ပီကင်း တက္ကသိုလ်

ဝီကီပီးဒီးယား မှ
ပီကင်း တက္ကသိုလ်
Peking University
北京大学
ယခင်အမည်များ
အင်ပါယာ မြို့တော် တက္ကသိုလ်
Imperial Capital University
အမျိုးအစားအမျိုးသားအဆင့်
တည်ထောင်1898
ဥက္ကဋ္ဌZhou Qifeng (周其凤)
ဆရာဦးရေ
4,206
ဘွဲ့ကြိုဦးရေ15,128
ဘွဲ့လွန်ဦးရေ15,039
တည်နေရာပေကျင်းမြို့, တရုတ်ပြည်သူ့သမ္မတနိုင်ငံ
ပရဝုဏ်Urban, 273 ha (2.73 km2 )
အားကစားအသင်း အမည်ပြောင်北大, Běidà
နှီးနွယ်အဖွဲ့အစည်းများIARU, AEARU, APRU, BESETOHA, C9
ဝဘ်ဆိုဒ်www.pku.edu.cn

ပီကင်း တက္ကသိုလ် (北京大學; 北京大学) အတိုကောက်အားဖြင့် ပေတာ့ (北大) သည် ပေကျင်းမြို့တွင် တည်ရှိပြီး တရုတ်ပြည်၏ အဓိကကျသော သုတေသနပြု တက္ကသိုလ်ဖြစ်သည်။ တရုတ်ပြည်တွင် ခေတ်သစ် (မော်ဒန်) တက္ကသိုလ်အသွင်ဖြင့် တည်ထောင်ခဲ့သည့် ပထမဦးဆုံးသော တက္ကသိုလ်လည်း ဖြစ်သည်။ ၁၈၉၈ ခုနှစ်တွင် ရှေးဟောင်း ကျောင်းတော်ကြီးအား အသွင်ပြောင်းကာ အင်ပါယာ မြို့တော်တက္ကသိုလ်အဖြစ် ထူထောင်ခဲ့သည်။[၁] ၁၉၂၀ ခုနှစ်ပိုင်းတွင် တရုတ်၏ ခေတ်မှီတိုးတက်သော အတွေးအခေါ် အချက်အချာ ဖြစ်လာသည်။ ယနေ့တွင် ပီကင်းတက္ကသိုလ်ကို တရုတ်ပြည်တွင် အကောင်းဆုံး တက္ကသိုလ်အဖြစ် ပြည်တွင်းပြည်ပမှ အသိအမှတ်ပြုထားသည်။[၂][၃][၄] ပညာသင်ကြားရေးအပြင် ပီကင်းတက္ကသိုလ်သည် ကျောင်းပရိဝုဏ်အတွင်းရှိ တရုတ်ရှေးရိုးဟန် အဆောက်အဦးများကြောင့်လည်း နာမည်ကျော်ကြားသည်။[၅]

ပီကင်းတက္ကသိုလ်၏ သမိုင်းတလျှောက်တွင် လူရွှင့်မော်စီတုန်း စသည့် ပုဂ္ဂိုလ်များကို ပျိုးထောင်ပေးခဲ့သည်။[၆] ပီကင်း တက္ကသိုလ်သည်လည်း ယဉ်ကျေးမှု လှုပ်ရှားမှုသစ်၊ မေ ၄ လှုပ်ရှားမှု၊ ထျန်းအန်းမင် အရေးအခင်း (၁၉၈၉) နှင့် အခြားသော အရေးပါသည့် ကျောင်းသားလှုပ်ရှားမှုများတွင် လွှမ်းမိုးမှုများ ရှိခဲ့သည်။[၇]

ကိုးကား[ပြင်ဆင်ရန်]

  1. Peking University's Historical Importance. Baidu
  2. China Education Center ranking
  3. China University Ranking။ 13 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 December 2010 တွင် ပြန်စစ်ပြီး။
  4. University ranking in China။ 10 September 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 December 2010 တွင် ပြန်စစ်ပြီး။
  5. About Peking University. National University of Singapore
  6. Peking University - Mingren။ 4 August 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 December 2010 တွင် ပြန်စစ်ပြီး။
  7. Peking UniversityEncyclopædia Britannica (2008-08-21)။