မြန်မာအင်တာနေရှင်နယ် ရုပ်သံလိုင်း

ဝီကီပီးဒီးယား မှ
MITV
စတင်ခြင်း၂၀၀၁ ဩဂုတ်လ ၁၉
ကွန်ယက်မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
နိုင်ငံမြန်မာနိုင်ငံ
ဘာသာစကားအင်္ဂလိပ်ဘာသာ
ထုတ်လွှင့်သည့် ဧရိယာကမ္ဘာတစ်ဝန်း
ဌာနချုပ်များရန်ကုန်မြို့
ယခင်အမည်များMRTV-3
အစားထိုးလိုက်သော အမည်MITV (၂၀၁၀ မတ်လ ၃၁)
ဝက်ဘ်ဆိုဒ်myanmarinternational.tv
ဖမ်းယူရရှိနိုင်မှု
မြေပြင်
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
(မြန်မာ)
Channel 6
ဂြိုဟ်တု
Thaicom 6 78.5°E3711/H/15000
Apstar 7 76.5°E11052/V/30000
စကိုင်းနက်
(မြန်မာ)
Channel 5
အွန်လိုင်းမီဒီယာ
MITVWatch Live

မြန်မာအင်တာနေရှင်နယ် (အင်္ဂလိပ်: Myanmar International Television; mitv ဟု ရေးသား) ရုပ်သံလိုင်းသည် အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် ရုပ်သံလိုင်းတစ်ခုဖြစ်ပြီး ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များ သိရှိစေရန်နှင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေထိုင်နေသော မြန်မာနိုင်ငံသားများအတွက် ရည်ရွယ်ပြီး ထုတ်လွှင့်ပေးနေခြင်းဖြစ်သည်။ ၂၀၀၁ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့မှစ၍ တစ်ကမ္ဘာလုံးသို့ MRTV-3 အမည်ဖြင့် ထုတ်လွှင့်ပေးခဲ့ပြီး ၂၀၁၀ ခုနှစ် မတ်လ ၃၁ ရက်နေ့မှစတင်ကာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် MRTV-3 ရုပ်သံလိုင်း အား ရွှေသံလွင်မီဒီယာကုမ္ပဏီ ဖြင့် ပူးပေါင်းပြီး MI (Myanmar International) အမည်သို့ ပြောင်းလဲထုတ်လွှင့်ခဲ့သည်။ MITV အစီအစဉ်များကို ပြည်တွင်းပရိသတ်များအတွက် နေ့စဉ် နံနက်(၀၉:၀၀)နာရီမှ (၁၁:၀၀)နာရီထိ ထုတ်လွှင့်ပေးပြီး ပြည်ပရှိ ပရိသတ်များအတွက် (၂၄)နာရီပတ်လုံး တစ်ကြိမ်လျှင်(၆)နာရီဖြင့် တစ်ရက်လျှင်(၄)ကြိမ် ပုံမှန်ထုတ်လွှင့်ပေးလျက်ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. MITV Transmission။ 29 September 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၀ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]