ဘောလောကျန်းထော

ဝီကီပီးဒီးယား မှ
Bawlawkyantaw
ဘောလောကျန်းထော
Heir Presumptive of Hanthawaddy
ကာလ၁၃၈၃ – ၁၃၉၀
ရှေ့မင်းဆက်Bawnganmon
Successorဗညားဓမ္မရာဇာ
မွေးဖွားc. ဒီဇင်ဘာ ၁၃၈၃
ပဲခူး၊ ဟံသာဝတီ။
ကွယ်လွန်c. ဧပြီ ၁၃၉၀
ပဲခူး၊ ဟံသာဝတီ။
ခမည်းတော်ရာဇာဓိရာဇ်
မယ်တော်တလမေဒေါ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

ဘောလောကျန်းထော(၁၃၈၃–၁၃၉၀) သည် ဟံသာဝတီ ပဲခူးဘုရင် ရာဇဓိရာဇ်နှင့် တလမည်ဒေါ တို့မှဖွားမြင်သော သားတော်ကြီးဖြစ်သည်။ ဤမင်းသားသည် သူ၏ ကျိန်စာဆန်သော ဆုတောင်းကြောင့် ရာဇဝင်တွင် ထင်ရှားသူဖြစ်သည်။ ဘောလောကျန်းထောသည် သူသည်ခြားနားရန်စိတ်ကူး မရှိခဲ့ပါက မွန်တို့၏ရန်သူ မြန်မာတို့ထံတွင်ဝင်စားကာ မွန်တို့ကို ဒုကခပေးနိုင်သူ ဖြစ်ပါစေရန် ဖခင်၏စီရင်ခြင်း ခံရခါနီးတွင်ဆုတောင်းပြုခဲ့သည်။ ဟံသာဝတီနှင့် အင်းဝနေပြည်တော်မှ လူများသည် အင်းဝဘုရင်မင်းခေါင်၏ သားတော် အိမ်ရှေ့စံမင်းရဲကျော်စွာသည် ဘောလောကျန်းတောဝင်စားသည်ဟု ယုံကြည်ကြသည်။

ဘောလောကျန်းထော၏မိခင် တလမည်ဒေါ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုသည် ရာဇဓိရာဇ်၏ ပယောဂကြောင့်ဖြစ်ရကား ရာဇဓိရာဇ်သည် ဘောလောကျန်းထောထကြွမည်ကို အထူးပင်ကြောင့်ကြခဲ့သည်။ ရာဇဓိရာဇ်ကိုယ်တိုင်သည်လည်း (အရီးတော် မဟာဒေဝီ အကောက်ကြံမှုကြောင့်) ခမည်းတော် ဗညားဦးကို ၁၅နှစ်အရွယ်တွင်ခြားနားခဲ့သူဖြစ်သည်။

သားတော်ဘောလောကျန်းထောကို ၁၃၉၀တွင် စီရင်ခိုင်းချိန်၌ ရာဇဓိရာဇ်သည် ပုသိမ် တွင်ရောက်ရှိနေချိန်ဖြစ်သည်။ သူသတ်သမားတို့သည် ဘောလောကျန်းထောကို ရွှေမော်ဓော ဘုရားသို့ ဆောင်ယူခဲ့ကြသည်။ မင်းသားငယ်သည် သူသတ်တို့ထံမှခွင့်တောင်း၍ အဘိဓမ္မာ တရားကို သုံးရက်တိုင်တိုင်နာယူပြီး မိမိဝတ်သော ခြေကျင်း၊ လက်ကောက်၊ နားဋောင်း၊ ဘယက်တို့ကို ပူဇော်၍ ဤသို့ ဆုတောင်း၏။ "ငါသည် ခမည်းတော်ကိုယင်မ၊ သွေးတစ်ပေါက်သောက်အောင်မျှ ကြံပချေသော် ဤကိုယ်အဖြစ်မှ စုတေ့သော်လည်း ငရဲကြီး ရှစ်ထပ်၊ ငရဲငယ် တစ်ရာ့နှစ်ဆယ့်ရှစ်ထပ်တို့၌သာ ခံရသည်ဖြစ်၍ လာလတ္တံ့သောဘုရားတို့၌ မဖူးမတွေ့ရသည်ဖြစ်စေသော၊ ငါသည် ခမည်းတော်ကို မသင့်မတင်သော အကြံအစည်ကို မကြံပါလျှင်လည်း ဤကိုယ်အဖြစ်မှ စုတေသည်ရှိသော် မြန်မာမင်းတို့၏ ဝမ်း၌ပဋိသန္ဓေနေ၍ ဖွားမြင်၍အရွယ်ရောက်သော် မွန်ပြည်ကို နှိမ်နင်းညှဉ်းဆဲရသည် ဖြစ်စေသော"ဟူ၍ သစ္စာဓိဌာန်ပြုပြီးမှ အဆိပ်သောက်၍သေရလေ၏။

ဤအကြောင်းကို ရာဇဓိရာဇ်ကြားသော် ဆုတောင်းကြီးလှလေသည်ဟု ရွှေမော်ဓောကို ကိုယ်လုံးပြည့်ရွှေချ၍ "ဤအကျိုးကြောင့် ဖြစ်လေရာဘဝ၌ ရန်သူကြံ၍ မဖြစ်နိုင်စေသတည်း" ဟုဆုတောင်းလေ၏။ အင်းဝဘုရင်မင်းခေါင်၏မိဖုရား ရှင်မိနောက် ပဋိသနဓေတည်၍ မွန်ပြည် ဒလမြို့ရှိ သရက်သီး၊ မုတ္တမ မြေသင်းခဲ၊ ပွန်စလိုင် ရေတို့ကို ချင်ခြင်းတပ်သောအခါ ရာဇဓိရာဇ်သည် ဆုတောင်းကို သတိရ၍ လန့်မိလေသည်။ ဘောလောကျန်းထောလွန်ပြီး တစ်နှစ်ခန့်ကြာသော် မင်းရဲကျော်စွာကို ဖွားမြင်လေသည်။ မင်းရဲကျော်စွာသည် အမှန်တကယ်လည်း ရာဇဓိရာဇ်အတွက် အထူးတိုက်ရန်ခက်ခဲသူ တစ်ဦးဖြစ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ပန်းလှ၊ နိုင်။ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း
  2. မှန်နန်းမဟာရာဇဝင်တော်ကြီး၊ သတ္တမတွဲ