ဘောလ်တစ်နိုင်ငံများ

ဝီကီပီးဒီးယား မှ
ဘောလ်တစ်နိုင်ငံများ
နိုင်ငံများအက်စတိုးနီးယားနိုင်ငံ
လတ်ဗီယာနိုင်ငံ
လစ်သူယေးနီးယားနိုင်ငံ
Time zonesUTC+02:00

ဘောလ်တစ်နိုင်ငံများ (ဘောလ်တစ်တိုင်းပြည်များ၊ ဘောလ်တစ် သမ္မတနိုင်ငံများ သို့မဟုတ် ရိုးရှင်းစွာ ဘောလ်တစ်များ) ဆိုသည်မှာ ဥရောပမြောက်ပိုင်း ဘောလ်တစ်ပင်လယ် အရှေ့ဘက် ကမ်းရိုးတန်းတွင် တည်ရှိသော အချုပ်အခြာ အာဏာပိုင်နိုင်ငံ ၃ ခုဖြစ်သော အက်စ်တိုးနီးယားလတ်ဗီးယား နှင့် လစ်သူယေးနီးယား နိုင်ငံတို့၏ အစုအဖွဲ့ကို ရည်ညွှန်းသုံးနှုန်းသော ပထဝီနိုင်ငံရေး အသုံးအနှုန်း ဖြစ်သည်။ အဆိုပါ အသုံးအနှုန်းကို ယဉ်ကျေးမှုရပ်ဝန်းများ၊ အမျိုးသားရေးလက္ခဏာ သို့မဟုတ် ဘာသာစကား အနေနှင့် မသုံးနှုန်းကြပေ။ အကြောင်းမှာ လတ်ဗီးယား နှင့် လစ်သူယေးနီးယား အများစုမှာ ဘောလ်တစ်လူမျိုးများ ဖြစ်သော်လည်း အက်စတိုးနီးယား အများစုမှာ ဖင်းနစ်လူမျိုးများ ဖြစ်ကြသည် ။ အဆိုပါ သုံးနိုင်ငံသည် တရားဝင် ပြည်ထောင်စုတစ်ခု မဟုတ်သော်လည်း အစိုးရနှင့် ပါလီမန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရှိကြသည်။ [၁] သုံးနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးဆုံး ကဏ္ဍများမှာ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ၊ ကာကွယ်ရေး၊ စွမ်းအင်နှင့်သယ်ယူပို့ဆောင်ရေး တို့ဖြစ်ကြသည်။ [၂]

သုံးနိုင်ငံစလုံးသည် နေတိုး ၊ ယူရိုဇုန် နှင့် OECD အဖွဲ့ဝင်များဖြစ်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်များ လည်း ဖြစ်ကြသည်။ ၂၀၂၀ ခုနှစ်မှစ၍ အက်စ်တိုးနီးယား သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တွင်အဖွဲ့ဝင်ဖြစ်လိမ့်မည်။ ဤသုံးနိုင်ငံစလုံးသည် ဝင်ငွေမြင့်မားသောစီးပွားရေး ရှိသော နိုင်ငံများအဖြစ် ကမ္ဘာ့ဘဏ်မှ သတ်မှတ်ထားပြီး အလွန်မြင့်မားသော လူသားဖွံ့ဖြိုးမှုညွှန်းကိန်း ကိုထိန်းသိမ်းထားနိုင်သည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]