ဘာသာမဲ့ အယူဝါဒ

ဝီကီပီးဒီးယား မှ

ဘာသာမဲ့ဆိုသည်မှာ ကိုးကွယ်သည့် ဘာသာ မရှိသူများကိုဆိုလိုသည်။ မည်သည့်ဘာသာကိုမှမကိုးကိုယ်ခြင်းအပြင်တန်ခိုးရှင်ဝါဒ အပေါ် မဝပ်တွားတတ်သူများနှင့်အကြွင်းမဲ့မယုံကြည်တတ်သူများသည်ဘာသာမဲ့ဝါဒီများဖြစ်သည် ဘာသာမဲ့သည်အယူဝါဒမဟုတ်ပဲ အယူဝါဒီ တစ်ခုမျှသာဖြစ်သည် သို့သော် ခံယူချက်တူသူများဖြင့် အစုအအဖွဲ့သဘောမျိုး လည်းရှိသည် ထို့အပြင် ဘာသာမဲ့ဝါဒီ သမား အများစုသည် သိပ္ပံ သမားများဖြစ်ကြပြီး သဘာဝလက်တွေ့အပေါ် တွင်အဓိကအလေးထားတတ်သူများဖြစ်ကြသည် သူတို့သည်အယူဝါဒ တစ်မျိုးမျိုး၏ လွမ်းမိုးခြယ်လှယ်မှုမှလွတ်မြောက်သူများအဖြစ်လည်း ခံယူတတ်ကြသည် ထို့အပြင်လူသားတို့၏ ပန်းတိုင်သည် ဘာသာတရားမဟုတ်ဟုရှုမြင်တတ်ကြပြီး လူသည်မွေးဖွားစဉ်ကာစတွင်မည်သည့်ဘာသာအယူဝါဒကိုကိုး ကွယ်သည်ဟုဟုတံဆိပ်တပ်ပါလာသူမျိုးမရှိပဲ မွေးဖွားရာနေရာဒေသနှင့် ပတ်ဝန်းကျင်၏သင်ကြားမှုမှတဆင့် သိနားလည်သည့်အရွယ်ရောက်လာသည့်တိုင် သူ၏မှတ်ဉာဏ်တွင်းသို့အကြောင်းအမျိုးမျိုးဖြင့်အသွတ်သွင်းခံခဲ့ရသည်ဟုသိရှိမိသူဟုတစ်မျိုးဆိုနိုင်သည် ယင်းတို့သည် မည်သည့်ဘာသာကိုမျှ ယုံကြည်ခြင်းမရှိဘဲ၊ ကမ္ဘာတွင် ရှိသည့် ဘာသာများသည် လူများမှ ဖန်တီးတီထွင်ထားခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ဘာသာအယူဝါဒအတော်များများသည် ရုပ်(ကိုယ်)ထက် နာမ်(စိတ်ဝိညာဏ်)အား ပိုအလေးထားတတ်ကြသည် ဘာသာမဲ့များမှာမူ အချို့သည်ကလည်း စိတ်သည်အဓိက ဟုမှတ်ယူတတ်ကြသူများရှိသလို အချို့လည်းရုပ်ကိုပိုဦးစားပေး၍ အချို့မှာမူ ရုပ်လည်းအဓိကမဟုတ်သလို စိတ်သည်လည်းအဓိကမဟုတ်ဟုယူဆသူအမျိုးမျိုးရှိတတ်သည် အဓိကအားဖြင့်ဘာသာမဲ့အမျိုးအစားနှစ်မျိုးရှိသည်ဟုရေတွက်နိုင်သည် ပထမတမျိုးမှာဘုရားတစ်မျိုးမျိုး(သို့)ဘုရားများအားလက်ခံမှုရှိသောဘုရားရှိဝါဒနှင့် မည်သည့် ဘုရားအမျိုးအစားကိုမျှလက်ခံသည့်သူမျိုးမဟုတ်သည့်ဘုရားမဲ့ဝါဒ ဟူ၍ဖြစ်သည် ဘုရားရှိဘာသာမဲ့များသည် ဘာသာတရားနှင့်ဘုရားသည် ငြိမ်းချမ်းမှုကိုပေးသည်ဟုလက်ခံတတ်ကြပြီး ဘုရားမဲ့ဘာသာမဲ့များသည် ဘာသာတရားနှင့်ဘုရားသည် ငြင်းခုံမှုပြုတတ်ကြပြီး ဘာသာတရားနှင့်ဘုရားသည် ငြိမ်းချမ်းမှုထက်တိုက်ခိုက်မှုကို ပို၍ဦးတည်ဟုရှုဟုမြင်တတ်ကြသည် ဥပမာအားဖြင့်ဆိုရလျင် ဘုရားပေးသောစစ်ပွဲဆိုသောအသုံးအနှုန်းမျိုးအားဆိုလိုသည် ဘာသာမဲ့များသည်ဘာသာရှိများပြန်ဖြစ်လာနိုင်သလားဟုဆိုရသော်ပထမအမျိုးအစားမှာမူ ဘာသာရှိပြန်ဖြစ်လာနိုင်သော်ငြား ဒုတိယအမျိုးအစားမှာမူ သူတို့၏ယုံကြည်မှုသည် အသက်သေးဆုံးသည့်တိုင်အောင်ခိုင်မြဲသည်ဟု သိရှိရသည်

ဘာသာမဲ့ အမျိုးအစားများ[ပြင်ဆင်ရန်]

  1. Non-Religious= ဘာသာရေးကို လုံးဝစိတ်မဝင်စား သူ
  2. Agnostic= ဘာသာရေးက အမှန်တရားတွေ ကို လူ မသိနိုင်ဟုခံယူသူ
  3. Sceptic= ဘာသာရေးက အမှန်တရားတွေ ကို သံသယ ပွားသူ
  4. Atheist/Anti-theist= ဖန်ဆင်းရှင် ဘုရားသခင် တည်ရှိမှုကို အယုံအကြည် မရှိသူ
  5. Deist= ဖန်ဆင်းရှင် ဘုရားသခင် ကို လက်ခံ သော်လည်း ဘုရားသခင် စောင့်ရှောက်မှု ကို လက်မခံသူ
  6. Anti-Religious/Irreligious= ဘာသာရေး စံနစ်ဟူသမျှကို ဆန့် ကျင်တိုက်ခိုက်သူ
  7. Apatheist= ဘာသာရေး နှင့် လူဘဝ မသက်ဆိုင် ဟု ခံယူသူ
  8. Materialist= ရုပ် အခြေခံ ပဓာန ဝါဒီ
  9. Reductionist/Emergentist= စိတ် သည် ရုပ်မှ ဆင့် ပွားပေါ်ထွက်သည် ဟုခံယူသူ
  10. Naturalist= သဘာဝတ္တဝါဒီ
  11. Pantheist = ဘုရားသခင် နှင့် သဘာဝတရား ကို ထပ်တူပြု လက်ခံသူ
  12. Individualist= မိမိ ကိုယ်သာ ကိုးကွယ်သူ(ကိုးကားချက်လို)
  13. Ethical Egoist= မိမိ ကိုယ်ကို ဗဟိုပြုသူ
  14. Suitheist= မိမိ ကိုယ်ကို ဘုရားသခင်ဟုလက်ခံသူ
  15. Humanist= လူသား ဗဟိုပြု ဝါဒီ
  16. Ignostic= ဘာသာရေးက အမှန်တရားတွေကို တိတိကျကျ ယတိပြတ် မဆုံးဖြတ်နိုင်သူ
  17. Anti-Clerical= ဘာသာရေး အင်စတီကျုရှင်း များကို အယုံအကြည် မရှိသူ
  18. Post-Theist= ဘာသာရေးခေတ် ကုန်ုပြီဟု ခံယူသူ
  19. Constructivist= ဘာသာရေး ဟူသည် ယဉ်ကျေးမှု စနစ်ရဲ့ ထုတ်ကုန်လို့ မြင်သူ
  20. Mystic= အဆုံးစွန်အမှန်တရားဟူသည် ဘာသာရေး အင်စတီကျုရှင်း များ ကို ကျော်လွန်တည်ရှိ နေသည် ဟုခံယူသူ

ကိုးကား[ပြင်ဆင်ရန်]