ဆိပ်ကြီးခနောင်တိုမြို့နယ်

ဝီကီပီးဒီးယား မှ
ဆိပ်ကြီးခနောင်တိုမြို့နယ်
ဆိပ်ကြီးခနောင်တိုမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဆိပ်ကြီးခနောင်တိုမြို့နယ်
ဆိပ်ကြီးခနောင်တိုမြို့နယ်
ဆိပ်ကြီးခနောင်တိုမြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°45′30″N 96°7′0″E / 16.75833°N 96.11667°E / 16.75833; 96.11667ကိုဩဒိနိတ်: 16°45′30″N 96°7′0″E / 16.75833°N 96.11667°E / 16.75833; 96.11667
နိုင်ငံ မြန်မာ
တိုင်း​ဒေသကြီး ရန်ကုန်
ခရိုင်တွံတေး
စာပို့သင်္ကေတ၁၁၂၇၁

ဆိပ်ကြီးခနောင်တိုမြို့နယ်သည် ရန်ကုန်မြစ်၏ အနောက်တောင်ကမ်းပေါ်တွင် တည်ရှိသည်။ ဆိပ်ကြီးခနောင်တိုမြို့နယ်၏ မြောက်ဘက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်တွင် တွံတေးတူးမြောင်း၊ အနောက်ဘက်နှင့် တောင်ဘက်တွင် တွံတေးမြို့နယ်တို့ တည်ရှိသည်။

ဆိပ်ကြီးခနောင်တိုက မြန်မာဘုရင်တွေလက်ထက် ဒဂုံ၊ ဒလ၊ သန်လျှင် တို့ ထင်ရှားချိန် ကတည်းက ရှိခဲ့တဲ့ ဒေသတစ်ခုဖြစ်သည်။

ထိုအချိန်က ဒလ တွံတေး ဆိပ်ကြီးခနောင်တို ဆိုတာ တစ်ဆက်တည်း တည်ရှိခဲ့ပြီး

၁၈၇၃ ခုနှစ်မှာ တွံတေးတူးမြောင်း ဖောက်လုပ်မှသာ တစ်ဖက်စီဖြစ်ခဲ့ရသည်။

လှေတွေ သင်္ဘော တွေဆိုက်ကပ်ဖို့ ဆိပ်ကမ်းကောင်းများရှိ၍ ဆိပ်ကြီးဟု အမည်တွင်ခဲ့ပြီး မွန်ဘာသာနဲ့ ခနောင်ဆိုသည်မှာ ဝဲ ကိုဆိုလိုခြင်းဖြစ်ပြီး ခနောင်တိုချောင်းသည် ဝဲ ပေါများသောကြေင့် ခနောင်တို ဟူသောအမည်အား ထပ်မံထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ဆိပ်ကြီးခနောင်တိုသည် ပင်လယ်ရေမျက်နှာပြင်အထက် ၈ပေအထက်တွင်တည်ရှိသောကြောင့် ထူးကဲဒီရေဒဏ်ကို အမြဲခံရလေ့ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်ကို ရပ်ကွက် (၉)ခုဖြင့် ဖွဲ့စည်းထားသည်။ ရန်ကုန်မြို့လယ်ကောင်၏ တဖက်ကမ်းတွင် တည်ရှိသော်လည်း ယခင်က ဆက်သွယ်ထားသော တံတားမရှိသေး၍ ဤမြို့နယ်မှာ ဖွံဖြိုးတိုးတက်မှု နည်းပါးသေးသည်။ ယခုအခါ ရန်ကုန်-လှိုင်သာယာ-တွံတေး ကားလမ်းပေါ်သို့တိုက်ရိုက်ဆက်သွယ်ထားသော ဆိပ်ကြီးခနောင်တိုကြိုးတံတား တည်ဆောက်ဖွင့်လှစ်ပြီးဖြစ်၍ ယခင်ကထက် လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်လာပြီဖြစ်သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် အစိုးရ မူလတန်းကျောင်း (၁၆) ကျောင်းနှင့် အထက်တန်းကျောင်း (၁) ကျောင်းနှင့် အထက်တန်းကျောင်းခွဲတစ်ကျောင်းရှိသည်။

ကိုးကား[ပြင်ဆင်ရန်]