လက်စွပ်အော်ကျွန်း

ဝီကီပီးဒီးယား မှ
Letsok-aw သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
Letsok-aw
Letsok-aw
Location of Letsok-aw Kyun in Burma

လက်စွပ်အော်ကျွန်း (Domel Island) [၁]သည် မြန်မာနိုင်ငံ၊ မြိတ်ကျွန်းစုတွင် တည်ရှိသည့် ကျွန်းတစ်ခု ဖြစ်သည်။ အရှည် ၃၈ ကီလိုမီတာ၊ ဧရိယာ ၂၅၀ စတုရန်းကီလိုမီတာ ရှိသည်။ မြိတ်ကျွန်းစုတွင် အကြီးဆုံးကျွန်းတစ်ခု ဖြစ်သည်။ ဤတောင်ထူ၍ သစ်တောထူထဲသည့် ကျွန်းသည် ဘန်တင့်ကျွန်း (Bentinck Kyun) မှ အရှေ့ဘက် ၁၄ ကီလိုမီတာအကွတွင် တည်ရှိသည်။ ဤကျွန်းသည် မြောက်ဘက်မှ တောင်ဘက်သို့ ဆန့်တန်းတည်ရှိနေပြီး အကျယ်ဆုံးနေရာသည် ၉.၇ ကီလိုမီတာ ရှိသည်။ အမြင့်ဆုံးနေရာသည် ၆၈၃ မီတာရှိသည်။

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုဩဒိနိတ်: 11°37′N 98°15′E / 11.617°N 98.250°E / 11.617; 98.250

ကိုးကား[ပြင်ဆင်ရန်]

  1. Prostar Sailing Directions 2005 India & Bay of Bengal Enroute By National Geospatial-intelligence Agency