ရွှေလီ

ဝီကီပီးဒီးယား မှ
ရွှေလီမြို့
瑞丽市
ကောင်တီအဆင့်မြို့
Ruili
ရွှေလီမြို့ သည် ယူနန်ပြည်နယ် တွင် တည်ရှိသည်
ရွှေလီမြို့
ရွှေလီမြို့
Location in Yunnan
ကိုဩဒိနိတ်: 24°01′N 97°51′E / 24.017°N 97.850°E / 24.017; 97.850
နိုင်ငံ တရုတ်
ပြည်နယ်ယူနန်ပြည်နယ်
ခရိုင်တယ်ဟုန်ခရိုင်
ဧရိယာ
 • စုစုပေါင်း၁၀၂၀ စတုရန်းကီလိုမီတာ (၃၉၀ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၇၇၇ မီတာ (၂၅၄၉ ပေ)
လူဦးရေ
 • စုစုပေါင်း၁၄၀၀၀၀
 • သိပ်သည်းမှု၁၄၀/km (၃၆၀/sq mi)
အချိန်ဇုန်တရုတ်စံတော်ချိန် (UTC+8)
စာပို့သင်္ကေတ၆၇၈၆၀၀
ဧရိယာကုဒ်(များ)၀၆၉၂
ဝက်ဘ်ဆိုဒ်www.rl.gov.cn
www.rlr.gov.cn

ရွှေလီ ကို တရုတ်ဘာသာအားဖြင့် (simp.: 瑞丽市; trad.: 瑞麗市; Pinyin: Ruìlì Shì) ဟုခေါ်ဆိုပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တယ်ဟုန်ခရိုင်အတွင်းရှိ ကောင်တီအဆင့်ရှိ မြို့ တစ်မြို့ ဖြစ်သည်။ မြန်မာနိုင်ငံ၊ မူဆယ်မြို့နှင့် နယ်စပ်ကုန်သွယ်ရေး ပြုလုပ်သော နယ်ခြားမြို့ ဖြစ်သည်။ ဧရိယာ စတုရန်းကီလိုမီတာ (၁၀၂၀) (၃၉၃,၈ စတုရန်းမိုင်) ကျယ်ဝန်းသည်။

ရွှေလီ(သို့မဟုတ်)မိုင်းမော[ပြင်ဆင်ရန်]

ရွှေလီမြို့ကို ရှေးယခင်က မိုင်းမောမြို့ ဟုခေါ်ဆိုသည်။ တရုတ်ဘာသာစကားအားဖြင့် မွင့်မောင်ဟု အသံထွက်ရသည်။ ယခုအမည်ဖြစ်သော ရွှေလီကို တရုတ်ဘာသာစကားအားဖြင့် ရွေ့လိ ဟုခေါ်ဆိုသည်။ ရွေ့မှာ ကံကောင်းခြင်း ဟု အဓိပ္ပာယ်ရပြီး၊ လိမှာ လှပခြင်း ဟု အဓိပ္ပာယ်ရသည်။

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသောမြို့ ဖြစ်သည်။ လူဦးရေ၏ ၆၄% မှာ တောင်ပေါ်နေတိုင်းရင်းသား (၅)မျိုးတို့ဖြစ်ကြသည်။ ရှမ်းလူမျိုး၊ ဂျိန်းဖော့လူမျိုး၊ ဒယ်အန်လူမျိုး၊ လီဆူးလူမျိုးနှင့် အာချန်လူမျိုးတို့ဖြစ်ကြသည်။ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော မြို့တစ်မြို့ ဖြစ်သည်။ [၁][၂]

လူဦးရေနှင့်လူမျိုးများ[ပြင်ဆင်ရန်]

တရုတ် လူမျိုးနှင့် ရှမ်းလူမျိုးများသည် မြို့တွင်း ချိုင့်ဝှမ်းဒေသတွင် နေထိုင်ကြပြီး ဂျိန်းဖော့လူမျိုးနှင့်ပလောင်တအာင်းတို့သည် မြို့ဆင်ခြေဖုံးဒေသများတွင် နေထိုင်ကြသည်။ လူဦးရေ ၁၄၀,၀၀၀ ခန့်ရှိသည်။

စက်မှုဇုန်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Yunnan’s Sin City Archived 4 October 2010 at the Wayback Machine., The Irrawaddy, January 2005
  2. Sex, Drugs and The Roll of Dice Archived 4 September 2009 at the Wayback Machine., Time Asia, September 27, 1999

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]