ဘောပွိုင့်ပင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Robot: Cosmetic changes
အရေးမကြီး r2.5.2) (ရိုဘော့ ပေါင်းထည့်နေသည် - he:עט כדורי ဖယ်ရှားနေသည် - fi:Mustekynä
စာကြောင်း ၇၉ - စာကြောင်း ၇၉ -
[[eu:Bolaluma]]
[[eu:Bolaluma]]
[[fa:خودکار (نوشت‌افزار)]]
[[fa:خودکار (نوشت‌افزار)]]
[[fi:Mustekynä]]
[[fr:Stylo à bille]]
[[fr:Stylo à bille]]
[[gl:Bolígrafo]]
[[gl:Bolígrafo]]
[[gu:બોલપેન]]
[[gu:બોલપેન]]
[[he:עט כדורי]]
[[hi:बॉलपेन]]
[[hi:बॉलपेन]]
[[hr:Kemijska olovka]]
[[hr:Kemijska olovka]]

၁၁:၁၄၊ ၂၀ စက်တင်ဘာ ၂၀၁၁ ရက်နေ့က မူ

ဖိုင်:Ballpoint pen.jpg

ပထမဆုံးသော ဘောပွိုင့်ပင်

ပထမဆုံးသော ဘောပွိုင့်ပင် (ballpoint pen) သို့မဟုတ် ဘောပင်ကို ဟန်ဂေရီယန်လူမျိုးဂျာနယ်သမားဖြစ်သူ Laszio Biro ဆိုသူက ၁၉၃၈ ခုနှစ်တွင်တီထွင်ခဲ့သည်။ သူသည် ထိုစဉ်က သတင်းစာများတွင် ပုံနှိပ်အသုံးပြုနေသည့် မင်သည် စက္ကူပေါ်တွင် လျင်မြန်စွာ ခြောက်သွေ့သွားသည်ကို သတိပြုမိခဲ့သည်။ သို့ဖြစ်၍ အဆိုပါမင်ကို အသုံးပြု၍ ရေးရသည့် ဖောင်တိန် (pen) ကို တီထွင်ခဲ့သည်။ သို့ရာတွင် ပျစ်နှစ်နေသော မင်သည် ဖောင်တိန်နစ်သွားတွင် အဆင်ပြေစွာ မစီးနိုင်ခဲ့ပေ။ ၎င်းအတွက် ပုံစံပြောင်းရန် ကြိုးစားခဲ့ရသည်။ ဖောင်တိန်နစ်နေရာတွင် သေးငယ်သောဘောဘယ်ရာရင်းအလုံးကလေးကို အစားထိုးထည့်ထားလိုက်သည်။ ဖောင်တိန် ရွေ့လျားသည်နှင့်အညီ မင်အိမ်အတွင်းမှ မင်များဖြင့် ဖုံးနေသော အဆိုပါ ဘောလုံးကလေးသည် လည်ပတ်နေကာ စက္ကူပေါ်တွင် မင် အရာထင်စေပါသည်။တကယ်တမ်းတွင် အဆိုပါ ဘောပင်၏ အခြေခံကို ၁၈၈၈ ခုနှစ်များကတည်းက John J. Loud ဆိုသူက မူပိုင်အဖြစ် မှတ်ပုံတင်ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ထိုစဉ်က စီးပွားဖြစ် ထုတ်လုပ်မှုများ မရှိခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် Laszio Biro က သူ၏ ဘောပင်ကို မူပိုင်အဖြစ် မှတ်ပုံတင်နိုင်ခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် Laszio Biro သည် အာဂျင်တီးနားသို့ပြောင်းရွှေ့ခဲ့ပြီး ၎င်းနိုင်ငံတွင်လည်းမှတ်ပုံတင်ခဲ့ပြန်သည်။ ၎င်းတွင်မှ ဗြိတိသှျအစိုးရသည် အဆိုပါ မူပိုင်ခွင့်များကိုဝယ်ယူလိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် စစ်အတွင်းက ဗြိတိသှျ တော်ဝင်လေတပ်မှ လေယာဉ်မှူးများသည် လေယာဉ်မောင်းနှင်နေစဉ် လေထု အမြင့်၌ မင်မယိုသော ဖောင်တိန် အမျိုးအစားကို အလိုရှိနေ၍ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ Biro ၏ ဘောပင်သည် အောင်မြင်ခဲ့၍ ထင်ရှားကျော်ကြားခဲ့ပါသည်။ ဘောပင်ဟူ၍ မပေါ်ပေါက်မီက စာရေးသားမှုများနှင့် ပတ်သက်၍ ငန်းငှက်အတောင်များ၊ ဒေါင်းတောင်စသည်တို့ကို အသုံးပြုခဲ့ကြပါသည်။ ကလောင်တံဟုလည်း ဆိုကြပါသည်။ ၎င်းမှ စာရေးသားသည့် ကိရိယာကို တီထွင်လာခဲ့ကြရာတွင် အောက်ပါခုနှစ်များအတိုင်း ပြောင်းလဲတိုးတက်လာခဲ့ပါသည်။

၁၈၀ဝ ပြည့်နှစ် စောစောပိုင်းများ

ပထမဆုံး မင်နှင့် တို့၍ ရေးရသည့် ပင် (pen) များအတွက် ဒီဇိုင်းကို ဖော်ထုတ်ခဲ့သည်။ ၁၈၈၄ ခုနှစ် နယူးယောက်စီတီးမှ L.E. Waterman ဆိုသူ အာမခံကိုယ်စားလှယ် တစ်ဦးက အသုံးချနိုင်သည့် ဖောင်တိန်ကို တီထွင်၍ မူပိုင်အဖြစ် မှတ်ပုံတင်ခဲ့သည်။ နောက် ၆ နှစ်အကြာတွင် စာရေးသားသည့် လုပ်ငန်းများတွင် အဓိကကျသော ပစ္စည်းတစ်ခု ဖြစ်လာခဲ့ပါသည်။ ထိုအချိန်ကာလများက Parker, Sheaffer, Waterman ESifh Wahi-Eversharp အမည်ရသော ကုမ္ပဏီလေးခုက ဖောင်တိန်ပင် ထုတ်လုပ်မှုတွင် ကြီးစိုးခဲ့သည်။

၁၉၃၈ ခုနှစ်

Laszio Biro ESifh George Biro ညီအစ်ကိုနှစ်ဦးက ဘောပင်ကို တီထွင်ခဲ့သည်။ အာဂျင်တီးနားမှ Eterpen Company ခေါ်ကုမ္ပဏီအသစ်တစ်ခုက အဆိုပါ ဘောပင်များကို စီးပွားဖြစ်ထုတ်လုပ်ခဲ့သည်။ စာပေနယ်ပယ်မှ ၎င်းပစ္စည်းကို များစွာနှစ်သက်ခဲ့ကြပါသည်။

၁၉၄၅ ခုနှစ် မေလ

Eversharp Co. ကုမ္ပဏီသည် Eberhard-Faber ကုမ္ပဏီနှင့် ပူးပေါင်း၍ ဘောပင်များကို တံဆိပ်တစ်မျိုးနှင့် ထုတ်လုပ်လာခဲ့သည်။ ၎င်းတွင် အလွန်သေးငယ်သော မင်လမ်းကြောင်းကို ပြုလုပ်ထားသည်။

၁၉၄၅ ခုနှစ်၊ ဇွန်လ

ချီကာဂိုမှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ Milton Reynolds သည် ဗြိုနို့စ်အေရီးစ်သို့ အလည်အပတ်ခရီး ရောက်လာခဲ့သည်။ ဈေးဆိုင်တစ်ခုမှ Biro တို့၏ ဘောပင်များကို တွေ့ရှိ နမူနာအဖြစ် ဝယ်ယူသွားခဲ့သည်။ သူသည် အမေရိကသို့ပြန်လာခဲ့ပြီး Reynolds International Pen ကုမ္ပဏီကို တည်ထောင်ခဲ့သည်။

၁၉၄၅ ခုနှစ် အောက်တိုဘာလ

Reynolds သည် ၎င်းဘောပင်အမျိုးအစားများကို တုပပြုလုပ်ခဲ့ပြီး Reynold's Rocket ဟု အမည်ပေးကာ နယူးယောက်စီးတီးရှိစတိုးဆိုင်များတွင် ရောင်း ချခဲ့သည်။ ၎င်းဘောပင်များသည် ဈေးကွက်တွင် အထူးရောင်းချနိုင်ခဲ့သည်။ စတင်ရောင်းချသည့်နေ့မှာပင် ဘောပင် တစ်ချောင်းလှျင် ၁၂.၅ဝ ဒေါ်လာဖြင့် ရောင်းချခဲ့ရာ ဒေါ်လာ တစ်သိန်းဖိုးအထိ ရောင်းချခဲ့ရသည်။

၁၉၄၅ ခုနှစ် ဒီဇင်ဘာလ

ဗြိတိန်နိုင်ငံတွင်လည်း Miles-Martin Pen ကုမ္ပဏီမှ ခရစ်စမတ်နေ့တွင် စတင် ရောင်းချခဲ့သည်။

နာမည် ပျက်လာခဲ့သော ဘောပွိုင့်ပင်များခေတ်

ဘောပင်များ ပေါ်ပေါက်စဉ် က ဖောင်တိန်ပင်များနှင့်သဘာဝချင်း မတူဘဲ လွယ်ကူစွာ အသုံးပြုနိုင်ခြင်း၊ မင်ထည့်ရန် မလိုခြင်း၊ မင် မစွန်းထင်းစေခြင်းစသည် အချက်များကြောင့် လျင်မြန်စွာ နာမည်ရလာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း တကယ်တမ်းတွင် အားနည်းချက်များ ရှိနေသေးသည်။ ထိုစဉ်အတွင်း Ever-sharp ကုမ္ပဏီမှ Reynolds ကုမ္ပဏီကို မူပိုင်ခွင့်ချိုးဖောက်သည်ဟုဆိုကာ စွပ်စွဲခဲ့သည်။ သို့သော် Laszio Biro သည် တစ်ချိန်က အမေရိကန်ပြည်ထောင်စုတွင် ပြုလုပ်ထားခဲ့သော မူပိုင်ခွင့်အပေါ် အလေးမထားခဲ့ခြင်းကြောင့် ထူးခြားမှု မဖြစ်ပေါ်ခဲ့ပါ။ Reynolds ၏ ဘောပင်များသည် မင်ယိုခြင်း၊ ရေးသားရာတွင် ထစ်ခြင်းများ ရှိခဲ့သည်။ Eversharp ၏ ဘောပင်များသည်လည်း ရောင်းအားကျလာခဲ့သည်။ သုံးစွဲသူများကို စိတ်ပျက်စေခဲ့ပါသည်။

၁၉၄၈ ခုနှစ်

ဘောပင်များကို ၁၂.၅ဝ ဒေါ်လာဖြင့် ရောင်းချခဲ့ရာမှ တစ်ချောင်းလှျင် ဆင့် ၅ဝ အထိ ဈေးနှုန်းများ ကျဆင်းလာခဲ့သည်။

၁၉၅ဝ ပြည့်နှစ် Bich အမည်ရသော ပြင်သစ် ကုမ္ပဏီတစ်ခုသည် ဘောပင်များကို ရောင်းချလာခဲ့သည်။ ဘောပင်၏ အမည်ကို BIC ဟု ပေးထားသည်။ Bich ၏ နောက်မှ "h" စာလုံးကို ဖြုတ်လိုက်ခြင်းဖြစ်သည်။

၁၉၅၁ ခုနှစ်

ဖောင်တိန်များကို ပြန်လည်အသုံးများလာကြပြန်ပါသည်။ ကုမ္ပဏီများမှ ဖောင်တိန်များကို အရည်အသွေး ပိုမိုကောင်းမွန်အောင် ပြုလုပ်လာကြခြင်းကြောင့်ဖြစ်သည်။

၁၉၅၄ ခုနှစ်

ဇန်နဝါရီလ၊ Parker Pens မှ Jotter ဟု အမည်ပေးထားသော ပထမဆုံး ဘောပင်ကို မိတ်ဆက် ထုတ်လုပ်ခဲ့သည်။ ၎င်းသည် Eversharp နှင့် Reynolds ဘောပင်များထက် ၅ ဆမှျ ကြာရှည်စွာ ရေးနိုင်ပြီး စာလုံးအထူ၊ အပါးအတွက် ပွိုင့် အရွယ်အစား အမျိုးမျိုး ရှိသည်။ မင်ထည့်သည့်အိမ် ကြီးမား၍ မင်ကုန်လှျင် ပြန်ဖြည့်ပေးနိုင်သည်။ ယခင်က ထုတ်လုပ်ခဲ့သည့် ဘောပင်များနှင့် များစွာ ကွာခြားသည်။ သို့ဖြစ်၍ တစ်နှစ်အတွင်းမှာပင် Parker သည် အဆိုပါ Jotters ဘောပင်များကို ၃.၅ သန်း အထိ ရောင်းချနိုင်ခဲ့သည်။ ဈေးနှုန်းမှာ ၂.၉၅ ဒေါ်လာမှ ၈.၇၅ ဒေါ်လာအထိ ဖြစ်သည်။

ဘောပင်များ၏ အောင်မြင်မှု

၁၉၅၇ ခုနှစ် Parker ကုမ္ပဏီသည် တန်စတန်းကာဘိုက် (tungsten carbide) ဖြင့် ပြုလုပ်ထားသော ဘောစေ့များကို သုံးလာခဲ့သည်။ Eversharp ကုမ္ပဏီကမူ ဘောပင်ဈေးကွက်ကို မတိုးနိုင်တော့၍ ဖောင်တိန်များဘက်သို့ဦးလှည့်သွားသည်။ ၁၉၆ဝ ပြည့်နှစ်တွင် Eversharp မှ မင်အခဲများကို စမ်းသပ်ပြုလုပ်ခဲ့သည်။

၁၉၅ဝပြည့် နှစ် နှောင်းပိုင်း ကာလများ

BIC သည် ဥရောပဈေးကွက်၏ ရဝ ရာခိုင်နှုန်းကို ကြီးစိုးနိုင်ခဲ့သည်။

၁၉၅၈ ခုနှစ်

BIC သည် နယူးယောက်အခြေစိုက် Waterman Pens လုပ်ငန်း၏ ၆ဝ ရာခိုင်နှုန်းကို ဝယ်ယူလိုက်သည်။

၁၉၆ဝ ပြည့် နှစ်

BIC သည် Waterman Pens ၏ လုပ်ငန်း အားလုံးကိုဝယ်ယူလိုက်ပါသည်။ ယနေ့အချိန်ကာလများတွင် BIC သည် ဘောပင်ဈေးကွက်တွင် ကြီးစိုးလျက်ရှိသည်။ Parker, Sheaffer, Waterman တို့သည်လည်း ဖောင်တိန်များနှင့်အတူ ဈေးမြင့်သော ဘောပင်အမျိုးအစားများကို ထုတ်လုပ်နေသည်။ ဘောပင်အမျိုးအစားများလည်း စုံလင်လှသည်။ သုံးစွဲသူများ နှစ်သက်ဖွယ် ပုံစံဒီဇိုင်းမျိုးစုံကို တွေ့နေရသည်။ Biro နှင့် BIC Crystalတို့၏ နည်းပညာသစ်များဖြင့် ထုတ်လုပ်ထားသောဘောပင်များသည် နေ့စဉ် ကမ္ဘာတစ်ဝန်းတွင် အရေအတွက် ၁၄ သန်းမှျ ရောင်းချနေရသည်ဟုဆိုသည်။ Parker မှ ထုတ်လုပ်သည့် ဘောပင်သည် ပေပေါင်း၂၈၀၀ဝ ကို တစ်ဆက်စပ်တည်းရေးနိုင်သည်ဟုလည်း ညွှန်းကြပါသည်။