ဘယ်လိမ် မျှော်စင်

ဝီကီပီးဒီးယား မှ
လစ်စဘွန်းရှိ ဟေရိုနမိုက် ဘုန်းကြီးကျောင်း နှင့် ဘယ်လိမ် မျှော်စင်*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ပေါ်တူဂီ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iii,vi
ကိုးကား ၂၆၃
ဒေသ** ဥရောပ နှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၃  (သတ္တမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ဘယ်လိမ် မျှော်စင် ၏ တရားဝင်အမည်မှာ စိန့်ဗင်းဆင့် မျှော်စင် ဖြစ်ပြီး ပေါ်တူဂီနိုင်ငံ လစ်စဘွန်းမြို့ တွင် တည်ရှိသော ၁၆ ရာစု ခံတပ်တစ်ခု ဖြစ်ပြီး လစ်စဘွန်းမြို့အတွက် ခံတပ်တစ်ခု အဖြစ်သာ မက ကြိုဆိုသည့်မုခ်ဦး တစ်ခု အဖြစ်ပါ တည်ဆောက်ထားသည်။ [၁] ပေါ်တူဂီ ရီနေဆွန်းခေတ်၏ အထွဋ်အထိပ် ရောက်ရှိစဉ်ကာလက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပေါ်တူဂီ မန်နျူရယ်လိုင်း စတိုင်လ်၏ သိသာထင်ရှားသော ဥပမာတစ်ခု ဖြစ်ပြီး[၂] အခြား ဗိသုကာ စတိုင်လ်များလည်း အရိပ်အမြွက်မျှ ပါဝင်လျက် ရှိသည်။ [၃] ထိုအဆောက်အဦးအား လိုင်းရော့ဇ် ထုံးကျောက်များဖြင့် တည်ဆောက်ထားခဲ့ပြီး ဘတ်ရှင် နှင့် ၃၀-မီတာ (၉၈.၄-ပေ) မြင့်သော ၄ ထပ် မျှော်စင်တစ်ခု ပါဝင်သည်။

၁၉၈၃ ခုနှစ်မှစ၍ ထိုမျှော်စင်သည် ဂျီးရိုနီမို ဘုန်းကြီးကျောင်းနှင့် အတူ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းဝင်ခဲ့သည်။ [၄] ၎င်းအား ဥရောပ၏ ရှာဖွေတွေ့ရှိခဲ့သောနှစ်များ၏ ပြယုဂ်တစ်ခု အဖြစ် ဖော်ပြချယ်မှုန်းလေ့ ရှိကြသည်။ [၄] ထို့ပြင် ပေါ်တူဂီ နိုင်ငံ သို့မဟုတ် လစ်စလွန်းမြို့၏ အထိမ်းအမှတ် အဆောက်အဦးတစ်ခု ဖြစ်လည်း သတ်မှတ်ကြသည်။ ထိုမျှော်စင်သည် တားဂတ်စ်မြစ် အလယ်ခေါင်တွင် တည်ဆောက်ခဲ့ပြီး ယခုအခါ ကမ်းခြေသို့ ရောက်နေခဲ့ရသည်မှာ ၁၇၅၅ ခုနှစ် လစ်စဘွန်း ငလျင်အပြီးတွင် မြစ်လမ်းကြောင်း ပြောင်းသွားသဖြင့် ကမ်းစပ်အနီးသို့ ရောက်ရှိသွားခြင့် ဖြစ်သည်ဟု မမှန်မကန် ပြောဆိုမှုများ ရှိသည်။ အမှန်တကယ်တွင်ပင် ထိုမျှော်စင်အား တားဂတ်မြစ်အတွင်း လစ်စဘွန်းကမ်းစပ် အနီးမှ ကျွန်းအသေးတစ်ခုပေါ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ [၃][၅]


ကိုးကား[ပြင်ဆင်ရန်]

  1. International Council on Monuments and Sites (2008)။ Monastery of the Hieronymites and Tower of Belém in Lisbon (Portugal)။ 7 December 2009 တွင် ပြန်စစ်ပြီး။
  2. Donald F. Lach (1994)။ Asia in the making of Europe။ University of Chicago Press။ pp. 57–64။ ISBN 0-226-46730-9
  3. ၃.၀ ၃.၁ Turismo de Portugal (Portugal Tourism)။ Torre de Belém။ 17 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 December 2009 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ UNESCO။ Monastery of the Hieronymites and Tower of Belém in Lisbon။ United Nations။ 7 December 2009 တွင် ပြန်စစ်ပြီး။
  5. IGESPAR – Instituto de Gestão do Património Arquitectónico e Arqueológico (Portuguese Institute of Architectural and Archaeological Heritage) (2006)။ World Heritage: Jerónimos and Tower of Belém။ 7 November 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 December 2009 တွင် ပြန်စစ်ပြီး။