ဖြူဖြူကျော်သိန်း

ဝီကီပီးဒီးယား မှ
ဖြူဖြူကျော်သိန်း
မွေးဖွား (1981-04-22) ဧပြီ ၂၂၊ ၁၉၈၁ (အသက် ၄၂)
ရန်ကုန်မြို့
ဂီတဟန်ပေါ့ပ်ဂီတ
တက်ကြွသည့်နှစ်များ၂၀၀၃–လက်ရှိ
ဝက်ဘ်ဆိုက်phyuphyukyawtheinonline.com

ဖြူဖြူကျော်သိန်း သည် မြန်မာအမျိုးသမီး အဆိုတော်တစ်ဦးဖြစ်ပြီး သူမ၏ ဖျော်ဖြေမှုစတိုင်နှင့် ဝတ်စားဆင်ယင်မှုများကြောင့် ထင်ရှားသည်။[၁] သူမသည် ၂၀၀၈ ခုနှစ်တွင် ယူနီဆက်(ဖ်) ထင်ပေါ်သူ သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရသည်။[၂][၁]

ဖြူဖြူကျော်သိန်းကို ဧပြီလ ၂၂ရက်နေ့တွင် ဖခင်ဦးကျော်သိန်း (ညွှန်မှူး(ငြိမ်း) သမဝါယမဝန်ကြီးဌာန)နဲ့ မိခင် ဒေါ်တင်တင်ကြည် (လက်ထောက် ကထိက(ငြိမ်း)စီးပွားရေးတက္ကသိုလ်) တို့က ရန်ကုန်အမျိုးသမီး ဆေးရုံကြီးတွင် မွေးဖွားခဲ့သည်။ အစ်မဖြစ်သူ ညိုညိုသိန်းနှင့် ခုနစ်နှစ်ကွာခြားသည်။ မိခင်ဖြစ်သူက တက္ကသိုလ်ဆရာမ တစ်ဦးဖြစ်သဖြင့် မိခင်နှင့်အတူ ရန်ကုန်မြို့တွင် ကြီးပြင်းခဲ့သည်။ သူငယ်တန်းနှင့် ဒုတိယတန်းကို အ. မ. က (၁၆) စမ်းချောင်း တွင် တက်ရောက်ခဲ့ပြီး တတိယတန်း မှ ဒသမတန်းပညာ အောင်မြင်သည်အထိ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC) ကမာရွတ်တွင် တက်ရောက်ခဲ့သည်။

ဖြူဖြူကျော်သိန်းသည် ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သည်။[၃] ၂၀၀၃ ခုနှစ်တွင် ပထမဆုံးသီချင်းခွေ လုံးဝမသက်ဆိုင်တော့ပါ ကို ဖြန့်ချိခဲ့သည်။[၄]

သူမသည် မြန်မာနိုင်ငံ ဂီတအစည်းအရုံး၏ အတွင်းရေးမှူးလည်း ဖြစ်သည်။[၅]

ထွက်ရှိခဲ့သော တေးစီးရီးခွေများ[ပြင်ဆင်ရန်]

  • လုံးဝမသက်ဆိုင်တော့ပါ (၂၀၀၃)
  • ချစ်သူအမုန်း ကျိန်စာ (၂၀၀၇)
  • Memoir of a Diva (၂၀၁၁)
  • "Damsel in distress" (၂၀၁၃)
  • "Thou shalt be remembered" (၂၀၁၅)
  • "April Fool (mini-album)" (၂၀၁၆)

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Yu Yu Maw။ "Myanmar’s darling of pop, Phyu Phyu Kyaw Thein"၊ 25 February 2013။ 18 July 2015 တွင် ပြန်စစ်ပြီး 
  2. Phyu Phyu Kyaw TheinUNICEF။ 22 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 July 2015 တွင် ပြန်စစ်ပြီး။
  3. Zon Pann Pwint။ "Blown cover"၊ Myanmar Times၊ 10 April 2015။ 18 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။ 
  4. Nuam Bawi။ "Singer expands her repertoire of covers"၊ Myanmar Times၊ 25 July 2011။ 18 July 2015 တွင် ပြန်စစ်ပြီး 
  5. Nandar Aung။ "Legacy music academy opens in Yankin"၊ Myanmar Times၊ 1 July 2013။ 18 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 26 July 2017။