စီးပွားရေးလုပ်ငန်း အမျိုးအစားများ

ဝီကီပီးဒီးယား မှ

စီးပွားရေးလုပ်ငန်း ဆိုသည်မှာ စီးပွားရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်း နှင့် အခြားခွင့်ပြုထားသော လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ကုမ္ပဏီအက်ဥပဒေနှင့် အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းကို ဆိုလိုခြင်း ဖြစ်သည်။ အမြဲဆိုသလိုပင် စီးပွားရေးလုပ်ငန်းများသည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ရောင်းချရန် ဖွဲ့စည်းလေ့ ရှိကြသည်။ နိုင်ငံများစွာ၏ ဥပဒေအရ သတ်မှတ်ထားသော စီးပွားရေး လုပ်ငန်း အမျိုးမျိုး အစားစား ရှိသည်။ ၎င်းတို့တွင် ကော်ပိုရေးရှင်းများ၊ သမဝါယမလုပ်ငန်းများ၊ အစုစပ်လုပ်ငန်းများ၊ တစ်ဦးတည်း ရောင်းဝယ်ဖောက်ကားသူများ၊ ပေးရန် အကန့်အသတ်ရှိသော ကုမ္ပဏီများ နှင့် အခြား သီးခြား ခွင့်ပြု၍ အမည်ပေးထားသော လုပ်ငန်းများ ပါဝင်သည်။ ထိုသီးခြား ဥပဒေများသည် နိုင်ငံအလိုက်၊ ပြည်နယ်အလိုက်၊ ဒေသအလိုက် ကွဲပြား ခြားနားသည်။ အချို့သော လုပ်ငန်း အမျိုးအစားများကို အောက်တွင် ဖောက်ပြထားသည်။ လမ်းညွှန်အနေနှင့် အင်္ဂလိပ်စကားကို အသုံးပြုသော နိုင်ငံများ၏ ကုမ္ပဏီ ဥပဒေနှင့် ညီမျှသော လုပ်ငန်းများကို ဖော်ပြထားခြင်း ဖြစ်သည်။

≈ အများပိုင် ပေးရန် အကန့်အသတ်ရှိသော ကုမ္ပဏီ (ယူကေ၊ အိုင်ယာလန် နှင့် ဓနသဟာယနိုင်ငံများ)
≈ ပေးရန် အကန့်အသတ်ရှိသော ကုမ္ပဏီ (ယူကေ၊ အိုင်ယာလန် နှင့် ဓနသဟာယနိုင်ငံများ)
≈ ပေးရန် အကန့်အသတ်ရှိသော အစုစပ်လုပ်ငန်း
= ပေးရန် အကန့်အသတ် မရှိသော အစုစပ်လုပ်ငန်း
= ချာတာ ကုမ္ပဏီ
= စတက်ကျု ဥပဒေအရ ဖွဲ့စည်းထားသော ကုမ္ပဏီ
= ဦးပိုင်ကုမ္ပဏီ
= ကုမ္ပဏီခွဲ
= တစ်ဦးတည်းပိုင် လုပ်ငန်း
= အစိုးရမဟုတ်သော အဖွဲ့အစည်းများ