ဘိုး

ဝီကီပီးဒီးယား မှ
ဘိုး၏ အစိတ်အပိုင်းလိုက် အခေါ်အဝေါ်များ

ဘိုး (အင်္ဂလိပ်: bolt) သည် အရစ်ဖော်ထားသော တွဲဆက်ပစ္စည်း (fastener) ဖြစ်ပြီး အပြင်ရစ် အဖိုသွားများ ပါသည်။ ဝက်အူနှင့် သဘောတရား နီးစပ်သည်။

ဘိုးနှင့် ဝက်အူ[ပြင်ဆင်ရန်]

ဘိုးနှင့် ဝက်အူမှာ အသွင်တူပြီး အသုံးသာ ကွဲသည်။ ဘိုး၏ အလုပ်မှာ အရစ်မပါသော ပစ္စည်းငယ် (component) များကို နပ်အကူအညီနှင့် တွဲပေးရန် ဖြစ်သည်။ ဝက်အူမှာမူ အရစ်ပါသော ပစ္စည်းငယ်ကို အရစ်မပါသော ပစ္စည်းငယ်နှင့် တွဲပေးသည်။

ဘိုးနှင့် ဒေါင်လိုက်ဆက်ထားပုံ
ဝက်အူနှင့် ဆက်ထားပုံ


ဘိုးကို ဘိုးဆက် (bolted joint) အဖြစ် သုံးလေ့ရှိသည်။ ဘိုးနှင့်နပ်ကို တွဲကာ ညှပ်အားယူပြီး ဘိုး၏ ကိုယ်ထည်ကို ထိုးပင် (dowel) အနေနှင့် သုံးခြင်း ဖြစ်သည်။ ထိုသို့သုံနိုင်ရန်လည်း ဘိုးများတွင် အသွားမဖော်သော ကိုယ်ထည်ကို ထည့်ပေးထားသည်။ ထိုအပိုင်းကို ဆုပ်သွား (grip length) ဟု ခေါ်သည်။ ထိုအပိုင်းပါမပါ ကြည့်ကာ ဘိုးနှင့်ဝက်အူကို ခွဲသည်လည်း ရှိသည်။

ဘိုးခေါင်း[ပြင်ဆင်ရန်]

ဝက်အူကဲ့သို့ပင် ဘိုးများသည်လည်း ခေါင်းပုံစံ အများအပြား ရှိသည်။ အသုံးများပုံစံတို့မှာ ခြောက်ထောင့် (hex)၊ မြောင်းပါခြောက်ထောင့် (slotted hex) နှင့် အခွက်ဖော်ခေါင်း (socket cap) တို့ ဖြစ်သည်။