ဘက်ရှ်မိသားစု

ဝီကီပီးဒီးယား မှ

ဘက်ရှ် မိသားစု (ဘာ့ခ် မိသားစု) သည် ဂျာမန်တေးရေးဆရာ ယိုဟန် ဆီဘက်ရှန်း ဘက်ရှ်၏ မျိုးရိုးဖြစ်သည်။ ဘားရော့ခ်ခေတ်နှင့်ကလက်ဆီကယ်ခေတ် တို့၏ဂီတလောကတွင် အရေးပါအရာရောက်သော မိသားစုလည်းဖြစ်သည်။

ထိုမိသားစုသည် သမိုင်းတစ်လျှောက် ဂျာမနီနိုင်ငံ၌သာနေထိုင်ခဲ့ကြပြီး ယိုဟန် ဆီဘက်ရှန်း ဘက်ရှ်၏သားများအချိန်တွင်သာ ပြည်ပသို့သွားရောက်ခဲ့ကြသည်။ ယိုဟန် ဆီဘက်ရှန်း ဘက်ရှ်မတိုင်မီကာလကပင် ထိုမိသားစုသည် ဥရောပတစ်ခွင် နာမည်ကြီးခဲ့ကြသည်။ အာရ်ဖတ်ထ်မြို့မှလာသော ဂီတပညာရှင်များကိုပင် "ဘက်ရှ်"ဟု တင်စားခေါ်ဝေါ်ကြသည်။

ယိုဟန် ဆီဘက်ရှန်း ဘက်ရှ် နှင့်သူ၏သားများ ကာလ် ဖစ်လစ် အမန်နူရယ်ယိုဟန် ခရစ်ရှန်ဝီလ်ဟမ် ဖရီးဒမန်း နှင့် ယိုဟန် ခရစ်စတော့ ဖရီးဒရစ်

ယိုဟန် ဆီဘက်ရှန်း ဘက်ရှ်၏ ဘိုးဘေးဘီဘင်များ[ပြင်ဆင်ရန်]

၁၆ ရာစုအစပိုင်းကပင် ဘက်ရှ်မိသားစုအထောက်အထားများ ရှိခဲ့သည်။ ၁၅၆၁ ခုနှစ်တွင် သက်ရှိထင်ရှားရှိခဲ့သော ဟန်စ် ဘက်ရှ် (Hans Bach) သည် ဗိုက်ထ် ဘက်ရှ်၏ ဖခင်ဖြစ်သည်ဟုဆိုကြသည်။

  • ဗီတုစ် "ဗိုက်ထ်" ဘက်ရှ် (Vitus "Veit" Bach) (၁၅၅၀-၁၆၁၉) သည် ဟန်ဂေရီလူမျိုး ပေါင်မုန့်ဖုတ်သူဖြစ်ရာ ရှေးခေတ်ဂစ်တာတီးခတ်ခြင်းကို ဝါသနာပါခဲ့သူဖြစ်သည်။
  • သူ၏သားဖြစ်သူ ပထမ ယိုဟာနက် ဘက်ရှ် (Johannes Bach I) (၁၅၈၀-၁၆၂၆) သည် ပထမဆုံးဂီတပညာရှင်ဖြစ်သည်။
  • သူ၏မြေးငယ်ဖြစ်သူ ခရစ်စတော့ ဘက်ရှ် (Christoph Bach) (၁၆၁၃-၁၆၆၁) သည်တူရိယာတီးခတ်သူဖြစ်သည်။
ဘက်ရှ် မိသားစုအိမ်ရာ, Wechmar

ယိုဟန် ဆီဘက်ရှန်း ဘက်ရှ်၏သားများ[ပြင်ဆင်ရန်]

ယိုဟန် ဆီဘက်ရှန်း ဘက်ရှ်သည် သူ၏နှစ်ဝမ်းကွဲဖြစ်သူ မာရီယာ ဘာဘရာ ဘက်ရှ် (Maria Babara Bach) နှင့်လက်ထပ်ခဲ့သည်။ သားခုနှစ်ယောက်အနက် သုံးယောက်သာ အသက်ရှိခဲ့သည်။ ထိုသားသုံးယောက်အနက် ဝီလ်ဟမ် ဖရီးဒမန်း ဘက်ရှ် နှင့် ကာလ် ဖစ်လစ် အမန်နုရယ် ဘက်ရှ်တို့သည် တေးရေးဆရာများဖြစ်လာခဲ့ကြသည်။

ယိုဟန် ဆီဘက်ရှန်း ဘက်ရှ်၏ ပထမ မယားသေဆုံးသောအခါ အဆိုတော်ဖြစ်သူ အာနာ မဂ်ဒလီနာ ဝစ်ကန်း (Anna Magdalena Wilcken)နှင့်လက်ထပ်ခဲ့သည်။ ကလေး ၁၃ ယောက်ဖွားမြင်ခဲ့ရာ ၇ ယောက်မှာ လူကြီးဘဝအထိ အသက်ရှင်ခဲ့သည်။

မိသားစုမျိုးဆက် အကျယ်[ပြင်ဆင်ရန်]

  • ဗိုက်ထ် ဘက်ရှ် (Veit Bach) (၁၅၅၀ ခန့်-၁၆၁၉)
    • ပထမ ယိုဟာနက်ဘက်ရှ် (Johannes Bach I) (၁၆၂၆ တွင်ကွယ်လွန်) (Veit Bach၏သား)
      • တတိယ ယိုဟာနက် ဘက်ရှ် (Johann(es) Bach III) (၁၆၀၄–၁၆၇၃) – ဤမှစ၍ "Erfurt Line" ဟုအမည်တွင်ခဲ့သည်
        • ပထမ ယိုဟန် ခရစ်ရှန် ဘက်ရှ် (Johann Christian Bach I) (၁၆၄၀–၁၆၈၂)
          • ဒုတိယ ယိုဟန် ဂျက်ကော့ ဘက်ရှ်(Johann Jacob Bach II) (၁၆၆၈–၁၆၉၂)
          • စတုတ္တ ယိုဟန် ခရစ်စတော့ ဘက်ရှ် (Johann Christoph Bach IV) (၁၆၇၃–၁၇၂၇)
            • ယိုဟန် စမျူအယ် ဘက်ရှ် (Johann Samuel Bach) (၁၆၉၄–၁၇၂၀)
            • ဒုတိယ ယိုဟန် ခရစ်ရှန် ဘက်ရှ် (Johann Christian Bach II) (၁၆၉၆–?)
            • ဒုတိယ ယိုဟန် ဂွန်းထား ဘက်ရှ် (Johann Günther Bach II) (၁၇၀၃–၁၇၅၆)
        • (ပထမ) ယိုဟန် အက်ဂျီဒီယပ်စ် ဘက်ရှ် (Johann Aegidius Bach (I)) (၁၆၄၅–၁၇၁၆)
          • ယိုဟန် ဘော်လ်သဇာ ဘက်ရှ် (Johann Balthasar Bach) (၁၆၇၃–၁၆၉၁)
          • (ပထမ) ယိုဟန် ဘန်းဟာ့ထ် ဘက်ရှ် (Johann Bernhard Bach (I)) (၁၆၇၆–၁၇၄၉)
            • ဒုတိယ ယိုဟန် အန်းစ်ထ် ဘက်ရှ် (Johann Ernst Bach II) (၁၇၂၂–၁၇၇၇)
              • ယိုဟန် ဂျိအော့ဂ် ဘက်ရှ် (Johann Georg Bach (I)) (၁၇၅၁–၁၇၉၇)
          • ဆဋ္ဌမ ယိုဟန် ခရစ်စတော့ ဘက်ရှ် (Johann Christoph Bach VI) (၁၆၈၅–၁၇၄၀)
            • ဒုတိယ ဂျိုဟန် ဖရီးဒရစ် ဘက်ရှ် (Johann Friedrich Bach II) (၁၇၀၆–၁၇၄၃)
            • ဒုတိယ ယိုဟန် အက်ဂျီဒီယပ်စ် ဘက်ရှ် (Johann Aegidius Bach II) (၁၇၀၉–၁၇၄၆)
        • ပထမ ယိုဟန် နီကိုလောက်စ် ဘက်ရှ် (Johann Nicolaus Bach I) (၁၆၅၃–၁၆၈၂)
      • ခရစ်စတော့ ဘက်ရှ် (Christoph Bach) (၁၆၁၃–၁၆၆၁)
        • ဂျီအော့ဂ် ခရစ်စတော့ ဘက်ရှ် (Georg Christoph Bach) (၁၆၄၂–၁၆၉၇)
          • ယိုဟန် ဗာလယ်တင် ဘက်ရှ် (Johann Valentin Bach) (၁၆၆၉–၁၇၂၀)
            • ယိုဟန် လောရန့်စ် ဘက်ရှ် (Johann Lorenz Bach) (၁၆၉၅–၁၇၇၃)
            • ယိုဟန် အလီးယပ်စ် ဘက်ရှ် (Johann Elias Bach) (၁၇၀၅–၁၇၅၅)
              • တတိယ ယိုဟန် မိုက်ကယ် ဘက်ရှ် (Johann Michael Bach (III)) (၁၇၄၅–၁၈၂၀) – ဂီတသီအိုရီပညာရှင်
                • ဒုတိယ ယိုဟန် ဂျီအော့ဂ် ဘက်ရှ် (Johann Georg Bach (II)) (၁၇၈၆–၁၈၇၄)
                • ဂျီအော့ဂ် ဖရီးဒရစ် ဘက်ရှ် (Georg Friedrich Bach) (၁၇၉၂–၁၈၆၀)
        • (ဒုတိယ) ခရစ်စတော့ ဘက်ရှ် (Johann Christoph Bach (II)) (၁၆၄၅–၁၆၉၃)
          • ပထမ ယိုဟန် အန်းစ်ထ် ဘက်ရှ် (Johann Ernst Bach I) (၁၆၈၃–၁၇၃၉)
          • သတ္တမ ယိုဟန် ခရစ်စတော့ ဘက်ရှ် (Johann Christoph Bach VII) (၁၆၈၉–၁၇၄၀)
        • ယိုဟန် အမ်ဘရိုစီယပ်စ် ဘက်ရှ် (Johann Ambrosius Bach) (၁၆၄၅–၁၆၉၅)
          • တတိယ ယိုဟန် ခရစ်စတော့ ဘက်ရှ် (Johann Christoph Bach III) (၁၆၇၁–၁၇၂၁)
            • ယိုဟန် အန်ဒရေးရပ်စ် ဘက်ရှ် (Johann Andreas Bach) (၁၇၁၃–၁၇၇၉)
              • ယိုဟန် ခရစ်စတော့ ဂျီအော့ဂ် ဘက်ရှ် (Johann Christoph Georg Bach) (၁၇၄၇–၁၈၁၄)
            • ဒုတိယ ယိုဟန် ဘန်းဟာ့ထ် ဘက်ရှ် (Johann Bernhard Bach II) (၁၇၀၀–၁၇၄၃)
            • အဋ္ဌမ မြောက် ယိုဟန် ခရစ်စတော့ ဘက်ရှ် (Johann Christoph Bach VIII) (၁၇၀၂–၁၇၅၆)
              • အန်းစ်ထ် ကာလ် ဂေါ့ထ်ဖရိဒ် ဘက်ရှ် (Ernst Carl Gottfried Bach) (၁၇၃၈–၁၈၀၁)
              • အန်းစ်ထ် ခရစ်ရှန် ဘက်ရှ် (Ernst Christian Bach) (၁၇၄၇–၁၈၂၂)
              • ဖစ်လစ် ခရစ်ရှန် ဂျီအော့ဂ် ဘက်ရှ် (Philipp Christian Georg Bach) (၁၇၃၄–၁၈၀၉)
          • တတိယ ယိုဟန် ဂျာကော့ ဘက်ရှ် (Johann Jacob Bach III) (1682–1722)
          • ယိုဟန် ဆီဘက်ရှန်း ဘက်ရှ် (၁၆၈၅–၁၇၅၀) – နှစ်ဝမ်းကွဲဖြစ်သူ မာရီယာ ဘာဘရာ ဘက်ရှ် (Maria Barbara Bach) (၁၆၈၄–၁၇၂၀) နှင့်လက်ထပ်; ၁၇၂၁ တွင် အာနာ မဂ်ဒါလီနာ ဝစ်ကန်း (Anna Magdalena Wilcken) (၁၇၀၁–၁၇၆၀) နှင့် လက်ထပ်
            • ကက်သရီနာ ဒိုရိုသေအာ ဘက်ရှ် (Catharina Dorothea Bach) (၁၇၀၈–၁၇၇၄)
            • ဝီလ်ဟဲလ်မ် ဖရီးဒမန်း ဘက်ရှ် (Wilhelm Friedemann Bach) (၁၇၁၀–၁၇၈၄) – "Dresden Bach" သို့မဟုတ် "Halle Bach" ဟုအမည်တွင်ခဲ့
            • ကာလ် ဖစ်လစ် အမန်နူရယ် ဘက်ရှ် (Carl Philipp Emanuel Bach) (၁၇၁၄–၁၇၈၈) – "Hamburg Bach" သို့မဟုတ် "Berlin Bach" ဟုအမည်တွင်ခဲ့
                • ယိုဟန် ဆီဘက်ရှန်း ဘက်ရှ် (၁၇၄၈-၁၇၇၈) – ပန်းချီဆရာ
            • ယိုဟန် ဂေါ့ထ်ဖရိဒ် ဘက်ရှ်(Johann Gottfried Bernhard Bach) (၁၇၁၅–၁၇၃၉)
            • ဂေါ့ထ် ဖရိထ် ဟိုင်းနရစ် ဘက်ရှ် (Gottfried Heinrich Bach) (၁၇၂၄–၁၇၆၃)
            • ယိုဟန် ခရစ်စတော့ ဖရီးဒရစ် ဘက်ရှ် (Johann Christoph Friedrich Bach) (၁၇၃၂–၁၇၉၅) – "Bückeburg Bach" ဟုမမည်တွင်ခဲ့သည်။
              • ဝီလ်ဟဲလ်မ် ဖရီးဒရစ် အန်းစ်ထ် ဘက်ရှ် (Wilhelm Friedrich Ernst Bach) (၁၇၅၉–၁၈၄၅) – "Minden Bach" ဟုအမည်တွင်ခဲ့သည်။
            • တတိယ ယိုဟန် ခရစ်ရှန် ဘက်ရှ် (Johann Christian Bach III) (၁၇၃၅–၁၇၈၂) – "Milan Bach" သို့မဟုတ် "London Bach" ဟု အမည်တွင်ခဲ့သည်။
      • ပထမ ဟိုင်းနရစ် ဘက်ရှ် (Heinrich Bach I) (၁၆၁၅–၁၆၉၂) – ဤမှစ၍Arnstadt Line ဟုအမည်တွင်သည်။
        • ပထမ ယိုဟန် ခရစ်စတော့ ဘက်ရှ် (Johann Christoph Bach I) (၁၆၄၂-၁၇၀၃)
          • ဒုတိယ ယိုဟန် နီကိုလောက်စ် ဘက်ရှ် (Johann Nikolaus Bach II) (၁၆၆၉–၁၇၅၃)
          • ပဉ္စမ ယိုဟန် ခရစ်စတော့ ဘက်ရှ်(Johann Christoph Bach V) (၁၆၇၆–?)
            • ဒုတိယ ယိုဟန် ဟိုင်းနရစ် ဘက်ရှ် (Johann Heinrich Bach II) (၁၇၀၉–?)
          • ပထမ ယိုဟန် ဖရီးဒရစ် ဘက်ရှ် (Johann Friedrich Bach I) (၁၆၈၂–၁၇၃၀)
          • ဒုတိယ ယိုဟန် မိုက်ကယ် ဘက်ရှ် (Johann Michael Bach II) (1685–?)
        • ပထမ ယိုဟန် မိုက်ကယ် ဘက်ရှ် (Johann Michael Bach I) (1648–1694)
        • ပထမ ယိုဟန် ဂွန်းထား ဘက်ရှ် (Johann Günther Bach I) (၁၆၅၃–၁၆၈၃)
    • ဖစ်လစ်ပက်စ် ဘက်ရှ် (Philippus "Lips" Bach) (၁၅၉၀–၁၆၂၀) – Veit Bach၏သား
      • ဝန်းဒဲလ် ဘက်ရှ် (Wendel Bach) (၁၆၁၉–၁၆၈၂)
        • ဂျာကော့ ဘက်ရှ် (de) (၁၆၅၅–၁၇၁၈)
          • နီကိုလောက်စ် အပ်ဖရိုင်မ် ဘက်ရှ် (Nicolaus Ephraim Bach) (၁၆၉၀–၁၇၆၀)
          • ဂျီအော့ဂ် မိုက်ကယ် ဘက်ရှ် (Georg Michael Bach) (၁၇၀၃–၁၇၇၁)
            • စတုတ္ထ ယိုဟန် ခရစ်ရှန် ဘက်ရှ် (Johann Christian Bach IV) (၁၇၄၃–၁၈၁၄)
          • ယိုဟန် လုဒ်ဝစ် ဘက်ရှ် (Johann Ludwig Bach) (၁၆၇၇–၁၇၃၁) – "Meininger Bach" ဟုအမည်တွင်ခဲ့
            • ဂေါ့ထ် လိုက်ဘ် ဖရီးဒရစ် ဘက်ရှ် (Gottlieb Friedrich Bach) (၁၇၁၄–၁၇၈၅) – အော်ဂန်တီးခတ်သူနှင့်ပန်းချီဆရာ
              • ယိုဟန် ဖစ်လစ် ဘက်ရှ် (Johann Philipp Bach) (၁၇၅၂–၁၈၄၆) – ဂီတဆရာနှင့်ပန်းချီဆရာ
            • ဆမ်မြူအယ် အန်တွန် ဘက်ရှ် (Samuel Anton Bach) (၁၇၁၃–၁၇၈၁)
      • စတုတ္ထ ယိုဟန် ဘက်ရှ် (Johann Bach IV) (၁၆၂၁–၁၆၈၆) - Lips Bach၏တူ
        • ယိုဟန် စတီဖန် ဘက်ရှ် (Johann Stephan Bach) (၁၆၆၅–၁၇၇၁)
  • ပထမ ကက်စပါ ဘက်ရှ် (Caspar Bach I) (၁၅၇၀-၁၆၄၀) (Veit Bach၏ညီ?)
    • ဒုတိယ ကက်စပါ ဘက်ရှ် (Caspar Bach II) (၁၆၀၀–?)
    • ဒုတိယ ဟိုင်းနရစ် ဘက်ရှ် (Heinrich Bach II သို့မဟုတ် Heinrich "Blinder Jonas" Bach) (?−၁၆၃၅)
    • ဒုတိယ ယိုဟာနက် ဘက်ရှ် (Johann(es) Bach II) (၁၆၁၂–၁၆၃၂)
    • မဲလ်ချီယော ဘက်ရှ် (Melchior Bach) (၁၆၀၃–၁၆၃၄)
    • နီကိုလောက်စ် ဘက်ရှ် (Nicolaus Bach) (၁၆၁၉–၁၆၃၇)

ကိုးကားချက်များ[ပြင်ဆင်ရန်]

  • Chisholm, Hugh, ed. (1911). "Bach, Johann Sebastian" . Encyclopædia Britannica. 3 (11th ed.). Cambridge University Press. pp. 124–130.
  • The New Grove Dictionary of Music and Musicians, "Bach Family", pp. 98, 111

ပြင်ပလင့်များ[ပြင်ဆင်ရန်]