ဗလာဒီမာ လစ်စင်

ဝီကီပီးဒီးယား မှ
ဗလာဒီမာ လစ်စင်
ဗလာဒီမာ လစ်စင်
မွေးသက္ကရာဇ် (1956-05-07) ၇ မေ၊ ၁၉၅၆ (အသက် ၆၇)

လူမျိုး ရုရှား
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၅.၈ ဘီလျံ
သားသမီး ၃ဦး

၁၉၅၆ခုနှစ် မေလ ၇ရက်တွင် အီဗန်နိုဗို Ivanovo ၌ မွေးဖွားခဲ့သည်။ သူသည် စတီလ်း(သံမဏိ) စက်မှုလုပ်ငန်းလုပ်ကိုင်သော ရုရှားစီးပွားရေးသမား ဖြစ်သည်။ ဖော့ဘ်စ် Forbes မဂ္ဂဇင်း၏ ဖော်ပြချက်များအရ သူ့တွင်အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၁၅.၈သန်းခန့်ရှိပြီး ရုရှား၏ အချမ်းသာဆုံးဖြစ်သည်။

နောက်ကြောင်းရာဇဝင်[ပြင်ဆင်ရန်]

ဗာလာဒီမာ လစ်စင်န် သည် ၁၉၉၆ တွင် နိုဗိုလီပတ်စ်ခ် စတီးလ် Novolipetsk Steel (NLMK) ၏ ဒါရိုက်တာအဖွဲ့ဝင်ဖြစ်ပြီး ၁၉၉၈ တွင် ဥက္ကဋ္ဌ ဖြစ်လာသည်။ ၁၉၉၃ ခုနှစ်မှစတင်၍ ရုရှားနိုင်ငံ၏ နာမည်ကြီး သတ္ထုထုတ်လုပ်သည့် NLMK၊ MMK၊ Sayansk နှင့် Novokuznetsk Aluminium စက်ရုံများအပါအဝင် အဓိက သတ္တုလုပ်ငန်းရှင်များအဖွဲ.တွင် ဒါရိုက်တာအဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ယခင်ကလည်း ကာဇတ်စတန် Kazakhstan ရဲ့ သံမဏိစက်ရုံကြီး ၄ ရုံအနက်တစ်ခုဖြစ်သော ကာရာဂန်ဒါ Karaganda သံမဏိစက်ရုံတွင် လက်ထောက်အင်ဂျင်နီယာချုပ် နှင့် လက်ထောက်ညွှန်ချုပ် အလုပ်လုပ်ခဲ့သည်။ ဆိုက်ဘေးရီရား မက်တာလာဂျစ် Siberian Metallurgic Institute မှ ဘွဲ.ရပြီး သူလာချာမက် မက်တလ်စ် ဝက်စ် Tulachermet Metals Works စက်ရုံတွင် အလုပ်သမာခေါင်းအဖြစ် အလုပ်စခဲ့ပြီး ရာထူးအဆင့်ဆင့် တက်ပြီး ဌာနစိတ်မန်နေဂျာ မှ အလုပ်မန်နေဂျာ ဖြစ်လာသည်။

၁၉၈၉ ခုနှစ်တွင် အင်ဂျင်နီယာ ဘာသာရပ်တွင် MScဘွဲ့ ၊ PhD(ဒေါက်တာဘွဲ့) နှင့် စီးပွားရေးတွင် DSc ဘွဲ့များရရှိခဲ့သည်။ သတ္တုနှင့်ပတ်သက်သော နည်းစနစ်များကို မူပိုင်ခွင့်မှတ်ပုံတင်ထားပြီး သတ္တုနှင့်ဆိုင်သော ဆောင်းပါးများပုံနှိပ်ထုတ်ဝေခဲ့သည်။

အမျိုးသားစီးပွားရေးတက္ကသိုလ် Academy of National Economy၏ ပါမောက္ခ ဖြစ်လာပြီး ဝန်ကြီးများကောင်စီမှ ချီးမြှင့်သောသိပ္ပံ နှင့် အင်ဂျင်နီယာထူးချွန်ဆု(၁၉၈၉)၊ ရုရှား၏ သတ္တုဂုဏ်ထူးဆောင် ပုဂ္ဂိုလ်(၁၉၉၉)၊ the Knight of the Order of Honour of the Russian Federation ဆု (၂၀၀၀) နှင့် the Knight of the Order of St.Sergiy Radonezhsky ဆု(၂၀၀၁) များရရှိထားသည်။

ဒေါက်တာ လစ်စင် သည် ၁၉၅၆ ခုနှစ် မေလ ၅ရက် နေ.တွင် အီဗန်နိုဗို Ivanovo ၌ မွေးဖွားခဲ့သည်။ အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး ကလေး ၃ ယောက်ရှိသည်။ ကလေးများမှာ ပီရာချီစလပ်(၃၈နှစ်)၊ ဒီမစ်သရီ(၂၇နှစ်) နှင့် အာလက်ဇန်ဒါ(၁၆နှစ်) တို.ဖြစ်သည်။

အပိုဆောင်းကြည့်ရှုစရာများ[ပြင်ဆင်ရန်]