ဂျူလီယန်နေ့စွဲ

ဝီကီပီးဒီးယား မှ

နက္ခတ်ပြက္ခဒိန်တွက်ရာ၌ သုံးသော စနစ်မျိုးဖြစ်၍ နှစ်၊ လကို အခြေခံမထားဘဲ ရက်တစ်ခုထဲကိုသာ ရေတွက်သည်။ ၁၅၈၂-ခုနှစ်တွင် ဂျိုးဆက်စကာလီဂါက စတင်တီထွင်သည်။ ဤနည်းဖြင့် ပြက္ခဒိန်အမျိုးမျိုးကို အသုံးပြုကြခြင်းကြောင့် နေ့ရေတွက်ပုံ လွှဲမှားစရာ မရှိတော့ဘဲ အမှန်ကို တစ်ဆက်တည်း ရေတွက်နိုင်မည် ဖြစ်လေသည်။ ဂျူလီယန် ပြက္ခဒိန်တွင် ခရစ်တော်မပေါ်မီ ၄၇၁၃-ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ကို သတ်မှတ်အရင်းခံ၍ လက်ရှိရက်ပေါင်းကို ရေတွက်သည်။ ထိုအတိုင်းတွက်ရာ၌ ၁၉၆၈-ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ထိ ရက်ပေါင်း (၂၄၃၉၈၅၇) ရှိမည်ဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ဂျူလီယန်နေ့စွဲ" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။