ဘလက်ပင့်

ဝီကီပီးဒီးယား မှ
ဘလက်ပင့်ခ်
ဘလက်ပင့် အဖွဲ့သားများ (၂၀၂၁)
ဝဲမှယာ - ဂျီဆူး၊ ဂျန်းနီ၊ ရိုဇယ်နှင့် လီဆာ
ကိုယ်ရေး အချက်အလက်များ
ဒေသခံအမည်BLACKPINK
မူလတိုင်းပြည်ဆိုးလ်မြို့တောင်ကိုရီးယား
ဂီတဟန်
တက်ကြွသည့်နှစ်များ၂၀၁၆ (၂၀၁၆)–present
တေးသံသွင်း ကုမ္ပဏီ
  • YG
  • YGEX
  • Interscope
ဝက်ဘ်ဆိုက်
လက်ရှိအဖွဲ့ဝင်များ
ဘလက်ပင့်ခ် တံဆိပ်

ဘလက်ပင့် (အသံထွက်: ဘလက်ပင့်ခ်) (ကိုရီးယား: 블랙핑크BLACKPINK သို့ BLΛƆKPIИK ဟုဖော်ပြ) သည် YG Entertainment မှ ဖွဲ့စည်းထားသည့် တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ ဖြစ်သည်။ အဖွဲ့ဝင်များအဖြစ် ဂျီဆူးဂျန်းနီရိုဇယ်နှင့် လီဆာတို့ ပါဝင်ကြသည်။ ပွဲဦးထွက် တေးစီးရီး Square One ကို ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် စတင်ဖြန့်ချိခဲ့သည်။ အဆိုပါခွေမှ Whistle နှင့် BOOMBAYAH သီချင်းတို့မှာ တောင်ကိုရီးယား 'Gaon Digital' Chart နှင့် 'Billboard World Digital Song Sales Chart' တို့၌ နံပါတ်တစ် ချိတ်ခဲ့သည်။

၂၀၂၀ခုနှစ်၊ မေလ ၈ရက်တွင် လေဒီဂါဂါနှင့်အတူ တွဲဖက်ဖန်တီးထားသော Sour Candy သီချင်းထွက်ရှိခဲ့ပြီး ထိုသီချင်းမှာ Billboard(ဘေဘုတ်) Hot 100 ၌ နံပါတ် ၃၃ ‌နေရာချိတ်ခဲ့သည့်အပြင် ဘလက်ပင့်ခ်၏ Comeback သီချင်းဖြစ်သည့် How You Like That သည်လည်း Billboard(ဘေဘုတ်) Hot 200 တွင် ပါဝင်ခဲ့သည်။ ထို့အပြင် ၂၀၁၉ခုနှစ်၊ ဧပြီလ ၅ရက်နေ့တွင် ထွက်ရှိခဲ့သည့် Kill This Love သီချင်းသည်လည်း Billboard(ဘေဘုတ်) Hot 100 တွင် နံပါတ် ၂၄ နေရာချိတ်ခဲ့သည်။ ဘလက်ပင့်ခ်သည် Billboard ၌ အမြင့်ဆုံးချိတ်ခဲ့သည့် ပထမဦးဆုံး ကိုရီးယားမိန်းကလေးအဆိုတော်အဖွဲ့ ဖြစ်သည်။[၁]

ဘလက်ပင့်ခ်သည် 'Billboard's World Digital Song Sales Chart' တွင် သုံးကြိမ်တိုင်တိုင် ထိပ်ဆုံးနေရာ၌ ရပ်တည်ခဲ့သည်။ ၂၀၁၈ခုနှစ်၊ ဇွန်လ ၁၅ရက်နေ့တွင် ထွက်ရှိခဲ့သည့် Ddu Du Ddu Du သီချင်းမှာလည်း ယူကျူ့(Youtube) တွင် ကြည့်ရှုသူအများဆုံး ဗီဒီယိုများအနက် တစ်ခုဖြစ်ခဲ့သည့်အပြင် 'Recording Industry Association of America (RIAA)' မှပေးအပ်သည့် အသိအမှတ်ပြုလက်မှတ် ကိုလည်း ပထမဆုံးလက်ခံရရှိခဲ့သည့် ပထမဦးဆုံး ကိုရီးယားမိန်းကလေးအဆိုတော်အဖွဲ့ ဖြစ်လာသည်။[၂] ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၁၈ရက်၌ ထွက်ရှိခဲ့သည့် ဒူအာ လီပါနှင့် ပူးပေါင်းသီဆိုထားသော Kiss and Make Up သီချင်းဖြင့်လည်း 'British_Phonographic_Industry (BPI)' မှပေးအပ်သည့် အသိအမှတ်ပြုလက်မှတ်ကို ရရှိသော ပထမဦးဆုံး ကိုရီးယားမိန်းကလေးအဆိုတော်အဖွဲ့ ဖြစ်လာသည်။[၃] ထို့အပြင် Australian Recording Industry Association (ARIA) မှ 'ပလက်တီနမ် အသိအမှတ်ပြုလက်မှတ်' ကို ရရှိသော ပထမဆုံး ကိုရီးယားသီချင်းပိုင်ရှင်များလည်း ဖြစ်လာခဲ့ကြသည်။[၄]

Kill This love (၂၀၁၉)၊ How you like that (၂၀၂၀)၊ ဆလီနာဂိုမက်ဇ်နှင့်အတူ သီဆိုထားသည် Ice cream (၂၀၂၀) သီချင်းသုံးပုဒ်မှာ Youtube(ယူကျူ့) ၌ ၂၄နာရီအတွင်း လူကြည့်အများဆုံး သီချင်းဗီဒီယိုအဖြစ် စံချိန်ချိုးခဲ့သည်။ ဘလက်ပင့်ခ်သည် Youtube(ယူကျုူ့) တွင် သီချင်းဗီဒီယိုကြည့်ရှုမှု ၁ ဘီလီယံ (၁,၀၀၀,၀၀၀,၀၀၀) ရှိသည့် ပထမဦးဆုံး မိန်းကလေးအဆိုတော်အဖွဲ့ဖြစ်ပြီး ဂရင်းနစ်စံချိန်များကိုလည်း ချိုးနိုင်ခဲ့သေးသည်။[၅] Kill This Love မှာ ထွက်ရှိပြီး ၁နှစ်နှင့် ၅လခန့်အကြာတွင် ယူကျူ့ ၌ သီချင်းဗီဒီယိုကြည့်ရှုမှု ၁ဘီလီယံ ပြည့်သွားခဲ့သည်။ ဘလက်ပင့်ခ် အနေဖြင့် Youtube(ယူကျူ့) တွင် Subscribe အများဆုံးလုပ်ခံရသည့် ကိုရီးယားမိန်းကလေးအဆိုတော်အဖွဲ့ ဖြစ်ပြီး ကိုရီးယား ကြည့်ရှုမှု ၁ ဘီလီယံ (၁,၀၀၀,၀၀၀,၀၀၀) ရှိသည့် သီချင်းဗီဒီယို‌ေခြာက်ခုအထိ ပိုင်ဆိုင်ထားသည့် ပထမဦးဆုံး အဆိုတော်အဖွဲ့ ဖြစ်သည်။[၆][၇][၈]

အနုပညာခရီးလမ်း[ပြင်ဆင်ရန်]

၂၀၁၀–၂၀၁၆: အဖွဲ့တည်ထောင်ခြင်းနှင့် ပွဲဦးထွက်မတိုင်မီပြင်ဆင်မှုများ[ပြင်ဆင်ရန်]

ဘလက်ပင့်ခ်၏ ပွဲဦးထွက်အတွက် ကြိုတင်ပြင်ဆင်မှုများကို ၂၀၁၁ခုနှစ် အစောပိုင်းကတည်းက စတင်ခဲ့ပြီး YG Entertainment မှ ၂၀၁၁ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ၎င်းတို့၏ မိန်းကလေးအဖွဲ့သစ်သည် ၂၀၁၂ ခုနှစ်အစောပိုင်းတွင် ပွဲဦးထွက်လိမ့်မည်ဖြစ်ပြီး အနည်းဆုံး အဖွဲ့ဝင်ခုနစ်ဦး ပါဝင်မည်ဟု ပြောဆိုခဲ့သည်။[၉] သို့သော် အမျိုးသမီးအဖွဲ့သစ် ပွဲဦးထွက်ရန် များစွာ နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့ပြီး ၂၀၁၆ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် YG Entertainment မှ ၎င်းတို့ အသစ်ဖွဲ့စည်းမည့် မိန်းကလေးအဖွဲ့အသစ်သည် မူလစီစဉ်ထားသော ကိုးယောက်အစား အဖွဲ့ဝင်လေးဦးသာ ပါဝင်မည်ဖြစ်ပြီး အဖွဲ့အမည်မှာ ဘလက်ပင့်ခ် ဖြစ်ကြောင်း တစ်ဖန် တရားဝင်ထုတ်ဖော်ပြောဆိုခဲ့သည်။[၁၀] ဘလက်ပင့်ခ်၏ ပထမဆုံး အကလေ့ကျင့်မှုဗီဒီယိုကို ဇူလိုင်လ ၆ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး လူအများအာရုံစိုက်မှုကို ရရှိခဲ့သည်။ YG Entertainment က ဘလက်ပင့်ခ်၏ ပွဲဦးထွက်ကို ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် ပြုလုပ်မည်ဟု အတည်ပြုခဲ့သည်။[၁၁]

၂၀၁၆–၂၀၁၈: ပွဲဦးထွက်နှင့် နာမည်ကျော်ကြားလာခြင်း[ပြင်ဆင်ရန်]

ဘလက်ပင့်ခ်ပွဲဦးထွက်အတွက် ပရိုမိုးရှင်းအနေဖြင့် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လပထမအပတ်၌ Teaser ပုံများ၊ ဗွီဒီယိုများနှင့် ကြော်ငြာများဖြန့်ချိခဲ့သည်။[၁၂] ဘလက်ပင့်ခ်မှာ YG Entertainment လက်အောက်မှ ပထမဆုံးအကြိမ် စတင်ဖွဲ့စည်းသည့် ပထမဆုံးမိန်းကလေးအဆိုတော်အဖွဲ့ဖြစ်ပြီး[၁၃] ၎င်းတို့၏ ပထမဆုံး ဆင်ဂယ်အယ်ဘမ်ဖြစ်သော Square One ကို ၂၀၁၆ခုနှစ်၊ ဩဂုတ်လ ၈ ရက်တွင် စတင်ဖြန့်ချိခဲ့သည်။ ပွဲဦးထွက်အပြီး ၁၃ ရက်အကြာတွင် တေးဂီတအစီအစဉ် Inkigayo တွင် ပထမနေရာကိုဆွတ်ခူးနိုင်ခဲ့ပြီး ပွဲဦးထွက်ပြီးနောက် တေးဂီတအစီအစဉ်တွင် မိန်းကလေးအဖွဲ့တစ်ဖွဲ့အတွက် အမြန်ဆုံးပထမရရှီသည့်စံချိန်ကို ချိုးခဲ့သည်။ ဘလက်ပင့်ခ်၏ အနုပညာသက်တမ်း ပထမငါးလအတွင်း အောင်မြင်မှုကြီးမားခဲ့ပြီး ကိုရီးယားဂီတဆုပေးပွဲကြီးများတွင် လူသစ်ဆုများစွာ ရရှိခဲ့သည်။[၁၄]

ဆိုးလ် ဂီတဆုပေးပွဲ (၂၀၁၈) သို့ ဘလက်ပင့်ခ်အဖွဲ့မှ တက်ရောက်ဆုယူစဉ်

၂၀၁၇ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်နေ့တွင် ဘလက်ပင့်ခ်မှ ၎င်းတို့၏ ဖန်ကလပ်အမည်ကို BLINK(ဘလင့်ခ်) ဟု အမည်ပေးခဲ့သည်။ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့တွင် သူတို့၏ ထွက်ရှိပြီးသောသီချင်းများကို ဂျပန်ဘာသာဖြင့် ပြန်ဆိုကာ ဘလက်ပင့်ခ်ဂျပန်ပွဲဦးထွက်ကို ပြုလုပ်ခဲ့သည်။

၂၀၁၈–ယခုအထိ: နိုင်ငံတကာသို့ ထိုးဖောက်ဝင်ရောက်လာခြင်း[ပြင်ဆင်ရန်]

၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် Square Up အမည်ဖြင့် ၎င်းတို့၏ ပထမဆုံးအီးပီကို ဖြန့်ချိခဲ့ပြီး အဆိုပါ အီးပီတွင်ပါဝင်သည့် Ddu-Du Ddu-Du သီချင်းသည် ယူကေရှိ Official Trending Chart တွင် နံပါတ် ၁၇ ဖြင့် ပွဲဦးထွက်ခဲ့ရာ ၎င်းတို့သည် ၂၀၁၆ ခုနှစ်တွင် အဆိုပါ Chart သို့ ပထမဆုံးဝင်ရောက်ခဲ့သည့် ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ ဖြစ်လာခဲ့သည်။[၁၅] Square Up သည် ဘလက်ပင့်ခ်အား Billboard (ဘေဘုတ်) Chart တွင် ပထမဆုံးအနေဖြင့် ဝင်ရောက်နိုင်စေခဲ့ပြီး Chart တွင်အမြင့်ဆုံးနေရာယူနိုင်သည့် ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ ဖြစ်လာစေခဲ့သည်။

ဘလက်ပင့်အဖွဲ့ဝင်များ (၂၀၂၀)

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် YG Entertainment က နိုင်ငံတကာပူးပေါင်းမှုတစ်ခုအနေဖြင့် Interscope Records နှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ဘလက်ပင့်ခ်အဖွဲ့၏ အာရှပြင်ပလှုပ်ရှားမှုများအတွက် Interscope နှင့် Universal Music Group တို့က ကိုယ်စားပြု တာဝန်ယူရမည်ဖြစ်သည်။[၁၆] ဘလက်ပင့်ခ်သည် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၂ ရက်နှင့် ၁၉ ရက်တို့တွင်၂၀၁၉ ကောချယ်လာပွဲတော်တွင် ဖျော်ဖြေခဲ့ပြီး အဆိုပါပွဲတော်တွင် ဖျော်ဖြေခွင့်ရသည့် ပထမဆုံးအမျိုးသမီးကေပေါ့ပ်အဖွဲ့ ဖြစ်လာခဲ့သည်။[၁၇] ၎င်းတို့၏ ပထမဆုံးကိုရီးယားအယ်လ်ဘမ် ဖြစ်လာည့် The Album ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။[၁၈] ဘလက်ပင့်ခ်သည် The Album နှင့်အတူ ပထမဆုံးရောင်းအားသန်းချီရှိခဲ့သည့် ကေပေါ့ပ်မိန်းကလေးအဖွဲ့ ဖြစ်လာပြီး ထွက်ရှိပြီးတစ်လခန့်အကြာတွင် ကော်ပီ ၁.၂ သန်းခန့်ရောင်းချခဲ့ရခြင်း ဖြစ်သည်။[၁၉] အဖွဲ့ရဲ့ ပထမဆုံးမှတ်တမ်းရုပ်ရှင် ဖြစ်သည့် Blackpink : Light Up the Sky ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့၌ Netflix တွင် ပြသခဲ့သည်။ ဒီဇင်ဘာ ၂ ရက်နေ့တွင် ဘလက်ပင့်ခ်၏ ပထမဆုံး Livestream ဖျော်ဖြေပွဲအတွက် YouTube Music နှင့် ပူးပေါင်း၍ ပြုလုပ်မည့်အကြောင်း ကြေညာခဲ့ပြီး “ The Show” ဟုအမည်ပေးထားသော အဆိုပါတိုက်ရိုက်ထုတ်လွှင့်မှုကို ကနဦးတွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့၌ ကျင်းပရန်စီစဉ်ထားသော်လည်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်သို့ပြန်လည်ရွှေ့ဆိုင်းခဲ့ရသည်။[၂၀]

Blackpink၏ "Born Pink" albumသည် သမိုင်းဝင်စံချိန်တွေ မြောက်မြားစွာ ချိုးဖျက်ခဲ့ပြီး နာမည်ကြီးစံချိန်တွေအဖြစ်

ထွက်ရှိပြီးသီချင်းများ[ပြင်ဆင်ရန်]

စတူဒီယို အယ်ဘမ်[ပြင်ဆင်ရန်]

  • Blackpink In Your Area (Japanese) (၂၀၁၈)
  • The Album (၂၀၂၀)
  • Born Pink (2022)

လိုက်ဖ် အယ်ဘမ်[ပြင်ဆင်ရန်]

  • Blackpink Arena Tour 2018 "Special Final In Kyocera Dome Osakaဓ (၂၀၁၈)
  • Blackpink 2018 Tour 'In Your Area' Seoul (၂၀၁၈)
  • Blackpink 2019-2020 World Tour In Your Area - Tokyo Dome (၂၀၁၈)
  • Blackpink 2021 'The Show' Live (၂၀၂၀)

ဆင်ဂယ် အယ်ဘမ်[ပြင်ဆင်ရန်]

  • Square One (၂၀၁၆)
  • Square Two (၂၀၁၆)
  • Ddu-Du Ddu-Du (Japanese) (၂၀၁၈)
  • How You Like That (၂၀၂၀)

အီးပီ[ပြင်ဆင်ရန်]

  • Blackpink (Japanese) (၂၀၁၇)
  • Square Up (၂၀၁၈)
  • Kill This Love (၂၀၁၉)
    .
    ဘွန်းပင့်ခ်

ကိုးကားချက်များ[ပြင်ဆင်ရန်]

  1. Zellner, Xander (June 27, 2018). "Blackpink Is First All-Female K-Pop Group to Top Emerging Artists Chart". Billboard. Retrieved July 8, 2020.
  2. Herman, Tamar (August 3, 2019). "Blackpink Receive First RIAA Certification for 'Ddu-Du Ddu-Du'". Billboard. Archived from the original on November 4, 2020. Retrieved July 9, 2020.
  3. McIntyre, Hugh (March 17, 2020). "BTS's 'Boy With Luv' Is Just The Fifth Korean Single To Be Certified in the U.K." Forbes. Archived from the original on October 30, 2020. Retrieved July 9, 2020.
  4. "Blackpink Raih Platinum di Australia untuk Single Kiss and Make Up". tirto.id (in Indonesian). Retrieved July 14, 2020
  5. "Blackpink's return sets new YouTube records with How You Like That". Guinness World Records. June 30, 2020. Archived from the original on July 1, 2020. Retrieved September 5, 2020.
  6. "Blackpink's 'Kill This Love' surpasses 1 billion views on YouTube". koreajoongangdaily.joins.com. Retrieved September 5, 2020.
  7. McIntyre, Hugh (April 23, 2021). "Blackpink's 'As If It's Your Last' Music Video Reaches One Billion Views On YouTube". Forbes. Retrieved April 30, 2021.
  8. "Blackpink's 'Boombayah' reaches 1 billion views on YouTube, group's third MV to achieve feat". Manila Bulletin. October 13, 2020.
  9. "Super Star K2's Kim Eun-bi To Debut As YG Entertainment Group". KBS World. November 11, 2011.
  10. Hye-seong, Gil (June 29, 2016). "YG新걸그룹은 4인조 '블랙핑크'..최종멤버 이미 밝힌 4인". Star News (in Korean).
  11. Jin, Min-ji (July 29, 2016). "YG's new group BlackPink debuts in August". Korea JoongAng Daily.
  12. 기자, 박소영 (August 8, 2016). "YG의 청초꽃 떴다"..블랙핑크 지수, 개인 포스터 공개". Osen (in Korean).
  13. Yu-young, Kim (August 9, 2016). "YG Entertainment unveils K-pop group Blackpink". Kpop Herald. .
  14. Herman, Tamar (December 21, 2016). "10 Best New K-Pop Groups in 2016". Billboard.
  15. Copsey, Rob. "Years and Years' If You're Over Me hits Number 1 on the Official Trending Chart". Official Charts UK.
  16. Kelley, Caitlyn (October 23, 2018). "Blackpink Go Global By Signing With Interscope". Forbes.
  17. Adejobi, Alicia (January 3, 2019). "Blackpink Become First K-pop Girl Group to Perform at Coachella as They Join Ariana Grande on 2019 Line-up". Metro.
  18. Iasimone, Ashley (September 27, 2020). "Blackpink Announces New Single From 'The Album'". Billboard.
  19. Yoon, So-yeon (October 26, 2020). "Blackpink becomes first-ever million-selling K-pop girl group". Korea Joongang Daily.
  20. Kaufman, Gil (December 17, 2020). "Here's Why Blackpink Is Postponing Their Virtual Concert". Billboard.