နောက်ဆုံးညစာ (ပန်းချီ)

ဝီကီပီးဒီးယား မှ
နောက်ဆုံးညစာ
Italian: Il Cenacolo (or) L'Ultima Cena
See adjacent text.
အနုပညာရှင်လီယိုနာဒို ဒါဗင်ချီ
ခုနစ်၁၄၉၅-၉၆ ခန့်
အကြောင်းရာယေရှုနှင့် သာဝက (၁၂) ယောက် ညစာစားခြင်း
ဒိုင်မင်းရှင်း460 cm × 880 cm (၁၈၀ လက်မ × ၃၅၀ လက်မ)
တည်နေရာမီလန်
ဝဘ်ဆိုဒ်https://www.legraziemilano.it/il-cenacolo/

နောက်ဆုံးညစာ (အီတလီ: Il Cenacolo သို့ L'Ultima Cena) သည် ၁၅-ရာစု နှောင်းပိုင်းတွင် အီတလီ စွယ်စုံရပညာရှင် လီယိုနာဒို ဒါဗင်ချီ ရေးသည့် နံရံဆေးရေး ပန်းချီဖြစ်သည်။ အီတလီနိုင်ငံမီလန်မြို့ရှိ ဆန်တာ မာရီယာ ဒဲလီ ဂရာဇီ (Santa Maria delle Grazie) သီလရှင်ကျောင်းတွင် ဆွဲထားသည်။

၁၄၉၅-၉၆ ဝန်းကျင်တွင် ဘုရားကျောင်း မွမ်းမံသည်။ အလှဆင်သည့်အနေဖြင့် လီယိုနာဒို၏ ပရိသတ် မီလန်မြို့စား လူဒိုဗီကို ဖော်ဇာ (Ludovico Sforza) က ရေးဆွဲစေခြင်း ဖြစ်သည်။ ပန်းချီမှာ ယေရှုနှင့် သူ၏ သာဝကများ နောက်ဆုံးအကြိမ် ညစာစားနေခြင်းကို သရုပ်ဖော်ခြင်း ဖြစ်သည်။ ဤ ၁၂ ဦးအနက်မှ တစ်ဦးက သူ့အား သစ္စာဖောက်မည်ဟု ယေရှုက ပြောလေရာ သာဝကတို့ အထိတ်တပြာ ဖြစ်သွားဟန် စီစဉ်ထားသည်။

ဆွဲသည့်နည်း၊ ရာသီဥတုဒဏ်နှင့် အခြားထိခိုက်မှုများကြောင့် မူလအနေအထားမှာ အနည်းငယ်သာ ကျန်သည်။ ထပ်ခါထပ်ခါ မံဆွဲခဲ့ရာ နောက်ဆုံးပြင်ခဲ့သည်မှာ ၁၉၉၉ ခုက ဖြစ်သည်။