ထွက်မြောက်ရာကျမ်း

ဝီကီပီးဒီးယား မှ

၁။ စံတော်မီဝိသေသလက္ခဏာ

         ထွက်မြောက်ရာကျမ်း(ဂရိထွက်ရပ်လမ်း)သည် ယောသပ်ကွယ်လွန်ပြီးမှ ပေါ်လွင်ထင်ရှားသော ဇာတ်လမ်းဖြစ်သည်။ ဣသရေလတို့၏ ဘာသာရေးအယူဝါဒဆိုင်ရာ ပဿခါပွဲတော်သည် အဲဂုတ္တုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းကပ်ဆိုးလွန်မြောက်ပြီးသောအခါ ဖာရောမင်းက ဘုရားသခင်၏ လူမျိုးဟေဗြဲများအား အသိအမှတ်မပြု၊ ညှဉ်းပန်းနှိပ်စက်သဖြင့် ဘုရားသခင်က အဲဂုတ္တုအမျိုးအား ကပ်ဆိုး(၁၀)ခုဖြင့် ဆုံးမပုံကို တွေ့ရမည်။

ဟေဗြဲလူမျိုးများ အလုံးအရင်းဖြင့် ပင်လယ်နီ ဖြတ်သန်းကျော်လွှားကြပုံကို အံ့မခန်းလိလိ တွေ့ရမည်။ သိနာတောင်ပေါ်တွင် မောရှသို့ ပညတ်တော်ပေးပုံ၊ တဲတော်တည်ဆောက်ပုံ အသေးစိတ် အချက်အလက်များကိုလည်း ရင်သပ်ရှုမောဖွယ်ရာ ဖတ်ရှုကြရမည်။


၂။ ကျမ်းရေးသူ

         ယုဒထုံးတမ်းစဉ်လာဝါဒီများနှင့် ခရစ်ယာန်ရှုထောင့်အရ ဤကျမ်းမှာ မောရှေ၏ Pentateuch ကျမ်းတစ်စော်ငဖြစ်သည်။ မောရှေ လက်ရာဖြေစ်ကြောင်း Pentateuch ကျမ်းများမိတ်ဆက် အခန်းတွင် ရှင်းပြထားပြီးဖြစ်သည်။


၃။ အချိန်ကာလ

ကျမ်းစာသုတေသီပညာရှင်များက အဲဂုတ္တုပြည်မှ ထွက်မြောက်လာခါစ စောဆုံး ဘီစီ ၁၅၈၀ နောက်အကျဆုံး ဘီစီ ၁၂၃၀ ကာလဖြစ်မည်ဟု ယူဆကြသည်။ ၁ရာ ၆:၁တွင် ရှောလမုန်မင်း ဗိမာန်တော်ဆောက်လုပ်ခြင်း မစတင်မှီ နှစ်ပေါင်း (၄၈၀)ခန့်တွင် အဲဂုတ္တုပြည်မှ ထွက်လာသည်ဟု ဆိုထားသည်။ ထိုကာလသည် ဘီစီ ၉၆၀ ခုနှစ်ဖြစ်သောကြောင့် အဲဂုတ္တုပြည်မှ ထွက်လာသည်ဟု ဆိုထားသည်။ ထိုကာလသည် ဘီစီ ၉၆၀ ခုနှစ် ဖြစ်သောကြောင့် အဲဂုတ္တုပြည်မှ ထွက်မြောက်လာခြင်းသည် ဘီစီ ၁၄၄၀ ခုနှစ်ခန့် ဖြစ်တန်ရာသည်။ ကျမ်းစာသုတေသီအများကမူ ရှေးဟောင်းသုတေသနပညာရပ် အထောက်အထားများအရ ဘီစီ ၁၂၉၀ ခန့် ဖြစ်သည်ဟု ထင်မြင်ကြသည်။ ရှေးဟောင်းသုတေသနပညာရှင်များကမူ ထို့ထက်စောမည်ဟု မှတ်ချက်ပြုကြသည်။ ထို့ကြောင့် ကာလအတိအကျ မပိုင်းခြားနိုင်သော်လည်း ဘီစီ ၁၄၄၀ ခုနှစ်အေစောပိုင်းတွင် အဲဂုတ္တုပြည်အထဲမှ ထွက်မြောက်ရာကျမ်းကို ထို့ထက်နောက်ကျ၍ ရေးသားသည်ဟု ယူရသည်။


၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်

         ထွက်မြောက်ရာကျမ်းကို လေ့လာမည်ဆိုလျှင် အဲဂုတ္တုပြည်တွင် ဇာတ်လမ်းဆုံးသွားသော ကမ္ဘာဦးကျမ်းမှ အစ ပြန်ကောက်ရပါမည်။ သို့သော် နောက်ခံ သမိုင်းကြောင်းသည် တသီးတခြားစီဖြစ်သည်။  ယောသပ် ကွယ်လွန်ပြီးနောက် နှစ်ပေါင်း(၄၀၀) ကျော်ကြာ ဟေဗြဲများသည် ဖာရောမင်းအတွက် အုတ်ဖုတ်၍ ပိရမစ် ဆောက်လုပ်ပေးရသည်။ ကျွန်ခံနေရသေးသည်။ ဖာရေမင်းက နှိပ်ကွပ်သော်လည်း နှိပ်ကွပ်လေ လူဦးရေ တိုးပွားလြေဖစ်သည်။

ထွက်မြောက်ရာကျမ်း၏ အဓိကရည်ရွယ်ချက်မှာ ဣသရေလလူမျိုးအား ဘုရားသခင်၏ ရွေးနှုတ်ခြင်း ဇာတ်လမ်းဖြစ်သည်။ နှစ်ပေါင်း (၃၄၀၀)ကျော် ကြာလာသည့်တိုင်အောင် ယုဒလူမျိုးများသည် ထိုအဲဂုတ္တုပြည်မှ ထွက်မြောက်လာသည့်အထိမ်းအမှတ် ပဿခါပွဲတော်ကို ကမ္ဘာအဝှမ်းတွင် ကျင်းပနေဆဲဖြစ်သည်။ ခွန်အားဗလ၊ အသက်သွေးကြောအရင်းအနှီးပြု၍ ဣသရေလအမျိုးဟု ပေါ်လွင်ထင်ရှားစေသည်။ ပဿခါပွဲတော် အကြောင်းကိုလည်း တွေ့ရမည်။

ဣသရေလတို့အသက်သွေးကြောရင်းနှီးမှုကို အထိမ်းအမှတ်အဖြစ် ပဿခါပွဲတော်ကျင်းပရလေ့ရှိသကဲ့သို့ ယုံကြည်သူ ခရစ်ယာန်များသည်လည်း ခရစ်တော်ပေးဆပ်ခဲ့သော ခန္ဓာကိုယ်နှင့် အသွေးကို အောက်မေ့ သတိရသောအားဖြင့် ပွဲတော်မင်္ဂလာကျင်းပလေ့ရှိကြသည်။ သို့ကြောင့် ဤပွဲတော်နှစ်ခုသည် ဒေဝဗေဒ ရှုထောင့်အရ၎င်း၊ ယဉ်ကျေးမှုသမိုင်းကြောင်းအရ၎င်း၊ ပေါ်လွင်ထင်ရှားသည်။ ပွဲတော်မင်္ဂလာတွင် အသုံးပြုသော မုန့်နှင့် စပျစ်ရည်သည် ထိုပဿခါပွဲတော် ကျင်းပပုံမှ ယူဆောင်လာခြင်းဖြစ်သည်။

အဲဂုတ္တုပြည်မှ ထွက်မြောက်လာကြသောအခါ ဘဝခရီးနှင်ကြစဉ်တွင် မောရှေသည် သူ့လူများ လိုက်နာ ကျင့်ဆောင်ဖို့ ဘုရားသခင်ထံတော်မှ ညွှန်ကြားချက်ရရှိသည်။ ကျမ်းစာတစ်ဝက်နီးပါးသည် ယဇ်ပုရောဟိတ် အရာနှင့် ယဇ်ပလ္လင်အကြောင်း (အခန်း ၂၅-၄၀)ဖြစ်သည်။ အသေးစိတ်အချက်အလက်များ ဖော်ပြထားရာ သမိုင်းအနေဖြင့် မှတ်တမ်းတင်ခြင်းမဟုတ်။ ဝိညာဉ်ရေးရာ အဓိပ္ပာယ်ရှိသည်။

ဤကျမ်းကို အနှစ်ကျကျလေ့လာမည်ဆိုလျှင် ယေရှုခရစ်တော်ကို တွေ့မြင်နိုင်သည်။ မောရှေ၊ ပဿခါသိုးသူငယ်၊ ကျောက်ဆောင်၊ ယဇ်ပလ္လင်အစရှိသည်များသည် ခရစ်တော်ကို ပုံဆောင်ခြင်းဖြစ်သည်။ (ဥပမာ ၁ကော ၅:၇၊ ၁၀:၄၊ ဟေဗြဲ အခန်း ၃-၃၀)။ ဒမာသက်လမ်းမှ ခရီးသည်နှစ်ဦးသို့ “ပရောဖက်တို့၏ ကျမ်းစာများ၌ ကိုယ်တော်ကို ရည်မှတ်၍ ရေးသားထားသည်။” (လု ၂၄:၂၇)ဟု ခရစ်တော်ကိုယ်တိုင် ရှင်းပြထားသည်။


ပါဝင်သည့်အချက်များ

၁။ အဲဂုတ္တုပြည်တွင် ဣသရေလတို့၏ ဝန်ထုပ်ဝန်ပိုး (အခန်း ၁)

၂။ မောရှေမွေးဖွားခြင်း၊ ကယ်တင်ခံရခြင်းနှင့် ပညာရည်နို့စို့ခြင်း (အခန်း ၂)

၃။ မောရှေအားခေါ် ယူခြင်း (အခန်း ၃၊၄)

(က) ယေဟောဝါဘုရား ကိုယ်ထင်ပြခြင်း (အခန်း၃)

(ခ) မောရှေစိတ်မပါခြင်း (၄:၁-၁၇)

(ဂ) အဲဂုတ္တုပြည်သို့ မောရှေပြန်ရောက်ခြင်း (၄:၁၈-၁၃)

၄။ မောရှေနှင့်ဖာရောဘုရင် ထပ်တိုက်ရင်ဆိုင်ခြင်း (၅:၁–၇:၁၃)

         (က) ပထမအကြိမ်တွေ့ဆုံခြင်း (၅:၁-၇:၆)

(ခ) ဒုတိယအကြိမ်တွေ့ဆုံခြင်း (၇:၇-၇:၁၃)

၅။ ပထမအကြိမ်ကပ်ဆိုး (၉)ပါး (၇:၁၄–၁၀:၂၉)

(က) ပထမကပ်ဆိုး၊ နိုင်းလ်မြစ်သွေးနီရေဖြစ်ခြင်း (၇:၁၄-၂၅)

(ခ) ဒုတိယကပ်ဆိုး၊ ဖားအန္တရာယ် (၈:၁-၁၅)

(ဂ) တတိယကပ်ဆိုး၊ ခြင်ကောင် (၈:၁၆-၁၉)

(ဃ) စတုတ္ထကပ်ဆိုး၊ ယင်ရဲကောင် (၈:၂၀-၃၂)

(င) ပဉ္စမကပ်ဆိုး၊ တိရစ္ဆာန်များအနာရေဂါကျခြင်း (၉:၁-၇)

(စ) ဆဋ္ဌမကပ်ဆိုး၊ အနာဆိုး (၉:၈-၁၂)

(ဆ) သတ္တမကပ်ဆိုး၊ မိုးသီးနှင့်မီး (၉:၁၃-၃၅)

(ဇ) အဋ္ဌမကပ်ဆိုး၊ ကျိုင်းကောင်များ (၁၀:၁-၂၀)

(ဈ) နဝမကပ်ဆိုး၊ သုံးရက်လုံးလုံးမှေင်မိုက်ခြင်း (၁၀:၂၁-၂၉)

၆။ သားဦးများသေကြခြင်းနှင့် ဣသရေလတို့ လွတ်မြောက်ခြင်း (၁၁:၁၀၁၂:၃၀)

၇။ အဲဂုတ္တုပြည်မှ ထွက်မြောက်ကြခြင်း (၁၂:၃၁–၁၅:၂၁)

(က) ပင်လယ်သို့ ဦးတည်ပြေးကြခြင်း (၁၂:၃၁-၁၃:၂၂)

(ခ) ပင်လယ်နီဖြတ်သန်းကြခြင်း (အခန်း ၁၄)

(ဂ) မောရှေ၏သီချင်း (၁၅:၁-၂၁)

၈။ သိနာတောင်ခရီး (၁၅:၂၂–၁၈:၂၇)

(က) ရှုရကန္တာရတော (၁၅:၂၂-၂၇)

(ခ) အပြစ်ဒုစရိုက်ကန္တာရတော (အခန်း ၁၆)

(ဂ) ရေဖိဒိမ်အရပ်ဒေသ (အခန်း ၁၇)

(ဃ) မောရှေနှင့် ယေသရော (အခန်း ၁၈)

၉။ ပညတ်တော်ပေးခြင်း (အခန်း ၁၉–၂၄)

(က) ဗျာဒိတ်တော်အတွက်ပြင်ဆင်ချိန် (အခန်း ၁၉)

(ခ) ပညတ်တော်ဆယ်ပါး (အခန်း ၂၀)

(ဂ) အထွေထွေပညတ်ချက်များ (အခန်း ၂၁-၂၄)

၁။ ကျေးကျွန်များ (၂၁:၁-၁၁)

၂။ ထိုခိုက်ဒဏ်ရာရရှိခြင်း (၂၁:၁၂-၃၆)

၃။ ခိုးမှုနှင့်သူတစ်ပါးပစ္စည်းဖျက်ဆီးခြင်း (၂၂:၁-၆)

၄။ မရိုးမဖြောင့်ခြင်း (၂၂:၇-၁၅)

၅။ သွေးဆောင်ခြင်း (၂၂:၁၆-၁၇)

၆။ နယ်ဘက်ပြစ်မှုနှင့်ဘာသာရေးပြစ်မှု (၂၂:၁၈-၂၃:၁၉)

၇။ အနိုင်အမှတ်လုယူခြင်း (၂၃:၂၀-၃၃)

၈။ ပညတ်တရားများအတည်ပြုခြင်း (၂၄:၁-၈)

၉။ ဘုရားသခင်ဘုန်းတန်ခိုးထင်ရှားခြင်း (၂၄:၉-၁၈)

၁၀။ တဲတော်နှင့်ယဇ်ပုရောဟိတ်အမှုတော် (အခန်း ၂၅–၄၀)

         (က) တဲတော်တည်ဆောက်ရန်ညွှန်ကြားချက် (အခန်း ၂၅-၂၇)

၁။ ကုန်ကြမ်းကပစ္စည်းများရှာဖွေစုဆောင်းခြင်း (၂၅:၁-၉)

၂။ ပဋိညာဉ်သေတ္တာ (၂၅:၁၀-၁၆)

၃။ ကရုဏာပလ္လင်တော် (၂၅:၁၇-၂၂)

၄။ ပစ္စည်းများတင်ရာစားပွဲတော် (၂၅:၂၃-၃၀)

၅။ ရွှေမီးတိုင်စင်နှင့် ဆက်စပ်ပစ္စည်းများ (၂၅:၃၁-၄၀)

၆။ တဲတော် (အခန်း ၂၆)

၇။ ကြေးဝါယဇ်ပလ္လင်နှင့် မီးရှို့ပူဇော်ခြင်း (၂၇:၁-၈)

၈။ တဲတော်ဝင်း၊ တိုင်နှင့်ကုလားကာ (၂၇:၉-၁၉)

၉။ လောင်စာဆီ (၂၇:၂၀-၂၁)

         (ခ) ယဇ်ပုရောဟိတ်အမှုအရာ (အခန်း ၂၈-၂၉)

၁။ ယဇ်ပုရောဟိတ်ဝတ်ရုံ (အခန်း ၂၈)

၂။ ယဇ်ပုရောဟိတ်၏ အထဋ်အမြတ် (အခန်း ၂၉)

(ဂ) တဲတော်နှင့်ပတ်သက်၍ အခြားညွှန်ကြားချက်များ (အခန်း ၃၀၊၃၁)

၁။ နံ့သာပေါင်းယဇ်ပလ္လင် (၃၀:၁-၁၀)

၂။ အသက်ရွေးရန်ငွေ (၃၀:၁၁-၁၆)

၃။ အင်တုံ (၃၀:၁၇-၂၁)

၄။ ဘိတ်သိက်ဆီ (၃၀:၂၂-၃၃)

၅။ အမွှေးတိုင် (၃၀:၃၄-၃၈)

၆။ လက်မှုညာဆုလက်ဆောင် (၃၁:၁-၁၁)

၇။ ဥပုသ်နေ့အင်္ဂါရပ် (၃၁:၁၂-၁၈)

(ဃ) ရုပ်တုဆင်းတုကိုးကွယ်မှုရှုတ်ချခြင်း (အခန်း ၃၂၊၃၃)

၁။ ရွှေနွားရုပ် (၃၂:၁-၁၀)

၂။ မောရှေအမျက်ဒေါသထွက်ခြင်း (၃၂:၁၁-၃၅)

၃။ မောရှေ၏လူများနောင်တရကြခြင်း (၃၃:၁၁-၁၆)

၄။ မောရှေတဲတွင် စုဝေးကြခြင်း (၃၃:၇-၁၁)

၅။ မောရှေ၏ဆုတောင်း (၃၃:၁၂-၂၃)

(င) ပညတ်တရားများ အသစ်ပြန်ပေးခြင်း (၃၄:၁-၃၅:၃)

(စ) တဲတော်ဆင်မြန်းရန်ပြင်ဆင်ကြခြင်း (၃၅:၄-၃၈:၃၁)

၁။ ဘုရားပေးလှူသူများ ဘုရားရှင်က လက်ဆောင်ပေးခြင်း (၃၅:၄-၃၆:၇)

၂။ တဲတော်ကာရံထားသောပိတ် (၃၆:၈-၁၉)

၃။ သုံးဖက်သုံးလံအကာများ (၃၆:၂၀-၃၀)

၄။ အကာအရံအတွက် ကြွက်လျှောက်တန်းများ (၃၆:၃၁-၃၄)

၅။ အသန့်ရှင်းဆုံးနေရာအဝင်လိုက်ကာ (၃၆:၃၅၊၃၆)

၆။ အသန့်ရှင်းဆုံးဌာနတော် (၃၆:၃၇၊၃၈)

၇။ ပဋိညာဉ်သေတ္တာတော် (၃၇:၁-၅)

၈။ ကရုဏာပလ္လင်တော် (၃၇:၆-၉)

၉။ ပစ္စည်းတင်စရာစားပွဲတော် (၃၇:၁၇-၂၄)

၁၀။ ရွှေမီးတိုင်နှင့်ဆက်စပ်ပစ္စည်းများ (၃၇:၁၇-၂၄)

၁၁။ အမွှေးတိုင် (၃၇:၂၅-၂၈)

၁၂။ ဘိသိက်ဆီနှင့်အမွှေးနံ့သာ (၃၇:၂၉)

၁၃။ မီးခိုးပူဇော်ရာယဇ်ပလ္လင် (၃၈:၁-၇)

၁၄။ အင်တုံ (၃၈:၈)

၁၅။ တဲတော်ဝင်း၊ တိုင်နှင့်အကာအရံများ (၃၈:၉-၃၁)

(ဆ) ယဇ်ပုရောဟိတ်ဝတ်ရုံပြင်ဆင်ခြင်း (အခန်း ၃၉)

(ဇ) တဲတော်စိုက်ထူဆောက်လုပ်ကြခြင်း (အခန်း ၄၀)

TAGS: ထွက်မြောက်ရာကျမ်း

ကိုးကား[ပြင်ဆင်ရန်]