မထိုးသွင်းသော လိင်ဆက်ဆံခြင်း

ဝီကီပီးဒီးယား မှ

မထိုးသွင်းသော လိင်ဆက်ဆံခြင်း (Non-penetrative sex or outercourse)ဆိုသည်မှာ လိင်စိတ်ဆန္ဒပြင်းပြနေချိန်တွင် ကျား မျိုးပွားအင်္ဂါကို မ မျိုးပွားအင်္ဂါထဲသို့ မထည့်သွင်းသော လိင်ဆက်ဆံခြင်းကို ဆိုလိုသည်။ ထိုသို့ ဆက်ဆံခြင်းတွင် ဘာဂျာပေးခြင်း(ယောနိအား စုပ်ခြင်း၊နမ်းခြင်း၊ယက်ခြင်း)၊ ကျားလိင်တံစုပ်ခြင်းတို့ ပါဝင်သည်။ စုံတွဲများ လိင်စိတ်ဆန္ဒပြင်းထန်နေချိန်တွင် ကိုယ်ဝန်မရစေရန် ပြုလုပ်ဆက်ဆံသောနည်းဖြစ်သည်။ ကွန်ဒုံးသုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ မိန်းမအင်္ဂါထဲသို့ ယောက်ျားအင်္ဂါမထည့်သွင်းသော ဆက်ဆံနည်းမှန်သမျှကို မထိုးသွင်းသော လိင်ဆက်ဆံခြင်းဟုခေါ်သည်။