်းအား သယ်ဆောင်နိုင်သည်။ လျှပ်ကာများသည် ဗို့အား အင်မတန်များပြားသော အခြေနေတွင် လျှပ်ကူးပစ္စည်းများ ဖြစ်နိုင်သည်။ ယင်းအား လျှက်ကာ၏ ကျိုးပျက်သည့်ဗို့ဟု ခေါ်သည်။ ဖန်၊ စာရွက်၊ တယ်ဖလွန်ကဲ့သို့သော အရာဝတ္ထုများသည် မြင့်မားသည့် ခုခံနိုင်အားရှိကြပြီး အင်မတန်ကောင်းမွန်သော လျှပ်ကာများဖြစ်ကြသည်။ အခြားသော လျှပ်ကာပစ္စည်းများသည် နည်းပါးသော ခုခံနိုင်အားရှိကြသော်လည်း သာမန်အသုံးပြုသော ဗို့အားအတွက် လုံလောက်သည့် လျှပ်ကာနိုင်စွမ်း ရှိကြသည်။ ယင်းတို့အား လျှပ်စစ်ဝိုင်ယာရိန်းနှင့် ကေဗယ်များတွင် အသုံးချသည်။ ဥပမာဆိုရသော် ပိုလီမာနှင့် ပလစ်စတိတ်များ ဖြစ်ကြသည်။ လျှပ်ကာများအား လျှပ်စစ်ပစ္စည်းများတွင် အသုံးချသည်။ ယင်းတို့အား လျှပ်ကူးပစ္စည်းများနှင့် ခွဲထုတ်ရန်ဖြစ်သည်။