Skate punk

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Skate Punk (skate rock, skatecore နှင့် skate-thrash) သည် skater ယဉ်ကျေးမှုမျိုးခွဲငယ်တစ်ခုဖြစ်ပြီး punk rock ၏ မျိုးခွဲတစ်မျိုးဖြစ်သည်။ အမည်သတ်မှတ်ပြီးနောက် skater တွေကြားထဲကျော်ကြားလာခဲ့ပြီး skateboarding ယဉ်ကျေးမှုကြားထဲတွင် ဆက်နွယ်နေသည်။ hardcore punk မှစတင်ခဲ့ပြီး ၁၉၉၀ တွင် punk rock ၏ melodic အမျိုးအစားသို့ ပြောင်းလဲခဲ့သည်။ Skate punk သည် မြန်ဆန်၍ melodic အသံအမျိုးအစားဖြစ်ပြီး ၂၁ရာစု punk rock တီးဝိုင်းများနှင့် ဆင်တူသည်။ Skate ဗီဒီယိုများသည် ရိုးရာဓလေ့ထုံးစံဖြစ်ပြီး မြန်ဆန်သော punk rock ပုံစံဖြင့် ထူးခြားသည်။ တီးခတ်ခြင်းဖြင့် skate punk ဟူသော ဝေါဟာရကို ဖန်တီးခဲ့ကြသည်။

Skate punk ကို ၁၉၈၀တွင် Suicidal Tendencies နှင့် JFA စသောတီးဝိုင်းများက ဖန်တီးခဲ့သည်။ အစောပိုင်း skate punk တီးဝိုင်းများသည် hardcore punk လှုပ်ရှားမှု hardcore မှ အစိတ်အပိုင်းဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ် အောက်(စ်) နက်မှ ပေါ်ထွက်လာခဲ့သည်။ skate punk သည် ၁၉၉၀ အတောအတွင်းတွင် mainstream သို့ ချိုးဖောက်ခဲ့သည်။ The Offspring နှင့် Blink-182 တို့သည် ၁၉၉၀အတောအတွင်းတွင် mainstream တွင် အောင်မြင်မှုရရှိခဲ့သည်။ skate punk သည် ၂၀၀၀ခုနှစ်အစောပိုင်းတွင် The Offspring၊ Blink-182 နှင့် Sum 41 တို့၏ ကျော်ကြားမှုနှင့်အတူ ကျော်ကြားလာခဲ့သည်။ ၂၀၀၀အတောအတွင်းတွင် skate punk တီးဝိုင်းများ ပေါ်ထွက်လာခဲ့သည်။ ယခင် skate punk များတွင် Trash Talk, Cerebral Ballzy နှင့် FIDLAR တို့ပါဝင်ပြီး အင်တာနက်တွင် သူတို့၏ဂီတကို တိုးချဲ့ခဲ့သည်။

ဝိသေသလက္ခဏာ[ပြင်ဆင်ရန်]

AllMusic က skate punk ၏ မြန်သော tempo များကြောင့် "high-energy" ရှိသည်ဟု မှတ်သားခဲ့သည်။ ၁၉၉၀တွင် skate punk ပြောင်းလဲ၍ တီးခတ်ခဲ့သည်။ အသံမှာ hardcore punk ထက် pop punk နှင့် punk rock ကဲ့သို့ဖြစ်သည်။ skate punk ၏မူရင်းသည် skate culture နှင့် surf culture တို့တွင် တွေ့ရသည်။ စာရေးဆရာ Steve Fenton ရေးထားသည်မှာ "skate punk ၁၀၀ ခန့်ရှိသည်။ ဥရောပမှ ကျော်ကြားသော Blink 182 လိုပါပဲ" ဟုဆိုသည်။ စာရေးဆရာ Sharon M.Hannon က skate punk ၏ သတိပြုစရာမှာ မြန်ဆန်သော ဂီတာ ဘေ့စ်လိုင်းများနှင့် surf music ၏ ဒရမ်ပုံစံများ ပါဝင်သည်။ Spin မဂ္ဂဇင်းမှ Mark Lepage အဆိုအရ Skate punk သည် မကြာခဏ double-time hup-two-three-four beat ပါရှိသည်ဟုဆိုသည်။ skate punk ဂီတသည် မကြာခဏဆိုသလို သီချင်းဆိုခြင်းတွင် vocal harmony များဖြင့် ထူးခြားသည်။ Rolling Stone အမေရိကန်မဂ္ဂဇင်းသည် pop hardcore ၏အမျိုးအစားဖြစ်သည်ဟုဆိုသည်။ တချို့ skate punk ဂီတတွင် စာသားများ ရယ်ရွင်ဖွယ်ရာများ ပါရှိသည်။ skate punk ဂီတသည် lead guitar ဖြင့်တီးခတ်ခြင်းများ၊ guitar riff များ တစ်ခါတစ်ရံတွင် ဂီတဆိုလိုများဖြင့် ထူးခြားသည်။ skate punk ကို AllMusic ကရေးမှတ်ထားသည်မှာ ပုံမှန် punk rock ထက်ပြင်းထန်သော ဂီတာများပါရှိသည်ဟု ဆိုသည်။ blast beat နှင့် မြန်သော ဒရမ်တီးခတ်ပုံမှာ skate punk တွင် အများအားဖြင့် သက်ဆိုင်သည်။ skate punk ၏ထူးခြားချက်မှာ hardcore punk နှင့် melodic hardcore ၏မြန်သော tempo များဖြင့် ထူးခြားသည်။ တစ်ခါတစ်ရံတွင် pop punk၏ နားဝင်ချိုသော ပုံစံများနှင့် ပေါင်းစပ်ထားသည်။ တချို့ skate punk တီးဝိုင်းများသည် အခြားအမျိုးအစားများကိုလည်း တီးခတ်ကြသည်။ pop punk, funk metalနှင့် hardcore punk များမှာ တချို့ skate punk တီးခတ်ခြင်းကို သတိပြုမိသည်။ skate punk သည် third-wave ska အတွက် လမ်းခင်းပေးခဲ့သည်။ တချို့ skate punk တီးဝိုင်းများတွင် NOFX နှင့် The Suicide Machines တို့ပါဝင်ပြီး ska punk လည်းတီးခတ်ကြသည်။ တချို့ skate punk တီးဝိုင်းများဖြစ်သော Cryptic Slaughter, Suicidal Tendencies နှင့် Excel တို့သည် thrash metal နှင့် crossover thrash တို့ကိုလည်းတီးခတ်ကြသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အစောပိုင်း ဖွံ့ဖြိုးတိုးတက်မှု(၁၉၈၀)[ပြင်ဆင်ရန်]

hardcore punk ၏အမျိုးအစား ဖြစ်သော skate punk ကို ၁၉၈၀ အစောပိုင်းတွင် စတင်ခဲ့သည်။ The Big Boys, JFA နှင့် Suicidal Tendencies တို့သည် skate punk တီထွင်သူများဖြစ်သည်။ တီးဝိုင်းများမှာ Agression, Drunk Injuns, RKL, Gang Green, NOFX, McRad, The Black Athletes, Tales of Terror, Stalag 13, Hogran’s Heroesနှင့် The Faction တို့သည် ပထမဆုံး skate punk တီးဝိုင်းများထဲတွင် ပါရှိသည်။ AllMusic မှ Johnny Loftus ဖော်ပြထားသည်မှာ အစောပိုင်း skate punk ဂီတသည် hardcore ၏ ပြင်းထန်သော အမြန်နှုန်းဖြစ်သည်။ ကျော်ကြားသော စကိတ်စီးသူများကြားထဲတွင် ၁၉၈၀တွင် hardcore punk တီးဝိုင်းများသည် skateboarding culture နှင့် ဆက်နွယ်ပြီး skate punk ဟူသော တံဆိပ်ကို သတ်မှတ်လို်က်သည်။ အစောပိုင်း skate punk တီးဝိုင်းများသည် punk rock နှင့် skateboarding ကြားတွင် ဆက်နွယ်၍ ဖန်တီးခြင်းအတွက် အမှတ်ရစရာဖြစ်သည်။ JFA အဖွဲ့အဝင် Brican Brannon ပြေားကြားသည်မှာ Drunk Injuns တီးဝို်င်းအဆိုရှင် Morizen Foche နှင့် Thrasher မဂ္ဂဇင်းတည်ထောင်သူသည် skate punk ဟူသော် ဝေါဟာရကို စတင်ဖန်တီးသူဖြစ်ရမည်ဟုဆိုသည်။


အသံများပြောင်းလဲမှုနှင့် mainstream အောင်မြင်မှု (၁၉၉၀နှင့် ၂၀၀၀အစောပိုင်း)[ပြင်ဆင်ရန်]

Skate punk သည် ၁၉၉၀အတောအတွင်းတွင် လူကြိုက်များလာသကဲ့သို့ melodic အမျိုးအစားသို့ ပြောင်းလဲခဲ့သည်။ ထိုအချိန်အတွင်းတွင် skate punk တီးဝိုင်းများ mainstream အောင်မြင်မှုရရှိလာခဲ့သည်။ ထူးခြားသော အဖြစ်အပျက်မှာ Warped Tour ဖြစ်ပြီး ၁၉၉၅တွင် စတင်ခဲ့သည်။ ၁၉၉၀၏ အရေးပါသော skate punk တီးဝိုင်းများမှာ Lagwagon, Guttermouth, Blink-182, Face to Face, MxPx, Bad Religion, The Offspring နှင့် Penny Wise တို့ဖြစ်သည်။

Skate punkသည် ၁၉၉၀တွင် mainstream သို့ ချိုးဖောက်ခဲ့သည်။ The Offspring ၏ Smash album ကို ၁၉၉၄တွင် ထုတ်လွင့်ခဲ့သည်။ mainstream တွင် တီးဝိုင်းစတင်ခဲ့သည်။ Rancid ၏ album And Out Come the Wolves နှင့် Green Day ၏ album Dookie နှင့် ယဉ်လျက် The Offspring ၏ smash album သည် mainstream တွင် punk rock ကိုစတင်ခဲ့သည်။ Smash album သည် Recording Industry Association of American (RIAA) မှချီးမြှင့်သော platinum ဆိုရရှိခဲ့သည်။ အမေရိကန်တွင် အချပ်ရေ ၆၃၀၀၀၀၀ရောင်းချနိုင်ခဲ့ပြီး အမေရိကန်အပြင်ဘက်တွင် အချပ်ရေ ၅၀၀၀၀၀၀ရောင်းချနိုင်ခဲ့သည်။ NOFX ၏ ၁၉၉၄album Punk in Drublic သည် RIAA မှ ချီးမြှင့်သော ရွှေတံဆိပ်ဆုရရှိခဲ့သည်။ ၁၉၉၀၏ punk rock တီးဝိုင်းများနှင့်မတူဘဲ record label တွင် လက်မှတ် မရေးထိုးခဲ့ပေ။ NOFXသည် သူ၏ ဂီတဗီဒီယိုများကို MTVနှင့် VHI channel များတွင် ပြသရန် ခွင့်ပြုချက်မပေးခဲ့ချေ။

Bad Religion ၏ ၁၉၉၄album Strange Than Fiction သည် RIAAမှ ရွှေတံဆိပ်ဆုရရှိသည်။ ၁၉၉ရ ဧပြီတွင် The Offspring ၏ Ixnay on the Hombre album သည် RIAAမှ ချီးမြှင့်သော platinum ဆုရရှိခဲ့သည်။ Ixnay on the Hombre သည် ကမ္ဘာတစ်ဝန်းတွင် အချပ်ရေ ၃၀၀၀၀၀၀ရောင်းချနိုင်ခဲ့သည်။ အမေရိကန်တွင် အချပ်ရေ အနည်းဆုံး ၁၄၀၀၀၀၀ရောင်းချနိုင်ခဲ့သည်။ Ixnay on the Hombre album All I Want သည် Billboard ၏ Hot 100 Airplay သီချင်းစာရင်းတွင် ၆၅နေရာ ရောက်ရှိခဲ့သည်။ ၁၉၉၇ ဇွန်လတွင် Blink-182 သည် သူတို့၏ album Dude Ranch ကို ဖြန့်ချိခဲ့သည်။ ဤalbum သည် ၁၉၉၈ဖေဖော်ဝါရီတွင် RIAA မှ ချီးမြှင့်သော ရွှေတံဆိပ်ဆုရရှိခဲ့သည်။ ၁၉၉၉ နိုဝင်ဘာလတွင်လည်း platinum တံဆိပ်ရရှိခဲ့သည်။ Alternative Press (အမေရိကန် မဂ္ဂဇင်း) မှ Scott Heisel က Dude Ranch "a killer skate-punk record" ဟုဖော်ပြခဲ့သည်။ Dude Ranche Dammit သီချင်းသည် Billboard Hot 100 Airplay သီချင်းစာရင်းတွင် နံပါတ်၆၁နေရာသို့ ရောက်ရှိခဲ့သည်။ ၁၉၉၈တွင် MTV မှ ပြသခြင်းကို ခံရသည်။ ၁၉၉၈တွင် The Offspring က Americanna album ကိုဖြန့်ချိခဲ့ပြီး RIAA မှ platinum ဆုရရှိခဲ့သည်။

၁၉၉၉ဇွန်လတွင် Blink- 182 ၏ Enema of the state album ဖြန့်ချိခဲ့သည်။ albumသည် ၂၀၀၀ခုနှစ်ဇွန်နဝါရီတွင် platinum ဆုရရှိခဲ့သည်။ ၂၀၀၁ခုနှစ် ဖေဖော်ဝါရီလတွင် RIAA မှ ချီးမြှင့် သော platinum ဆုရရှိခဲ့သည်။ Enema of the State သည် ကမ္ဘာတစ်ဝန်းတွင် အချပ်ရေ အနည်းဆုံး ၁၅၀၀၀၀၀၀ရောင်းချနိုင်ခဲ့သည်။ အမေရိကန်တွင် အနည်းဆုံး ၄၅၄၀၀၀၀အချပ်ရေ ရောင်းချနိုင်ခဲ့သည်။ Blink-182 သည် mainstream အောင်မြင်မှုရရှိခဲ့သည်။ ၂၀၀၀ခုနှစ် နိုဝင်ဘာလတွင် Blink-182 The Mark, Tom and Travis Show (The Enema Strikes Back!) album ထွက်ရှိခဲ့သည်။ album သည် ထွက်ထွက်ပြီး ပထမအပတ်တွင် အနည်းဆုံး ၁၁၀၀၀၀အချပ်ရေ ရောင်းချနိုင်ခဲ့သည်။ ၂၀၀၁ခုနှစ် ဇန်နဝါရီလတွင် RIAA မှ ချီးမြှင့်သော ရွှေတံဆိပ်ဆု ရရှိခဲ့သည်။ ထူးခြားသူသည် studio track မှာ Man Overboard ဖြစ်သည်။ Man Overboard သည် Billboard ၏ Modern Rock Track သီချင်းစာရင်းတွင် နံပါတ်၂နေရာသို့ ရောက်ရှိခဲ့သည်။ Billboard ၏ Bubbling Under Hot 100 singles သီချင်းစာရင်းတွင် ၁၇ နေရာသို့ ရောက်ရှိခဲ့သည်။ ၂၀၀၀ နိုဝင်ဘာတွင် The Offspring ၏ Conspiracy of one album ထွက်ရှိခဲ့သည်။ album ထွက်ပြီး ရက် ၃၀ အတွင်းတွင် RIAA မှ ချီးမြှင့်သော platinum ဆုရရှိခဲ့သည်။ ၂၀၀၁ ဇွန်လတွင် Blink -182 album Take off Your Pants and Jacket ထွက်ရှိခဲ့သည်။ album သည် Billboard 200 သီချင်းစာရင်း Canadian album သီချင်းစာရင်းနှင့် Top Internet album သီချင်းစာရင်းတွင် နံပါတ်တစ်နေရာသို့ ရောက်ရှိခဲ့သည်။ Take off Your Pants and Jacket သည် ထွက်ထွက်ချင်းတစ်ပတ်အတွင်းတွင် အနည်းဆုံး ၃၅၀၀၀၀အချပ်ရေ ရောင်းချနိုင်ခဲ့သည်။ ၂၀၀၂ခုနှစ်မေလတွင် platinum ဆုရရှိခဲ့သည်။ ကနေဒါ skate punk တီးဝိုင်း Sum 41 သည် ၂၀၀၀ခုနှစ် အစောပိုင်းတွင် mainstream သို့ ချိုးဖောက်ခဲ့သည်။ Fat lip သီချင်းသည် Billboard Hot 100 သီချင်းစာရင်းတွင် နံပါတ် ၆၆နေရာနှင့် Modern Rock Track သီချင်းစာရင်းတွင် နံပါတ်၁နေရာသို့ ရောက်ရှိခဲ့သည်။ Fat Lip သည် Total Request live (တီဗီစီးရီး) တွင် လူကြိုက်များလာခဲ့သည်။ Fat Lip သီချင်းသည် ၂၀၀၁ ခုနှစ်တွင် RIAA မှ platinum ဆုရရှိခဲ့သည်။ All Killer No Killer album သည် Music Canada မှချီးမြှင့်သော platinum ဆုရရှိခဲ့သည်။

မကြာမီက skate punk ဂီတ(၂၀၁၀)[ပြင်ဆင်ရန်]

၂၀၁၀ အတောအတွင်းတွင် skate punk တီးဝိုင်းဟောင်းများလွှမ်းမိုးထားသည့် skate punk တီးဝိုင်းများ ပေါ်ထွက်လာခဲ့သည်။ ထိုတီးဝိုင်းများထဲတွင် Trash Talk, FIDLAR နှင့် Cerebral Ballzy တို့ပါဝင်သည်။ တီးဝိုင်းများသည် သူတို့၏ ဂီတကို အင်တာနက်တွင် တိုးမြှင့်ခဲ့သည်။ Trash Talk နှင့် Cerebral Ballzy သည် hardcore punkနှင့် Speed Metal တို့လွှမ်းမိုးထားသည်။ မည်သို့ဆိုစေ FIDLAR သည်သူတို့၏ self-titled album နှင့်အတူ underground တွင် အောင်မြင်မှုရရှိခဲ့သည်။ Billboard Top Heatseeker တွင် နံပါတ် ၅ နေရာသို့ရောက်ရှိခဲ့သည်။ Trash Talk သည် Odd Future record label တွင် လက်မှတ်ရေးထိုးခဲ့သည်။ record label သည် Trash Talk ၏ ဝါသနာရှင်များရရှိရန် ကူညီခဲ့သည်။