ကိန်း ရုပ်ရှင်ပွဲတော်

ဝီကီပီးဒီးယား မှ

ကိန်း ရုပ်ရှင်ပွဲတော် (ပြင်သစ်: Festival de Cannes) သည် ပြင်သစ်နိုင်ငံ၊ ကိန်းမြို့၌ နှစ်စဉ်ကျင်းပသော ရုပ်ရှင်ပွဲတော်တစ်ခု ဖြစ်သည်။ ကမ္ဘာအရပ်ရပ်ရှိ အစားစားသော ရုပ်ရှင်ကားသစ်များကို မြည်းစမ်းပြီး ဆုချီးမြှင့်လေ့ ရှိသည်။ ၁၉၄၆ ခုကတည်းက စတင်ခဲ့ပြီး အဖိတ်ခံများသာ တက်ရောက်ရသည့် ထိုပွဲကို ရုပ်ရှင်နန်းတော် (ပြင်သစ်: Palais des Festivals et des Congrès) ၌ မေလခန့်တွင် ပြုလုပ်လေ့ရှိသည်။ ၂၀၀၂ ခုနှစ်မတိုင်ခင်က နိုင်ငံတကာရုပ်ရှင်ပွဲတော် (ပြင်သစ်: Festival International du film) ဟု တွင်သည်။ ဘာလင်ရုပ်ရှင်ပွဲတော်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်တို့နဲ့အတူ ကြီးသုံးကြီးတွင်ပါဝင်သော ပွဲတော်တစ်ခုလည်း ဖြစ်၏။

ဆုများ[ပြင်ဆင်ရန်]

အမြင့်ဆုံးဆုမှာ ရွှေကလောင်ဆု (ပြင်သစ်: Palme d'Or) ဖြစ်ပြီး ဂျူရီများရော ပွဲတက်ပရိသတ်ပါနှစ်သက်သည့် အကောင်းဆုံးဇာတ်ကားအား ပေးသည်။ အခြားဆုများမှာ -

  • အကောင်းဆုံး ဇာတ်ကားဆု (ပြင်သစ်: Grand Prix)
  • ဂျူရီဆု
  • အကောင်းဆုံး ဇာတ်လမ်းတိုဆု
  • အကောင်းဆုံး မင်းသမီးဆု
  • အကောင်းဆုံး မင်းသားဆု
  • အကောင်းဆုံး ဒါရိုက်တာဆု
  • အကောင်းဆုံး ဇာတ်ညွှန်းဆု
၁၉၇၉ ခုတွင် "ကမ္ဘာပျက်ပြီ" ဇာတ်ကားအား ချီးမြှင့်ခဲ့သည့် ရွှေကလောင်ဆု

ကိုးကား[ပြင်ဆင်ရန်]