မန်းဝင်းခိုင်သန်း

ဝီကီပီးဒီးယား မှ

မန်းဝင်းခိုင်သန်း
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့
ပြည်​ထောင်စုဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၆ ဧပြီ ၂၀၂၁
ခန့်အပ်သူပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ
ဒုတိယ သမ္မတ (ယာယီ)
တာဝန်သက်တမ်း
၉ မတ် ၂၀၂၁ – ၁၆ ဧပြီ ၂၀၂၁
ခန့်အပ်သူပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ
ယခင်လူ
ဆက်ခံသူဒူဝါလရှီးလ
တတိယမြောက် ပြည်ထောင်စုလွှတ်တော် နာယက
တာဝန်သက်တမ်း
၈ ဖေဖော်ဝါရီ ၂၀၁၆ – ၁ ဩဂုတ် ၂၀၁၈
လက်ထောက်ဦးအေးသာအောင်
ယခင်လူဦးရွှေမန်း
ဆက်ခံသူဦးတီခွန်မြတ်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၃ ဖေဖော်ဝါရီ ၂၀၁၆ – ၃၁ ဇန်နဝါရီ ၂၀၂၁
လက်ထောက်ဦးအေးသာအောင်
ယခင်လူဦးခင်အောင်မြင့်
အမျိုးသားလွှတ်တော် အမတ်
တာဝန်သက်တမ်း
၃ ဖေဖော်ဝါရီ ၂၀၁၆ – ၃၁ ဇန်နဝါရီ ၂၀၂၁
မဲဆန္ဒနယ်ကရင်ပြည်နယ် မဲဆန္ဒနယ် (၈)
မြဝတီမြို့နယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1952-04-23) ဧပြီ ၂၃၊ ၁၉၅၂ (အသက် ၇၁)
ဟင်္သာတမြို့နယ်ဧရာဝတီတိုင်းမြန်မာနိုင်ငံ
လူမျိုးမြန်မာနိုင်ငံသား ကရင်လူမျိုး
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
သွေးသားတော်စပ်သူမန်းဘခိုင် (အဖိုး)
မိဘမန်းသန်းရှိန်၊ နန့်ခင်ရီခိုင်
ပညာရေးဟင်္သာတမြို့နယ် ယုန်တလင်းရွာအထက်တန်းကျောင်း
မိခင်ကျောင်း ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်
အလုပ်အကိုင်ရှေ့နေ၊ နိုင်ငံရေးသမား
ကိုးကွယ်သည့်ဘာသာခရစ်ယာန်ဘာသာ

မန်းဝင်းခိုင်သန်း (၂၃ ဧပြီ ၁၉၅၂ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမား၊ ရှေ့နေ၊ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် လက်ရှိ အမျိုးသားညီညွတ်ရေး အစိုးရပြည်ထောင်စု ဝန်ကြီးချုပ် ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် မဲဆန္ဒနယ်မြေ ၈ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။[၁][၂][၂][၃][၄] အာဇာနည် ခေါင်းဆောင်ကြီး ဝန်ကြီးမန်းဘခိုင် ၏ မြေးဖြစ်သည်။

ဟင်္သာတမြို့နယ်၊ ယုန်သလင်းရွာအထက်တန်း‌ကျောင်းနှင့် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၇၇ ခုနှစ်မှစ၍ ရှေ့နေလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ် (United Karen Leauge) ပါတီတွင် ကော်မတီဝင်အဖြစ်လည်းကောင်း၊ ဧရာဝတီတိုင်းကျုံပျော်မြို့၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းတွင် ကော်မတီဝင်အဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။[၅]

နိုင်ငံရေးဘဝ[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီမှ မြန်မာနိုင်ငံ၏ ခေတ္တဒုသမ္မတအဖြစ်တာဝန်ထမ်းဆောင်ရန် ခန့်အပ်မှုအရ တာဝန်စတင်ထမ်းဆောင်ခဲ့သည်။[၆][၇]၂၀၂၁ခုနှစ် ၊ဧပြီလ ၁၆ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ မှဖွဲ့စည်းသော အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Myanmar to embark on a new chapter as parliament convenesMizzima။ 24 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 January 2016 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Lun Min Mang။ Meet the Speakers
  3. ANP Riven by Power Politics as New Government’s Term ApproachesThe Irrawaddy
  4. NLD confirms parliament speakers; Nominee for deputy parliament speaker T Khun Myat unclear from opium။ Eleven Myanmar။ 31 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 January 2016 တွင် ပြန်စစ်ပြီး။
  5. ဒုတိယအကြိမ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်း။ အမျိုးသားလွှတ်တော် (၄ ဖေဖော်ဝါရီ ၂၀၁၆)။ ၁၁ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  6. မန်းဝင်းခိုင်သန်း ခေတ္တဒုသမ္မတအဖြစ် CRPH ခန့်အပ် (in my)။ ၁၀ မတ် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  7. မန်းဝင်းခိုင်သန်းကို ဒုတိယသမ္မတအဖြစ် CRPH တင်မြှောက် (in en)။ ၁၀ မတ် ၂၀၂၁ တွင် ပြန်စစ်ပြီး။