ကချင်အမျိုးသားများ ကွန်ဂရက်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"ကချင်ပြည်နယ် မ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၇:၄၈၊ ၉ စက်တင်ဘာ ၂၀၁၁ ရက်နေ့က မူ

ကချင်ပြည်နယ် မှာ ဆမားဒူဝါး ဆင်ဝါးနောင် ခေါင်းဆောင်တဲ့ ပြည်သူ့ ယဉ်ကျေးမှုနှင့် တိုးတက် ကြီးပွားရေးအဖွဲ့ (ပယကဖ) ကြီး ၁၉၃၉ ခုနှစ်မှာ ဖွဲ့စည်းပေါ်ပေါက်လာပြီး မရှေးမနှောင်း ပေါ်ပေါက် လာခဲ့တဲ့ ကချင် အဖွဲ့အစည်း တခုကတော့ ကချင်အမျိုးသား ကွန်ဂရက် (ကေအန်စီ) ဖြစ်သည်။ ဒူးဝါး ဇော်လွန်း နဲ့ ဦးဇန်ထားဆင် တို့ ခေါင်းဆောင်တဲ့ ကေအန်စီ ဟာ ဖဆပလ အကွဲမှာ တည်မြဲ “ဆွေငြိမ်း” တို့ ဖက်က ရပ်တည် ခဲ့ပါတယ်။ ၁၉၅၁-၅၂ ခုနှစ် ရွေးကောက်ပွဲ တွင် ကချင်ပြည်နယ်မှာ ကေအန်စီ ဟာ အမတ်အများဆုံး အရွေးချယ်ခံခဲ့ရ ပေမယ့် ကချင်ပြည်နယ် ဥက္ကဋ္ဌ အဖြစ် ကေအန်စီ ခေါင်းဆောင် ဒူးဝါးဇော်လွန်း ကို ဦးနု က မခန့်အပ်ဘဲ အမတ် နေရာ တတိယ သာ လိုက်တဲ့ ပယကဖ အဖွဲ့က ဆမားဒူးဝါးဆင်ဝါးနောင် ကိုသာ ခန့်အပ်ခဲ့ပါတယ်။ ၁၉၆၁ မှာ တောင်ကြီး မြို့ မှာ ကျင်းပတဲ့ တိုင်းရင်းသားများ နှီးနှော ဖလှယ်ပွဲကနေ ထွက်ပေါ် လာတဲ့ ပြည်နယ်များညီညွတ်ရေး အဖွဲ့ မှာ ကေအန်စီ မှ ဒူးဝါးဇော်လွန်း လဲပါဝင်ခဲ့ပြီး ဖက်ဒရယ်မူ (ရှမ်းမူ) ကို ကေအန်စီ က လိုလား ထောက်ခံခဲ့ပါတယ်။

ကိုးကား

  • ဝင်းတင့်ထွန်း (၂၀၁၀၊သြဂုတ်)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။ |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)