ဘီလ်ဘော့ဒ် (မဂ္ဂဇင်း)

ဝီကီပီးဒီးယား မှ
ဘီလ်ဘော့ဒ်
အယ်ဒီတာHannah Karp
ယခင် အယ်ဒီတာများTony Gervino, Bill Werde, Tamara Conniff
ကဏ္ဍဖျော်ဖြေရေး
အကြိမ်အရေအတွက်အပတ်စဉ်
ထုတ်ဝေသူLynne Segall
စုစုပေါင်းစောင်ရေတစ်ပတ်တွင် မဂ္ဂဇင်းစောင်ရေ ၁၇,၀၀၀
တစ်လတွင် လာရောက်ကြည့်ရှုသူပေါင်း (၁၅.၂)သန်း [၁]
တည်ထောင်သူဝီလီယန် ဒေါ်နယ်လ်ဆန် နှင့် ဂျိမ်းစ် ဟနက်ဂန်
တည်ထောင်သည့်နှစ်နိုဝင်ဘာ ၁၊ ၁၈၉၄; ၁၂၉ နှစ် အကြာက (၁၈၉၄-၁၁-01) (ကြော်ငြာဆိုင်းဘုတ်ကြီးများလုပ်ငန်းအဖြစ်)
ကုမ္ပဏီဘီလ်ဘော့ဒ်-ဟောလီးဝုဒ် ရုပ်သံစာနယ်ဇင်းအုပ်စု
(အဲလ်ဒရစ်ချ် စက်မှုလုပ်ငန်း၏ အခွဲ ဗဲလန့်စ် ရုပ်သံစာနယ်ဇင်း)
နိုင်ငံအမေရိကန်ပြည်ထောင်စု
အခြေစိုက်သည့်နေရာနယူးယောက်မြို့
ဘာသာစကားအင်္ဂလိပ်
ဝက်ဘ်ဆိုဒ်billboard.com
ISSN0006-2510

ဘီလ်ဘော့ဒ် (အင်္ဂလိပ်: Billbord) သည်အမေရိကန်ဖျော်ဖြေရေး ရုပ်သံစာနယ်ဇင်းအမှတ်တံဆိပ်ဖြစ်၍ ဘီလ်ဘော့ဒ်-ဟောလီးဝုဒ် သတင်းထုတ်ပြန်ရေး ရုပ်သံစာနယ်ဇင်းအုပ်စု (Billboard-Hollywood Reporter Media Group) မှပိုင်ဆိုင်သည်။ ၎င်းအုပ်စုကို အဲလ်ဒရစ်ချ် စက်မှုလုပ်ငန်းစု(Eldridge Industries)မှ ပိုင်ဆိုင်သည်။ ဘီလ်ဘော့ဒ်သည် သတင်း၊ ရုပ်သံ၊ အမြင်၊ ဝေဖန်သုံးသပ်ချက်၊ ပွဲ၊ ဖက်ရှင် စသည်တို့ပါဝင်သော အကြောင်းအရာများကို ထုတ်ဝေသည်။ ဘီလ်ဘော့ဒ် လက်ရှိရေပန်းစားသောသီချင်းများ(၁၀၀)၊ ဂီတပုံစံမျိုးစုံမှ ရေပန်းအစားဆုံးသီချင်းများ၊ တေးအခွေများကို ခြေရာကောက်ထားသော ဘီလ်ဘော့ဒ် သီချင်းများ(၂၀၀) အပါအဝင် ဘီလ်ဘော့ဒ် ဂီတအကဲဖြတ်ဇယား (Billboard charts)များကြောင့် ထင်ရှားသည်။ ဘီလ်ဘော့ဒ်သည် ပွဲများကျင်းပခြင်း၊ ထုတ်ဝေရေးလုပ်ငန်းတစ်ခုပိုင်ဆိုင်ခြင်း၊ ရုပ်သံအစီအစဉ်အချို့တင်ဆက်ခြင်းတို့လည်း ဆောင်ရွက်သည်။

ဘီလ်ဘော့ဒ်ကို ၁၈၉၄တွင် ဝီလီယန် ဒေါ်နယ်လ်ဆန်(William Donaldson )နှင့် ဂျိမ်းစ် ဟနက်ဂန်(James Hennegan )တို့က စတင်တည်ထောင်ခဲ့သည်။ စတင်ချိန်၌ ဘီလ်ပိုစတာများအတွက် စာနယ်ဇင်းထုတ်ဝေခြင်းပုံစံအဖြစ် တည်ရှိခဲ့သည်။ နောက်ပိုင်းတွင် ဒေါ်နယ်လ်ဆန်က ဟနက်ဂန်၏ လုပ်ပိုင်ခွင့်ကို ဒေါ်လာ (၅၀၀)ဖြင့် ရယူနိုင်ခဲ့သည်။ (၂၀)ရာစု အစောပိုင်းတွင် ဘီလ်ဘော့ဒ်သည် ဆပ်ကပ်ပွဲများ၊ ပွဲလမ်းသဘင်များ၊ ဖော်ချွတ်ကပွဲများ (burlesque shows) စသည်တို့ကို လွှမ်းခြုံဖော်ပြခဲ့ပြီး နယ်လှည့်ဖျော်ဖြေရေးသမားများအတွက် စာပို့စနစ်ကိုလည်း တီထွင်ခဲ့သည်။ ဘီလ်ဘော့ဒ် သည် အကြွေစေ့ထည့်၍ သီချင်းဖွင့်သောစက် (jukebox)၊ ဓာတ်ပြားစက်(phonograph)၊ ရေဒီယိုများ အသုံများလာသည့်အခါ ဂီတလုပ်ငန်းပိုင်းသို့ ပို၍အာရုံစိုက်လာခဲ့သည်။ ၎င်းရေးသားတင်ပြသော ခေါင်းစဉ်အများအပြားကို အမျိုးမျိုးသော မဂ္ဂဇင်းများခွဲ၍ ထုတ်ဝေခဲ့သည်။ အကြောင်းမှာ ဘီလ်ဘော့ဒ်သည် ဂီတနယ်ဘက်ကို ပိုမိုအာရုံစိုက်နိုင်ရန်ဖြစ်၏။ ဒေါ်နယ်လ်ဆန် ၁၉၂၅တွင် ကွယ်လွန်၍ ဘီလ်ဘော့ဒ်သည် ၎င်းသားသမီးများနှင့် ဟနက်ဂန်၏သားသမီးများလက်ထဲရောက်ရှိခဲ့၏။ ၁၉၈၅တွင် ပုဂ္ဂလိကရင်းနှီးမြှပ်နှံသူများထံရောင်းချခဲကြပြီး ထိုအချိန်မှစ၍ အဖွဲ့အမျိုးမျိုးက ပိုင်ဆိုင်ခဲ့ကြသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. Media KitBillboard။ 6 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 15, 2016 တွင် ပြန်စစ်ပြီး။