လီနင် (အထည်စ)

ဝီကီပီးဒီးယား မှ
A linen handkerchief with drawn thread work around the edges
Linen cloth recovered from Qumran Cave 1 near the Dead Sea
Flax stem, fiber, yarn and woven and knitted linen textiles

လီနင် သည် ပိုက်ဆံလျှော်မှ ထုတ်သော အထည်စတမျိုးဖြစ်သည်။ အလွန်ခိုင်ပြီး စုပ်အားကောင်းသည်။ ဝါထက် အခြောက်မြန်သည်။ ထိုအချက်များကြောင့် ချွေးစုပ်လွယ်ကာ ချွေးတိတ်မြန်စေရန် ပူအိုက်သောရာသီတွင် ဝတ်ဆင်ကြသည်။ အခြားလူသိများသောအချက်မှာ အခေါက်အကြေလွယ်သည်။ ရှေးယခင်ကပင် လီနင်ကို အထည်အဖြစ် သုံးခဲ့ကြသည်။ ဥရောပအရှေ့တောင်ပိုင်း (ယခု ဂျော်ဂျီယာနေရာ) ရှိ ဂူတခုတွင် တွေ့ရသော ဆေးဆိုးထားသော လီနင်စကို တွေ့၍ စမ်းသပ်ကြရာ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀၀ ကပင် သုံးကြကြောင်း သိရသည်။ ရှေးဟောင်းယဉ်ကျေးမှုကာလများဖြစ်သော မက်ဆိုပိုတေးမီးယားနှင့် အီဂျစ်ခေတ်ဟောင်းတို့တွင် သုံးခဲ့ကြပြီး လီနင်အကြောင်းကို သမ္မာကျမ်းတွင်ပင် ထုတ်ရေးထားသည်။ ၁၈ ရာစုနောက်ပိုင်းတွင် ဥရောပတွင်ရော အမေရိကရှိ ကိုလိုနီများတွင်ပါ လီနင်လောကသည် အရေးပါသော ဈေးကွက်တခုဖြစ်ခဲ့သည်။ လီနင်ယက်ကွက်အတိုင်း ယက်ထားသော အခြား လီနင်မဟုတ်သော အထည်စတို့ကိုလည်း လီနင်ဟုပင် ခေါ်တတ်ကြသေးသည်။