မြောက်ယဉ်စွန်းတန်း

ဝီကီပီးဒီးယား မှ
မြောက်ယဉ်စွန်းတန်းအား ပြသထားသည့် ကမ္ဘာ့မြေပုံ

မြောက်ယဉ်စွန်းတန်းသည် ကမ္ဘာမြေကြီး၏ မျက်နှာပြင်ပေါ်သို့ နေအလင်းတန်း တည့်တည့်မတ်မတ် ကျရောက်သည့် မြောက်ဖက်ဆုံး နေရာကို မှတ်သားထားသည့် လတ္တီတွဒ်မျဉ်း ဖြစ်သည်။ ဤအဖြစ်အပျက်သည် မြောက်ကမ္ဘာလုံးခြမ်း နေဘက်သို့ အဆုံးစွန် တိမ်းစောင်းသည့် နွေယဉ်စွန်းချိန်တွင် တစ်နှစ်တစ်ကြိမ် ဖြစ်ပွားသည်။ ကမ္ဘာ့မြေပုံပေါ်တွင် အဓိက သတ်မှတ်ထားသည့် လတ္တီတွဒ်မျဉ်းကြောင်း ၅ ကြောင်းအနက် တစ်ကြောင်း အပါအဝင်ဖြစ်သည်။ မြောက်ယဉ်စွန်းတန်းသည် ၀° (သုညဒီဂရီ) အဖြစ် သတ်မှတ်ထားသည့် အီကွေတာမျဉ်း၏ မြောက်ဖက် ၂၃° ၂၆′ ၁၆″ တွင် တည်ရှိသည်။ ဝန်ရိုးစွန်းမှာ ၉၀° ဖြစ်သည်။ တောင်ကမ္ဘာလုံးခြမ်းတွင် အလားတူ အကွာအဝေး၌ တောင်ယဉ်စွန်းတန်း တည်ရှိသည်။

မြန်မာနိုင်ငံ၌ မြောက်ယဉ်စွန်းတန်းသည် ချင်းပြည်နယ်စစ်ကိုင်းတိုင်းမန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းသွားသည်။