ထားဝယ်မြစ်

ဝီကီပီးဒီးယား မှ
ထားဝယ်မြစ်ဝ

ထားဝယ်မြစ်သည် မြန်မာနိုင်ငံရှိ မြစ်တစ်စင်းဖြစ်ကာ တနင်္သာရီတောင်တန်းများမှ စတင်မြစ်ဖျားခံကာ တနင်္သာရီတိုင်းဒေသကြီး ကမ်းရိုးတန်းရှိ ကပ္ပလီပင်လယ်တွင်းသို့ စီးဝင်သည်။ မြစ်၏အဆုံးပိုင်းမှာ မြောက်မှ တောင်သို့ စီးဆင်းပြီး ပင်လယ်တွင်းစီးဝင်ရာနေရာတွင် မြစ်ဝကျယ်ကို ဖြစ်ပေါ်စေသည်။ မြစ်ဝ၏ အနောက်ဘက်ပိုင်းတွင် ကျွန်းငယ်လေးများတည်ရှိသည်။[၁]

ထားဝယ်မြို့ သည် ထားဝယ်မြစ်ဝ၏ ၄၀ ကီလိုမီတာအကွာတွင် တည်ရှိသည်။

အခြားကြည့်ရန်[ပြင်ဆင်ရန်]

  • မြန်မာနိုင်ငံရှိ မြစ်များ

ကိုးကား[ပြင်ဆင်ရန်]

  1. Prostar Sailing Directions 2005 India & Bay of Bengal Enroute By National Geospatial-intelligence Agency

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]