သင့်လျော်မျှတသည့် အသုံးပြုမှု

ဝီကီပီးဒီးယား မှ
(တရားမျှတစွာ အသုံးပြုခြင်း မှ ပြန်ညွှန်းထားသည်)

သင့်လျော်မျှတသည့် အသုံးပြုမှု (အင်္ဂလိပ်: fair use) သည် မူပိုင်ခွင့်ရှိ ပစ္စည်းအား မူပိုင်ခွင့်ပိုင်ရှင်ထံမှ ခွင့်ပြုချက် ရယူရန်မလိုဘဲ အကန့်အသတ်ဖြင့် အသုံးပြုခွင့်ပေးထားသည့် အမေရိကန်ပြည်ထောင်စု ဥပဒေဆိုင်ရာ အယူဝါဒ တစ်ခု ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုပြင်ပ အချို့နိုင်ငံများတွင် အသုံးပြုသည့် Fair dealing နှင့် ဆင်တူသည်။

မြန်မာနိုင်ငံ၏ စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေ (၂၀၁၉) တွင် "ပုဂ္ဂိုလ်တစ်ဦးသည် မိမိကိုယ်တိုင် အသုံးပြုရေးအတွက် ထုတ်ဝေပြီးသော စာပေ သို့မဟုတ် အနုပညာ လက်ရာ၏ တစ်စိတ်တစ်ဒေသကို အခွင့်အရေးရရှိသူ၏ ခွင့်ပြုချက် ရယူရန်မလိုဘဲ မူပွားခြင်းပြုနိုင်သည်။ ထိုသို့ မူပွားခြင်း ပြုမူရာတွင် သင့်လျော်မျှတသည့် အသုံးပြုမှုနှင့် ကိုက်ညီရမည်" ဟု ဖော်ပြထားသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Copyright Law (Law No. 15/2019 of May 24, 2019) (24 May 2019)။ 2021-02-20 တွင် ပြန်စစ်ပြီး။