ဂါယာမြို့

ဝီကီပီးဒီးယား မှ
ဂေါတမ ဗုဒ္ဓ တရားဟောကြားတော မူခဲ့သော ဗြဟ္မရောဏီ တောင်ကုန်း

ဂါယာမြို့သည် အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၏ ဒုတိယမြောက် အကြီးဆုံးမြို့ ဖြစ်ပြီး ဂါယာခရိုင်၏ မြို့တော် ဖြစ်သည်။

ဘီဟာပြည်နယ်၏ မြို့တော်ဖြစ်သော ပတ္တနာမြို့၏ တောင်ဘက် ကီလိုမီတာ ၁၀၀ အကွာတွင် တည်ရှိသည်။ ဖာလဂူမြစ် (ရာမယဏဇာတ်တော်ထဲတွင် ပါသည့် နိရဉ္စရာမြစ်) ၏ ကမ်းပါး ပေါ်တွင် တည်ရှိသည်။ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ နှင့် ဂျိမ်းဘာသာ ကိုးကွယ်သူ တို့အတွက် အထွတ်အမြတ် ဌာနတစ်ခု ဖြစ်သည်။ ၃ ဖက် ၃ တန်တွင် မင်္ဂလာ ဂေါရီ၊ ရှရင်ဂ စသန်၊ ရမ် ရှီလာ၊ ဗြဟ္မရောဏီ အစရှိသော ကျောက်တောင်ကုန်းငယ်ကလေးများဖြင့် ဝိုင်းပတ်လျက် ရှိပြီး ကျန်ရှိသော ဘက်အခြမ်းတွင် မြစ်ရှိသည်။ ဂါယာမြို့တွင် သဘာဝ အတိုင်းရှိသော နေရာများ၊ ရှေးဟောင်း အဆောက်အအုံများနှင့် လမ်းကျဉ်းကလေးများ ရောထွေးနေသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဗုဒ္ဓဂါယာရှိ မဟောဗောဓိ ဘုရား။ ဂေါတမဗုဒ္ဓ ဘုရားပွင့်တော် မူခဲ့ရာ နေရာ