မိုင်ဒင်း အမျိုးသားအားကစားကွင်း

ဝီကီပီးဒီးယား မှ
မိုင်ဒင်း အမျိုးသားအားကစားကွင်း
Mỹ Đình National Stadium
(ဗီယက်နမ်: Sân vận động Quốc gia Mỹ Đình)
တည်နေရာဟနွိုင်းမြို့၊ ဗီယက်နမ်
ကိုဩဒိနိတ်21°1′14″N 105°45′49.7″E / 21.02056°N 105.763806°E / 21.02056; 105.763806
ပိုင်ဆိုင်သူဗီယက်နမ်အစိုးရ
ဝင်ဆံ့ပမာဏ၄၀၁၉၂
မျက်နှာပြင်မြက်
တည်ဆောက်ခြင်း
ပန္နက်ရိုက်၂၀၀၂; ၂၂ နှစ် အကြာက (၂၀၀၂)
တည်ဆောက်၂၀၀၂ - ၂၀၀၃
ဖွင့်လှစ်၂ စက်တင်ဘာ ၂၀၀၃; ၂၀ နှစ် အကြာက (၂၀၀၃-၀၉-02)
ပြင်ဆင်၇ စက်တင်ဘာ ၂၀၁၆; ၇ နှစ် အကြာက (၂၀၁၆-၀၉-07)
ကုန်ကျငွေအမေရိကန်ဒေါ်လာ ၅၃သန်း
ဗိသုကာHISG
ငှားရမ်းသူ
ဗီယက်နမ်အမျိုးသားဘောလုံးအသင်း (၂၀၀၃ - ယနေ့ထိ)
ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်း (၂၀၀၃ - ယနေ့ထိ)
Thể Công (၂၀၀၅ - ၂၀၀၈၊ ၂၀၁၀ - ယနေ့ထိ)
Hà Nội FC (၂၀၁၈)
CLB Phù Đổng (၂၀၁၉ - ယနေ့ထိ)

မိုင်ဒင်း အမျိုးသားအားကစားကွင်း (အင်္ဂလိပ်: Mỹ Đình National Stadiumဗီယက်နမ်: Sân vận động Quốc gia Mỹ Đình)သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ ဘက်စုံသုံးအားကစားကွင်းဖြစ်သည်။၄၀၁၉၂ဦး ဝင်ဆံ့ပြီး တိုင်းပြည်၏ ဒုတိယမြောက် အကြီးဆုံးကွင်းဖြစ်သည် ။ ၂၀၀၃ခုနှစ် စက်တင်ဘာလတွင် ဖွင့်လှစ်ခဲ့ပြီး ၂၀၀၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အဓိက ကျင်းပရာနေရာဖြစ်သည်။ ဗီယက်နမ်ဘောလုံးအသင်းများ၏ အိမ်ကွင်းဖြစ်ပြီး နိုင်ငံတကာ ချစ်ကြည်ရေးပွဲများကို လက်ခံကျင်းပလေ့ရှိသည်။ ကွင်း၏ အရှေ့နှင့်အနောက်ဘက် ပွဲကြည့်စင်များကို အမိုးမိုးထားပြီး ဝင်ဆံ့ဦးရေ၏ တစ်ဝက်ကို အမိုး မိုးပေးထားနိုင်ခြင်းဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဗီယက်နမ်နိုင်ငံအတွက် အမျိုးသားအားကစားကွင်းအသစ် ဆောက်လုပ်ရန် အကြံကို ၁၉၉၈တွင် စတင်ခဲ့ကြသည်။[၁]၂၀၀၀ပြည့်နှစ် ဇူလိုင်လတွင် ထိုစဉ်က ဗီယက်နမ်ဝန်ကြီးချုပ်က ကွင်းအသစ်တည်ဆောက်ရေးစီမံကိန်းကို အတည်ပြုခဲ့သည်။ဤသည်မှာ ၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ လက်ခံကျင်းပရေးအတွက်လည်း ရည်ရွယ်သည်။ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၀၂ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၀၃ခုနှစ် ဇွန်လတွင် ပြီးစီးခဲ့ကာ ဩဂုတ်လတွင် မိုင်းဒင်း အမျိုးသားအားကစားကွင်းအဖြစ် အမည်ပေးခဲ့သည်။ ဗီယက်နမ်နိုင်ငံ၏ အမျိုးသားနေ့ဖြစ်သော စက်တင်ဘာလ ၂ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

အတွင်းပိုင်း[ပြင်ဆင်ရန်]

မိုင်ဒင်း အမျိုးသားအားကစားကွင်း

ပွဲကြည့်စင်များ[ပြင်ဆင်ရန်]

ပွဲကြည့်စင် ၄ခုရှိကာ ပွဲကြည့်စင် အေနှင့် ဘီမှာ အရှေ့ဘက်နှင့် အနောက်ဘက်ပွဲကြည့်စင်များဖြစ်သည်။ ထို ပွဲကြည့်စင် ၂ခုအား တန်ချိန် ၂၃၀၀လေးသော အမိုးဖြင့် မိုးထားကာ နှစ်ထပ်ပွဲကြည့်စင်များဖြစ်သည်။ အခြားပွဲကြည့်စင်နှစ်ခုဖြစ်သော စီနှင့် ဒီမှာ တစ်ထပ်ပွဲကြည့်စင်များဖြစ်သည်။ စုစုပေါင်း ၄၀၁၉၂ဦးဝင်ဆံ့ကာ အရေးကြီးပုဂ္ဂိုလ်များအတွက် ခုံပေါင်း ၄၅၀နှင့် သတင်းသမားများအတွက် ၁၆၀ ပါဝင်သည်။

ကွင်း[ပြင်ဆင်ရန်]

မြက်ခင်းပြင်မှာ ၁၅၀မီတာ × ၆၇မီတာရှိပြီး ၎င်းကို ပြေးလမ်း ၈လမ်းပါသော ပတ်လမ်းက ပတ်ထားသည်။

ကိုးကား[ပြင်ဆင်ရန်]