မယ်ရီ စထရိ(ပ်)

ဝီကီပီးဒီးယား မှ
မယ်ရီ စထရိ(ပ်)
၂၀၁၂ အော်စကာ ဆုနှင်းသဘင်၌ တွေ့ရသည့် မယ်ရီ စထရိ(ပ်)
မွေးဖွားMary Louise Streep
၁၉၄၉ ဇွန် ၂၂
စမ်းမစ်၊ နယူးဂျာစီ
အမေရိကန် ပြည်ထောင်စု
အလုပ်အကိုင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၁၉၇၁–လက်ရှိ
အိမ်ထောင်ဖက်(များ)Don Gummer
(m.1978–present; 4 children)
သားသမီး4 (including Mamie Gummer and Grace Gummer)

မယ်ရီ စထရိ(ပ်) (Mary Louise "Meryl" Streep) (၁၉၄၉ ဇွန် ၂၂ ဖွား[၁]) သည် ပြဇာတ်၊ ရုပ်ရှင်နှင့် ရုပ်သံလောကတွင် ကျင်လည်သည့် အမေရိကန် သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များမှစ ယနေ့အထိ သူမ၏ တစ်ခေတ်တစ်ကာလအတွင်း အထူးချွန်ဆုံး အမျိုးသမီးသရုပ်ဆောင်အဖြစ် အသိအမှတ်ပြု ခံရသူဖြစ်သည်။[၂][၃][၄]

မယ်ရီ စထရိ(ပ်)သည် ၁၉၇၁ ခုနှစ်တွင် The Playboy of Seville ပြဇာတ်၌လည်းကောင်း၊ ၁၉၇၇ ခုနှစ်တွင် The Deadliest Season ရုပ်သံဇာတ်လမ်း၌လည်းကောင်း ဗွေဆော်ဦး သရုပ်ဆောင်ခဲ့ပြီး သူမ၏ ပထမဦးဆုံးသော ရုပ်ရှင်ဇာတ်ကားမှာ ၁၉၇၇ ခုနှစ်တွင် ရုံတင်သည့် Julia ဇာတ်ကား ဖြစ်သည်။ ၁၉၇၈ ခုနှစ်၏ The Deer Hunter ဇာတ်ကားနှင့် ၁၉၇၉ ခုနှစ်၏ Kramer vs. Kramer ဇာတ်ကားဖြင့် အော်စကာဆု အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့အဖြစ် စာရင်းဝင်ခဲ့ရာ Kramer vs. Kramer ဇာတ်ကားတွင် သူမ၏ ပထမဦးဆုံးသော အော်စကာဆုကို ရရှိခဲ့သည်။ ၁၉၈၂ ခုနှစ်၏ Sophie's Choice၊ ၂၀၁၁ ခုနှစ်၏ သံမဏိ အမျိုးသမီး (The Iron Lady) ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Happy Birthday, Meryl!rte.ie (2011-06-21)။ 18 December 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 August 2011 တွင် ပြန်စစ်ပြီး။
  2. Santas၊ Constantine (2002)။ Responding to Film။ Rowman & Littlefield‏။ p. 187။ ISBN 0830415807
  3. Hollinger၊ Karen (2006)။ The Actress: Hollywood Acting and the Female Star။ CRS Press။ pp. 94–95။ ISBN 0415977924
  4. The Middle East။ Library Information and Research Service။ 2005။ p. 204။