ခွံစပ်တစ်စေ့သီး

ဝီကီပီးဒီးယား မှ
ခွံစပ်တစ်စေ့သီးအမျိုးမျိုး

ရုက္ခဗေဒတွင်  ခွံစပ်တစ်စေ့သီးဆိုသည်မှာ ရိုးရိုးအသီးခြောက်အမျိုးအစားတစ်ခု ဖြစ်သည်။ အသီးခြောက်သည် မအင်္ဂါတစ်ခုလာ( မအင်္ဂါတစ်ခုတည်းမှ ဖြစ်တည်လာ) ပြီး မအက်ကွဲသီး ( မှည့်သည့်အချိန်တွင် အခွံမကွဲ) [၁] လည်း ဖြစ်ကာ အသီးခွံသည် အစေ့ခွံပါးနှင့် ပေါင်းစပ်နေသည်မှလွဲ၍ ကျန်သည်မှာ ဒေါက်ယားသီးနှင့် ဆင်တူသည်။

ခွံစပ်တစ်စေ့သီးကို အစေ့အဆံဟု လူသိများကာ ခေါ်ဝေါ်လျက် ရှိကြပြီး ဂျုံစပါးနှင့် ပြောင်းဖူးတို့ ပါဝင်သည့် မြက် (ပိုအေစီအီး- Poaceae သို့မဟုတ် ဂရာမီနီအီး-Gramineae) မျိုးရင်းတွင် ပါဝင်သော ပုံမှန်အသီးတစ်မျိုး ဖြစ်သည်။.[၂]

အစေ့အဆံဟူသော ဝေါဟာရကို များသောအားဖြင့် ကောက်နှံများနှင့် အဓိပ္ပာယ်ဆင်တူသော အနေဖြင့်လည်း သုံးကြပါသေးသည်။ အသီးနံရံ(အသီးခွံ)နှင့် အစေ့တို့သည် တစ်လွှာတည်းအဖြစ် နက်နက်ရှိုင်းရှိုင်းပေါင်းစပ်နေပြီး ခွံစပ်တစ်စေ့သီး သို့မဟုတ် ကောက်နှံ(အစေ့အဆံ)သည် အသီးခြောက်ဖြစ်သည်ဟု ယူဆမည်ဆိုလျှင် အဆိုပါ အပင်ဖွဲ့စည်းတည်ဆောက်ပုံများတွင် "အသီး"နှင့်"အစေ့"ကို တိတိကျကျခွဲခြားပြရန်မှာ စဉ်းစားစရာကိစ္စ ညဖြစ်လာမည်။ အစေ့အဆံတော်တော်များများတွင် အစေ့ခွံများသည် အစေ့ခွံမဖြစ်သေးသောအချိန်တွင် ပွင့်ခံရွက်များ ဖြစ်ကြပေသည်။

အပြင်သို့ ထိုးထွက်နေသော ဝတ်မှုန်အိတ်သုံးအိတ်နှင့် ဂျုံပွင့်ငယ်
ခွံစပ်တစ်စေ့သီး ကန့်လန့်ဖြတ် ဖြတ်ပိုင်းပုံ

ကိုးကား[ပြင်ဆင်ရန်]

  1. Caryopsis။ Merriam Webster။ 31 August 2014 တွင် ပြန်စစ်ပြီး။
  2. caryopsis။ Encyclopedia Britannica။ 31 August 2014 တွင် ပြန်စစ်ပြီး။