ကန်နီ ရော်ဂျာ

ဝီကီပီးဒီးယား မှ
ကန်နီ ရော်ဂျာ
၁၉၉၇ ဇန်နဝါရီတွင် တွေ့ရသော ရော်ဂျာ
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းကက်နက် ရေး ရော်ဂျာ
မွေးဖွား(1938-08-21)ဩဂုတ် ၂၁၊ ၁၉၃၈
အမေရိကန်ပြည်ထောင်စုတက္ကဆက်ပြည်နယ်၊ ဟျူးစတန်မြို့
ကွယ်လွန်မတ် ၂၀၊ ၂၀၂၀(2020-03-20) (အသက် ၈၁)
အမေရိကန်ပြည်ထောင်စုဂျော်ဂျီယာပြည်နယ်၊ ဆန်ဒီ စပရင်းမြို့
ဂီတဟန်
  • Country
  • pop
  • adult contemporary
  • soft rock
  • easy listening
အလုပ်အကိုင်
  • Singer
  • songwriter
  • actor
  • record producer
  • entrepreneur
တူရိယာ
  • Vocals
  • guitar
  • bass guitar
  • harmonica
  • fiddle
တက်ကြွသည့်နှစ်များ၁၉၅၇–၂၀၁၇
တေးသံသွင်း ကုမ္ပဏီ
  • Cue
  • Carlton
  • Mercury
  • United Artists
  • Giant
  • Reprise
  • Atlantic
  • iberty
  • Curb
  • RCA
  • Dreamcatcher
  • Capitol
  • WEA
  • Warner Bros
ပူးတွဲ ပါဝင်မှု
ဝက်ဘ်ဆိုက်kennyrogers.com

ကက်နက် ရေး ရော်ဂျာ (အင်္ဂလိပ်: Kenneth Ray Rogers) (၂၁-ဩဂုတ်-၁၉၃၈ မှ ၂၀-မတ်-၂၀၂၀) သည် အမေရိကန် အဆိုတော်၊ တေးရေးသူ၊ ရုပ်ရှင်သရုပ်ဆောင်၊ တေးထုတ်လုပ်သူ၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ ၂၀၁၃တွင် ကန်းထရီးဂီတ ဂုဏ်ပြုအဖွဲ့အစည်းနှင့် ပြတိုက် အဖွဲ့ဝင်အဖြစ် (Country Music Hall of Fame ) အရွေးချယ်ခံရသည်။[၁] ကန်းထရီးဂီတပရိသတ်များကြားတွင် အအောင်မြင်ဆုံးဖြစ်သော်လည်း ရော်ဂျာသည် ၎င်း၏အောင်မြင်ကျော်ကြားသော သီချင်း (၁၂၀) ကို အမျိုးမျိုးသော ဂီတပုံစံများမှလည်းရရှိခဲ့ကာ ကန်းထရီး နှင့် ပေါ့ပ်ဇယား၌ အမေရိကန်တစ်ခုတည်း၌ပင် ရက်သတ္တပတ်ပေါင်း (၂၀၀)ကျော်ရပ်တည်နိုင်ခဲ့သည်။ ကမ္ဘာအနှံ့ တေးသီချင်းအချပ်ရေသန်း (၁၀၀)ကျော်ရောင်းချရ၍ (တေးသီချင်း/အခွေ)ရောင်းအားအကောင်းဆုံးအနုပညာရှင်များအနက် တစ်ဦးပါဝင်ခဲ့သည်။[၂]

၁၉၅၀နှောင်းပိုင်းတွင် သီချင်းသီဆိုခြင်းကို ဂျက်ဇ်ဂီတအဆိုတော် Bobby Doyle နှင့်အတူစတင်ခဲ့သည်။ ၁၉၆၁၌ ဖော့ခ်(folk)ဂီတအဖွဲ့ New Christy Minstrels သို့ဝင်ရောက်ခဲ့သည်။ ထိုအဖွဲ့တွင် double bass ဟုခေါ်သော တယောတူရိယာ(အကြီး) နှင့် ဘေ့စ်ဂစ်တာကို တီးခတ်ကာ သီချင်းလည်းဆိုခဲ့သည်။ ၁၉၆၇တွင် ရော်ဂျာနှင့် ထိုအဖွဲ့မှ အဖွဲ့ဝင်အချို့သည် အဖွဲ့မှထွက်ခွာ၍ the First Edition အဖွဲ့ကို တည်ထောင်ခဲ့ကြသည်။ ထိုအဖွဲ့ဝင်များနှင့်အတူ ၎င်း၏ပထမဆုံးနာမည်ကြီးသီချင်းမှာ Just Dropped In (To See What Condition My Condition Was In) ဖြစ်ကာ "ဂီတဖြတ်သန်းမှုနှင့် မူးယစ်ဆေး..စသည်တို့ပါဝင်သော ဂီတအမျိုးအစား" ဆိုက်ခဲဒက်လစ်ခ် ရော့ခ် (psychedelic rock) သီချင်းပုံစံဖြစ်သည်။ ဘီလ်ဘော့ဒ်ဇယား တွင် အဆင့်(၅)ရရှိခဲ့သည်။ ရော်ဂျာသည် First Edition အဖွဲ့၌ ခေါင်းဆောင်ပိုင်းကိုပို၍ ရယူခဲ့ပြီး ၁၉၆၉ခု၏ Ruby, Don't Take Your Love to Town သီချင်းအောင်မြင်လာပြီးနောက် တီးဝိုင်းသည် ကန်းထရီးဂီတအငွေ့အသက်ဖက်သို့ ပုံစံဖြည်းဖြည်းခြင်း ပြောင်းလဲလာခဲ့သည်။ တီးဝိုင်းသည် ၁၉၇၅-၇၆၌ ကွဲခဲ့ကြပြီး ကန်နီရော်ဂျာသည် တစ်ကိုယ်တည်းဘဝဖြင့် ကြာရှည်အောင်မြင်စွာ စတင်လုပ်ဆောင်နိုင်ခဲ့သည်။ ထိုဘဝတွင်လည်း အောင်မြင်သော ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ရာ Dolly Parton၊ Sheena Easton တို့နှင့် တွဲဖက်သီဆိုခြင်း၊ လိုင်ယန်နယ် ရစ်ချီ နှင့် ပူးတွဲတေးရေးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ ၎င်း၏ အမှတ်သညာသီချင်းဖြစ်သော "The Gambler" သည် ပုံစံမတူသည့် ဂီတပုံစံအောင်မြင်မှုဖြစ်၍ ၁၉၈၀၌ ဂရမ်မီဆုရရှိခဲ့သည်။ ၂၀၁၈တွင် အမေရိကန်အောက်လွှတ်တော် စာကြည့်တိုက် (Library of Congress)မှ အမျိုးသားသီချင်းများမော်ကွန်း(National Recording Registry)တွင် ထိန်းသိမ်းရန်အတွက် ထည့်သွင်းရွေးချယ်ခဲ့သည်။ The Gambler သီချင်း၏ ဗီဇစရိုက်ကို ရုပ်မြင်သံကြား၏ အခန်းဆက်ရုပ်ရှင်များအတွက် ဇာတ်ကောင်ကို ပျိုးထောင်ခဲ့သည်။ ၁၉၈၀နှစ်များ၌ စတင်ပြသခဲ့ပြီး အမ်မီဆုညဆန်ကာတင်တွင် ပါဝင်ခဲ့သည်။

၎င်း၏အခွေ The Gambler နှင့် Kenny သည် About.com၏ မဲရွေးချယ်မှုစာရင်း ကန်းထရီးဂီတ လွှမ်းမိုးနိုင်မှုအရှိဆုံးအခွေ (၂၀၀)၌ ပါဝင်ခဲ့၏။[၃] ၁၉၆၈ ယနေ့ ယူအက်စ်အေ (USA Today) နှင့် ပြည်သူ့မဂ္ဂဇင်း (People)မှ စာဖတ်သူများ၏ ပူးတွဲမဲ၌ "အကြိုက်ဆုံး အဆိုတော်" အဖြစ်ရွေးချယ်ခဲ့ကြသည်။[၄] ဆုပေါင်းများစွာကိုရရှိ၍ ထိုဆုများမှာ အမေရိကန်ဂီတဆု (American Music Awards)၊ ဂရမ်မီဆု၊ ကန်းထရီးဂီတဆု (Country Music Association) ၊ ကန်းထရီးအကယ်ဒမီဆု (Academy of Country Music) တို့ရရှိပြီး ၂၀၀၃တွင် နှစ်ပေါင်းခြောက်ဆယ်ကြာ ဂီတလှုပ်ရှားမှုများအတွက် ဘဝတစ်သက်တာအောင်မြင်ထူးချွန်ဆု (lifetime achievement award) ကိုလည်း ပေးအပ်ခဲ့ကြသည်။[၅] နောက်ပိုင်းအောင်မြင်မှုများတွင် Water & Bridges တေးအခွေထုတ်ဝေ၍ ဘီလ်ဘော့ဒ်ဇယား ဘီလ်ဘော့ဒ်ကန်းထရီးတေးအခွေရောင်းအား၌ အဆင့်(၅)ဖြင့်ရပ်တည်နိုင်ခဲ့ကာ ဘီလ်ဘော့ဒ် (၂၀၀)တွင် အဆင့် (၁၅)ရရှိခဲ့၏။ ထိုအခွေမှ ပထမအပုဒ် I Can't Unlove You သည် ကြီးမားသည့် အောင်မြင်မှုရခဲ့သည်။ ၂၀၁၇ အနားယူသည်အထိ နယ်လှည့်ဖျော်ဖြေပွဲများကိုလည်း ပုံမှန် ဆောင်ရွက်တင်ဆက်ခဲ့သည်။

များစွာသောရုပ်ရှင်၊ ရုပ်မြင်သံကြားအစီအစဉ်များ၊ အထူးသဖြင့် Kenny Rogers as The Gambler တွင် အဓိကအခန်းများ၊ The NBC Mystery Movie အတွက် MacShayne series နှင့် ၁၉၈၂-ရုပ်ရှင် Six Pack တွင် ပါဝင်ခဲ့သည်။[၆][၇] Kenny Rogers Roasters စားသောက်ဆိုင်များစွာကို KFC အမှုဆောင်အရာရှိချုပ် John Y. Brown Jr.နှင့် ပူးတွဲတည်ထောင်ခဲ့သည်။ အမေရိကတွင် ပိတ်သိမ်းခဲ့သော်လည်း အာရှ၌ တည်ရှိနေသေးသည်။

၂၀၂၀ မတ်လ ၂၀ရက်နေ့တွင် ဂျော်ဂျီယာပြည်နယ် ဆန်ဒီ စပရင်းမြို့၌ ကွယ်လွန်ခဲ့သည်။

ထွက်ရှိပြီးသော တေးအယ်လ်ဘမ်များ[ပြင်ဆင်ရန်]

  • Love Lifted Me] (1976)
  • Kenny Rogers (1976)
  • Daytime Friends (1977)
  • Every Time Two Fools Collide (Dottie West) နှင့်အတူ (1978)
  • Love or Something Like It (1978)
  • The Gambler (1978)
  • Classics (Dottie West) နှင့်အတူ (1979)
  • Kenny (1979)
  • Gideon (1980)
  • Share Your Love (1981)
  • Christmas (1981)
  • Love Will Turn You Around (1982)
  • We've Got Tonight (1983)
  • Eyes That See in the Dark (1983)
  • What About Me? (1984)
  • Once Upon a Christmas (Dolly Parton)နှင့်အတူ (1984)
  • The Heart of the Matter (1985)
  • They Don't Make Them Like They Used To (1986)
  • I Prefer the Moonlight]' (1987)
  • Something Inside So Strong (1989)
  • Christmas in America (1989)
  • Love Is Strange (1990)
  • Back Home Again (1991)
  • If Only My Heart Had a Voice (1993)
  • Timepiece (David Foster) နှင့်အတူ (1994)
  • Vote for Love (1996)
  • The Gift (1996)
  • Across My Heart (1997)
  • Christmas from the Heart (1998)
  • She Rides Wild Horses (1999)
  • There You Go Again (2000)
  • Back to the Well (2003)
  • Water & Bridges (2006)
  • The Love of God (2011)
  • You Can't Make Old Friends (2013)
  • Once Again It's Christmas (2015)

ကိုးကား[ပြင်ဆင်ရန်]

  1. CMT.com Staff (April 10, 2013)။ Country Hall of Fame Elects Kenny Rogers, Bobby Bare, Jack ClementCMT News။ cmt.com။ 13 April 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 13, 2013 တွင် ပြန်စစ်ပြီး။
  2. Coulter၊ Barry။ "Kenny Rogers touches down in Cranbrook this week"၊ June 9, 2014။ June 11, 2014 တွင် ပြန်စစ်ပြီး။ Archived from the original on July 14, 2014။ 
  3. Gambler & Kenny Archived 18 April 2006 at the Wayback Machine. are on About.com's poll of "The 200 Most Influential Country Albums Ever"
  4. Voted 1986 "Favorite Singer of All-Time" Archived 7 January 2012 at the Wayback Machine. by readers of USA Today and People
  5. [၁] Rogers Receives Lifetime Achievement Award at the Wayback Machine (archived February 28, 2005)
  6. Kenny Rogers။ IMDb.com။ November 12, 2013 တွင် ပြန်စစ်ပြီး။
  7. "The Muppet Show" Episode No. 4.10 (1979)။ IMDb.com။ November 12, 2013 တွင် ပြန်စစ်ပြီး။