Progressive metal

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Progressive Metal ကို prog metal ဟုလည်းသိကြပြီး progressive rock နှင့် heavy metal ၏မျိုးခွဲတစ်မျိုးဖြစ်ပြီး ၁၉၇၀ တွင် အင်္ဂလန်နှင့် အမေရိကန်တွင် စတင်ခဲ့သည်။ Dream Theator, Queensryche, Tool နှင့် Fates Warning တို့သည် progressive metal တီးဝိုင်းတစ်ခုဖြစ်ပြီး အောင်မြင်မှုရရှိခဲ့သည်။ ထို့ပြင် heavy metal တီးဝိုင်း Megadeth သည် သူတို့၏အလုပ်တွင် progressive ဂီတ၏ အခြေခံသဘောတရားနှင့် ပေါင်းစပ်ခဲ့သည်။ prog-metal သည် ၁၉၉၀ခုနှစ်တွင် လူကြိုက်များမှု ကျဆင်းလာခဲ့သည်။ သို့သော် ကြီးမားသော underground ဂီတအမျိုးအစားအဖြစ် ကျန်ရစ်ခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

Progressive rock နှင့် heavy metal ရောထားသည့်ပုံစံများကို ၁၉၆၀ နောက်ပိုင်းနှင့် ၁၉၇၀ အစောပိုင်းတွင် ရှာတွေ့နိုင်သည်။ progressive rock တီးဝိုင်းများဖြစ်သည့် King Crimson နှင့် Rush တို့သည် သူတို့၏ဂီတထဲသို့ metal များပေါင်းစပ်ခဲ့သည်။ Rush တီးဝိုင်း၏သီချင်းများဖြစ်သည့် “Bastille Day”, “Anthem”, “By-Tor And The Snow Dog”, “2112”, “The Fountain of Lamneth” နှင့် “Something for Nothing များသည် progressive metal ကို ကိုးကားထားခြင်းဖြစ်သည်။ Night Sun သည်လည်း heavy metal နှင့် progressive rock တို့ကို ရောနှောထားသည့် တီးဝိုင်းတစ်ခုဖြစ်သည်။ မည်သို့ပင်ဖြစ်စေ progressive metal သည် ၁၉၈၀ အလယ်တိုင်အောင် မတိုးတက်ခဲ့ပါဘူး။ Psychotic Waltz, Fates Warning, Queensryche, Crimson Glory နှင့် Dream Theater တို့၏ progressive rock ၏ အခြေခံပိုင်းကိုယူပြီး Judas Priest နှင့် Black Sabbath ကဲ့သို့ heavy metal ပုံစံများဖြင့် ပေါင်းစပ်ခဲ့ကြသည်။ Queensryche ၏ Operation Mindcrime နှင့် Empire album တို့သည် ချက်ချင်းအောင်မြင်မှု ရရှိခဲ့သည်။ ၎င်း album ထဲမှ Silent Lucidity single သည် Billboard Hot 100 တွင် နံပါတ် ၉ နေရာသို့ ရောက်ရှိခဲ့သည်။ အမေရိကန် progressive metal တီးဝိုင်း Fates Warning သည် ပို၍ aggressive နှင့် heavy ဖြစ်ခဲ့သည်။ မည်သို့ပင်ဆိုစေ thrash နှင့် extreme metal နှင့်အများဆုံး ဆိုင်ခဲ့သည်။ သူတို့သည် ၁၉၈၉ ခုနှစ်တွင် ဖြန့်ချိခဲ့သော “Perfect Symmetry” album သည် သူတို့၏ New Wave of British Heavy Metal ဖြင့် အရှိန်အဝါရလာခဲ့သည်။ Dream Theater တီးဝိုင်းသည် progressive rock တွင် ရေးဆွဲခဲ့ပြီး သူတို့၏ ဂီတတူရိယာများကို တီးမှုတ်ကျွမ်းကျင်မှုစွမ်းရည်အပေါ်တွင် မူတည် သူတို့၏လုပ်ငန်းသက်တမ်းကို တည်ဆောက်နိုင်ခဲ့သည်။ သူတို့၏ ၁၉၉၂ခုနှစ် Image and Words album မှ Pull Me Under သီချင်းသည် MTV hit ဖြစ်လာခဲ့သည်။ Crimson Glory ၏ “Transcendence” album သည် ဂီတအမျိုးအစားတွင် landmark ဖြစ်ခဲ့သည်။ ထို့အပြင် greatest Progressive metal albums of all time ထဲမှ တစ်ခုအဖြစ် နမှုနာပြဆိုသည်။ Cage, Triosphere နှင့် Rhapsody of Fire တီးဝိုင်းများကဲ့သို့ ဆယ်စုနှစ်တစ်ခု၏ best metal album ဖြစ်ပြီး အရှိန်အဝါရခဲ့သည်။

၁၉၉၀ ကျော်ကျော်လောက်တွင် Pain of Salvation, Vanden Plas, Seventh Wonder, Threshold, Circus Maximas, Anubis Gate, Coheed and Cambria, Symphony X, Tools, Andromeda, Porcupine Tree နှင့် Arjen Anthony Lucassen’s Ayreon တို့၏ project များအားလုံးသည် သူတို့၏ ပရိသတ်နှင့်အတူ အောင်မြင်မှုရရှိခဲ့သည်။ Ayreon သည် traditional prog metal နှင့် နေခဲ့သော်လည်း အခြားrock opera, folk music နှင့် ambient ကဲ့သို့ရောစပ်ခဲ့သည်။ Pain of Salvation သည် progressive rock နှင့် progressive metal ကို စမ်းသပ်လေ့လာခဲ့သည်။ Seventh Wonder သည် prog metal နှင့် နေခဲ့သည်။ သို့သော် melody ကို အခြားprogressive metal တီးဝိုင်းများထက် အာရုံစိုက်ခဲ့သည်။ Symphony X သည် progressive အခြေခံအပိုင်းကို power metal နှင့် classical ဂီတထဲသို့ နှစ်မြုပ်ထားသည်။ Tool သည် alt-metal အခြေခံအပိုင်းနှင့် ထူးဆန်းသော rhythm များဖြင့် progressive sound ကို ဖန်တီးထားသည်။ Porcupine Treeသည် Psychedelic/space rock အဖြစ် တီးဝိုင်းအဖြစ် စတင်ခဲ့သည်။ သို့သော် ၂၀၀၂ခုနှစ် “In Absentia” album ဖြင့် progressive metal ကိုတိုးတက်စေခဲ့သည်။ အဆိုတော် Steve Vai နှင့် heavy metal တီးဝိုင်း Strapping Young Lad ၏ အဆိုတော်နှင့် ဂီတာသမား Devin Townsend post-metal ၏အခြေခံအပိုင်းနှင့် traditional progressive metal ကိုသူ၏ solo album နှစ်ခုဖြစ်သော Ocean Machine Biomech Infinity တွင် ပေါင်းစပ်ခဲ့သည်။ Mastodonသည်လည်း progressive metalနှင့် sludge ၏အခြေခံအပိုင်းနှင့် ပေါင်းစပ်ခဲ့သည်။ Opeth, Skyfire နှင့် Between the Buried and Me အစရှိသော တီးဝိုင်းတို့သည် death metal ကို progressive နှင့် ပေါင်းစပ်ခဲ့ကြသည်။ Meshuggah သည် djent ကို progressive metal နှင့်အတူ ကွဲပြားသောအသံကို ပေါက်ပွားစေခဲ့သည်။ Mudayne သည် death metal, jazz fusion နှင့် progressive rock များ၏ အခြေခံအပိုင်းများကို ပုံစံတစ်မျိုးတည်းသို့ပေါင်းစပ်ပြီး math metal ဟု ဖော်ပြခဲ့သည်။ Thirt Seconds to Mars သည် space rock ၏အခြေခံအပိုင်းများကို ပေါင်းစပ်၍ ပို၍ traditional ကျသော progressive အသံများကို ဖန်တီးခဲ့သည်။

အမျိုးမျိုးကွဲပြားခြင်း[ပြင်ဆင်ရန်]

Progressive metalသည် progressive metal အုပ်စုအပေါ် မူတည်သောဂီတ၏ပုံစံအရ မျိုးခွဲများစွာဖြင့် ပြိုကွဲနိုင်သည်။ King’s X သည် နူးညံသော mainstream rock ဖြင့် အရှိန်အဝါရခဲ့ပြီး grumge ကြီးထွားစေရန် ကြိုးပမ်းခဲ့သည်။ Pearl Jam တီးဝိုင်းမှ bass ဂီတသမား Jeff Ament က King’s Xဟာ grunge ကိုတီထွင်ခဲ့သည်။ Classical နှင့် symphonic ဂီတသည် progressive metal အစိတ်အပိုင်းတွင် သိသာစေခဲ့သည်။ အနုပညာရှင်များဖြစ်ကြသော Devin Theater, Planet X, Liquid Tension Experiment, The Faceless, Between the Buried and Me နှင့် Animalas lead အစရှိသောတီးဝိုင်းများသည် ရှည်လျားသော solo အစိတ်အပိုင်းနှင့် jazz အရှိန်အဝါများရှိကြသည်။ Cynic, Atheist, Opetrh, Pestilence, Between the Buried and Me နှင့် Meshuggah တို့သည် jazz နှင့် death metal ကို ရောစပ်ခဲ့ကြသည်။ Devin Townsend ambient ဂီတကို သူ၏ဂီတထဲတွင် လွှမ်းမိုးခဲ့သည်။ progressive metal, power metal နှင့် ဆက်သွယ်ခဲ့သည်။ progressive metal ကို thrash metalကို ရောနှောခဲ့သည်။ Dark Angel၏ album “Time Does Not Heal” သည် လူသိများခဲ့သည်။ Watch Tower တီးဝိုင်း၏ ၁၉၈၅ တွင် ထွက်ရှိသော သူတို့၏ ပထမဆုံး album “modern thrash metal နှင့် heavy progressive များ ရောနှောခဲ့သည်။ Megadeth သည် မကြာခဏ progressive metal နှင့် ဆက်နွယ်ခဲ့သည်။ Voivod တီးဝိုင်း ဂီတသမား Paul Gibert ၏ ဤဂီတအမျိုးအစားအပေါ် နည်းပညာအရည်အချင်းပြည့်၀ခြင်း သက်သေခံချက်မှာ ၁၉၉၉ မှ Technical Difficulties albumတွင် ပါဝင်သော B.R.O သီချင်းဖြစ်သည်။ Voivod တီးဝိုင်းသည် thrash metalနှင့် progressive metal တို့ကို အခြေခံအပိုင်းနှင့် ပေါင်းစပ်ခဲ့သည်။ အထူးသဖြင့် သူတို့၏ album များဖြစ်သော ၁၉၈၇တွင် ထွက်ရှိခဲ့သော Kill Technology၊ ၁၉၈၈တွင် ထွက်ရှိခဲ့သော Dimension Hatross နှင့် ၁၉၈၉ ခုနှစ်တွင် ထွက်ရှိသော Nothing face တွင် ဖြစ်သည်။ Shred guitar ၏လူသိများမှုနှင့်အတူ technical metal အဖြစ် metal ကျယ်ပြန့်စွာ လူကြိုက်များခဲ့သည်။ ၎င်းသည် progressive metal တီးဝိုင်းများဖြစ်ကြသော Dream Theater နှင့် Symphony Xအတွက် ပြန်လည်လူကြိုက်များမှု များလာခဲ့သည်။ ထို့ပြင် progressive metal scene of bands အဖြစ် ထည့်သွင်းနိုင်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Alternative MetalAllMusic။ July 15, 2012 တွင် ပြန်စစ်ပြီး။