မြောက်ကမ္ဘာလုံးခြမ်း

ဝီကီပီးဒီးယား မှ
အပြာရောင်ခြယ်ပြထားသော မြောက်ကမ္ဘာလုံးခြမ်း
မြောက်ဝင်ရိုးစွန်းအထက်မှ မြင်ရသော မြောက်ကမ္ဘာလုံးခြမ်း

မြောက်ကမ္ဘာလုံးခြမ်းဟူသည် အီကွေတာမှ မြောက်ဘက် ကမ္ဘာတစ်ခြမ်းကို ဆိုလိုသည်။ ကမ္ဘာသည် တိမ်းစောင်း၍ လည်ပတ်နေခြင်းကြောင့် မြောက်ကမ္ဘာလုံးခြမ်းဒေသရှိ ဆောင်းရာသီမှာ ဆောင်းယဉ်စွန်းချိန် (ပုံမှန်အားဖြင့် ဒီဇင်ဘာလ ၂၁ ရက်)မှ မတ်လ ၂၀ ရက်အထိဖြစ်ပြီး၊ နွေရာသီကာလမှာ နွေယဉ်စွန်းချိန် (ပုံမှန်အားဖြင့် ဇွန်လ ၂၁ ရက်)မှ စက်တင်ဘာလ ၂၃ ရက်အထိ ဖြစ်သည်။

ပထဝီဝင်နှင့် ရာသီဥတု[ပြင်ဆင်ရန်]

အာတိတ်ဒေသ သည် အာတိတ်စက်ဝိုင်း၏ မြောက်ဘက်တွင်ရှိသည်။ အာတိတ်ဒေသရာသီဥတုများမှာ အေးစက်စက်ဆောင်းရာသီနှင့် အေးမြသောနွေရာသီများ ဖြစ်ကြသည်။ များသောအားဖြင့် ဆီးနှင်းများအနေဖြင့်သာ မိုးရွာသွန်းလေ့ရှိသည်။ အချို့နွေရာသီနေ့ရက်များတွင် နေဝင်ခြင်း လုံးဝမရှိသလို၊ အချို့ဆောင်းရက်များတွင် နေထွက်ခြင်း လုံးဝမရှိပေ။

အာတိတ်စက်ဝိုင်းနှင့် မြောက်ယာဉ်စွန်းတန်းအကြားတွင် မြောက်သမပိုင်းဇုန် တည်ရှိသည်။ ဤဒေသများ၏ ဆောင်းနှင့်နွေရာသီကြား ကာလများတွင် ရာသီဥတုပြောင်းလဲမှုမှာ မပြင်းထန်သော်လည်း သမပိုင်းရာသီဥတုအချိန်တွင်မူ မိုးလေဝသအခြေအနေမှာ ခန့်မှန်း၍မရနိုင်ပေ။

သမပိုင်းဒေသများ (အီကွေတာနှင့် မြောက်ယာဉ်စွန်းတန်းအကြား)တွင် တစ်နှစ်ပတ်လုံး ပူပြင်းလေ့ရှိကာ နွေရာသီကာလများတွင် မိုးရွာသွန်းလေ့ရှိသည်။ ဆောင်းရာသီကာလများတွင် ခြောက်သွေ့သော ရာသီဥတုရှိလေသည်။

မြောက်ကမ္ဘာလုံးခြမ်းတွင် ကိုရီယိုလစ်အကျိုးဆက်ကြောင့် ကမ္ဘာ့မျက်နှာပြင်ပေါ်သို့ (သို့) မျက်နှာပြင်ပေါ်မှ ဖြတ်သန်းသည့် အရာဝတ္ထုမှာ ညာဘက်သို့ ယိမ်းယိုင်သွားသည်။ ယင်းအတွက်ကြောင့် ကြီးမားသည့် လေထုနှင့် ရေထုများမှာ လက်ယာရစ်အတိုင်း လည်ပတ်ကြသည်။ ယင်းတို့ကို မြောက်အတ္တလန္တိတ်သမုဒ္ဒရာနှင့် မြောက်ပစိဖိတ်သမုဒ္ဒရာတို့ရှိ သမုဒ္ဒရာ ရေစီးကြောင်းများတွင် တွေ့ရှိနိုင်သည်။ ထိုကဲ့သို့ပင် အထက်မှ မြောက်ပိုင်းကမ္ဘာ့မျက်နှာပြင်ပေါ်သို့ တိုက်ခတ်သည့်လေမှာ လက်ယာရစ်အနေဖြင့် ပြန့်နှံ့တိုက်ခတ်သည်။ ယင်းအတွက်ကြောင့် လက်ယာရစ်လေစီးကြောင်းမှာ မြောက်ကမ္ဘာခြမ်းရှိ ဖိအားမြင့် weather cell များ၏ ဝိသေသတစ်ခုပင်ဖြစ်သည်။ ပြောင်းပြန်ဆိုရသော်၊ မြောက်ပိုင်းကမ္ဘာ့မျက်နှာပြင်ပေါ်မှ အထက်သို့တက်သော လေသည် (လေဖိအားနည်းရပ်ဝန်းကို ဖြစ်ပေါ်စေကာ) လက်ဝဲရစ်တိုက်ခတ်ပြီး ဟာရီကိန်းမုန်တိုင်းများနှင့် အပူပိုင်းမုန်တိုင်းများကို ဖြစ်ပေါ်စေသည်။

မြောက်ကမ္ဘာလုံးခြမ်းတွင် နေရာရီ၏ အရိပ်သည် လက်ယာရစ် ရွေ့လျားသည်(တောင်ကမ္ဘာလုံးခြမ်းနှင့် ဆန့်ကျင်ဖက်ဖြစ်သည်)။ နေ့အချိန်များတွင် နေသည် တောင်ဘက်အရပ်တွင် အမြင့်ဆုံးအထိ တက်လေ့ရှိသည်။ ထို့အတူ တောင်ကမ္ဘာလုံးခြမ်းနှင့် နှိုင်းယှဉ်ကြည့်လျှင် လကို အထက်အောက်ပြောင်းပြန်မြင်ရသလို ကြယ်များကိုလည်း တောင်ကမ္ဘာလုံးခြမ်းဖက်နှင့် ခြားနားစွာ တွေ့မြင်ရသည်။[၁] မြောက်ဝင်ရိုးစွန်းသည် နဂါးငွေ့တန်း ဂယ်လက်ဆီ၏ ဗဟိုကြယ်စုနှင့် မျက်နှာချင်းဆိုင် ဖြစ်မနေသည့်အတွက် တောင်ကမ္ဘာလုံးခြမ်းနှင့်စာလျှင် မြောက်ကမ္ဘာလုံးခြမ်းဖက်တွင် တောက်ပသော ကြယ်နည်းပါးသည်။ နဂါးငွေ့တန်း ဂယ်လက်ဆီမှ ကွယ်မနေသည့်အတွက် မြောက်ကမ္ဘာလုံးခြမ်းသည် နက်ရှိုင်းသော အာကာသစူးစမ်းလေ့လာရန်အတွက် အသင့်တော်ဆုံးဒေသဖြစ်သည်။

ပါဝင်သည့်တိုက်ကြီးများ[ပြင်ဆင်ရန်]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]


ကိုးကား[ပြင်ဆင်ရန်]

  1. Perspective of the Moon from the Northern and Southern Hemispheres။ ၂၂ အောက်တိုဘာ ၂၀၁၃ တွင် ပြန်စစ်ပြီး။