သန်းစိန်၊ ဦး၊ သီရိပျံချီ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
စာကြောင်း ၈၆ - စာကြောင်း ၈၆ -


== ကိုးကားချက် ==
== ကိုးကားချက် ==
''သီရိပျံချီဦးသန်းစိန် မကွယ်လွန်မီ ရေးသားခဲ့သော ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှ ကျန်ရစ်သူမိသားစု၏ ခွင့်ပြုချက်ဖြင့် ကူးယူတင်ပြသည်။''
သီရိပျံချီဦးသန်းစိန် မကွယ်လွန်မီ ရေးသားခဲ့သော ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှ ကျန်ရစ်သူမိသားစု၏ ခွင့်ပြုချက်ဖြင့် ကူးယူတင်ပြသည်။


[[Category:အတ္ထုပ္ပတ္တိ]]
[[Category:အတ္ထုပ္ပတ္တိ]]

၁၉:၄၉၊ ၁ စက်တင်ဘာ ၂၀၁၁ ရက်နေ့က မူ

သီရိပျံချီဦးသန်းစိန် (၁၉၁၁-၁၉၉၉)

လွတ်လပ်ရေးမော်ကွန်းဝင် (ပထမအဆင့်)

သီရိပျံချီဦးသန်းစိန် (၁၉၁၁-၁၉၉၉) လွတ်လပ်ရေးမော်ကွန်းဝင် (ပထမအဆင့်)
သီရိပျံချီဦးသန်းစိန်
အမည်ရင်း သန်းစိန်
မွေးသက္ကရာဇ် ဒီဇင်ဘာလ ၂၂ ရက် ၁၉၁၁

ကွယ်လွန် မတ်လ၈ ရက် ၁၉၉၉
နိုင်ငံသား မြန်မာ
လူမျိုး ဗမာ
မွေးရပ်ဇာတိ ရန်ကုန်
ကြင်ဖော် ဒေါ်သိန်းနှစ်

နိုင်ငံရေးဆောင်ရွက်ချက်များ အကျဉ်းချုပ်

  • ၁၉၁၁ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၇၃) တွင် ရန်ကုန်မြို့၌ ဖွားမြင်ခဲ့သည်။
  • ပုဇွန်တောင် အမျိုးသားကျောင်း၊ မက်သဒစ်ကျောင်းတို့တွင် ၁၀တန်းအထိ ပညာဆည်းပူးခဲ့သည်။
  • ၁၉၂၀ ပထမကျောင်းသားသပိတ်တွင် အသက် ၉ နှစ်အရွယ် ဗိုလ်တထောင် စိန့်ဘားန်စ်ဘတ်သာသနာပြုကျောင်း ၄ တန်း ကျောင်းသားဘဝမှစပြီး အားပေး ပါဝင်ခဲ့သည်။
  • ၁၉၃၁ ခုနှစ် ဒိုင်အာခီ - ဟုမ္မရူး (ဝံသာနု) ခေတ်မှစ၍ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခဲ့ရာ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်လပ်ရေးအရေးတော်ပုံကြီးတလျောက် တို့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ်ဂိုဏ်း၊ ပြည်သူ့အရေးတော်ပုံပါတီ (နောင် ဗမာပြည်ဆိုရှယ်လစ်ပါတီ)၊ ဖက်ဆစ်တော်လှန်ရေး၊ မြေပေါ် မြေအောက် လှုပ်ရှားမှုကြီးများတွင် ထက်မြက်စွန့်စား ပါဝင်ဆောင်ရွက်ခဲ့သည်။
  • ၁၉၄၂ ခုနှစ်တွင် ရန်ကုန်မြို့ ဗမာ့လွတ်လပ်ရေး တပ်မတော်စစ်ရုံးချုပ် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တိုက်ရိုက်ဦးစီးမှုအောက်တွင် ဆက်သွယ်ရေးနှင့် နေရာချထားရေး ဌာနကြီးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
  • ၁၉၄၆-၄၇ ခုနှစ်တွင် ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း၊ ဒု-ဥက္ကဌ သခင်နု ဦးဆောင်သည့် ဖဆပလအဖွဲ့ချုပ် ဗဟိုဦးစီး အဖွဲ့ဝင်အဖြစ် လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သည်။
  • ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲတွင် တွံတေးမဲဆန္ဒနယ်မှ ဖဆပလအမတ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
  • ၁၉၄၈ ခုနှစ် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
  • ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးနောက် ရန်ကုန်ခရိုင် ဖဆပလအဖွဲ့ချုပ် အတွင်းရေးမှူး၊ ဗမာပြည်ဆိုရှယ်လစ်ပါတီဌာနချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ရန်ကုန်ခရိုင် ပါတီအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
  • ၁၉၅၂ ခုနှစ်နှင့် ၁၉၅၆ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲများတွင် တွံတေးမဲဆန္ဒနယ် ဖဆပလအမတ်အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရပြီး အမျိုးသားစီမံကိန်းဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာနများတွင် ပါလီမန်အတွင်းဝန်အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။
  • ၁၉၅၈ ခုနှစ် သန့်ရှင်းဖဆပလ အဖွဲ့ချုပ် အလုပ်အမှုဆောင်၊ ၁၉၆၀ ခုနှစ် သိမ်ဖြူမဲဆန္ဒနယ် သန့်ရှင်းဖဆပလ (နောင် ပြည်ထောင်စုပါတီ) အမတ်အဖြစ် ရွေးကောက် တင်မြှေက်ခံရသည်။
  • ၁၉၆၀ ခုနှစ် ပြည်သူ့လွှတ်တော် ဆော်သြရေးမှူးချုပ်နှင့် သာသနာရေးဝန်ကြီးဌာန ပါလီမန်အတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။
  • ၁၉၆၂-၆၃ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ နိုင်ငံရေးအကျဉ်းသားအဖြစ် ထိန်းသိမ်းခံခဲ့ရသည်။
  • ၁၉၈၈ ခုနှစ် နာယကကြီး ဦးနု ကြီးမှူးသော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး (၁) အဖြစ် ဆောင်ရွက်ခဲ့သည်။
  • ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် ဦးနု ခေါင်းဆောင်သော စင်ပြိုင်အစိုးရ အဖွဲ့ဝင်အဖြစ် ပုဒ်မ ၁၀(ခ) ဖြင့် နေအိမ်၌ တားဆီးမိန့်ထုတ်ပြန် တားဆီးခံခဲ့ရပြီး ၁၉၉၂ ခုနှစ် ဧပြီလ ၂၅ ရက်တွင် တားဆီးခံရမှုမှ လွတ်မြောက်သည်။
  • တားဆီးခံရမှုမှ လွတ်မြောက်ချိန်မှစ၍ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင် ဦးဆောင်သည့် ဝါရင့်နိုင်ငံရေး ပုဂ္ဂိုလ်ကြီး ၂၃ ဦးအစုတွင် တက်ကြွစွာ ပါဝင်လျက် အမျိုးသား ရင်ကြားစေ့ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အမျိုးသားမြင့်မြတ် နိုင်ငံရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ကွယ်လွန်ချိန်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။


ဗုဒ္ဓသာသနာရေးဆောင်ရွက်ချက်များ အကျဉ်းချုပ်

  • ၁၉၃၀ ခုနှစ် မေလ ၅ ရက် ငလျင်ကြောင့် ရွှေတိဂုံစေတီတော် ပိန္နဲတိုင် ကျိုးခဲ့ရာ ရန်ကုန်တမြို့လုံးရှိ ဘာသာရေး၊ သာသနာရေးအသင်းအဖွဲ့စုံ စုပေါင်း ဖွဲ့စည်းခဲ့သည့် ရွှေတိဂုံစေတီတော် စောင့်ရှောက်ရေးအဖွဲ့ကြီး အကျိုးဆောင်အတွင်းရေးမှူးအဖြစ် ၁၉ နှစ်သားအရွယ်တွင် ဆောင်ရွက်၍ စေတီတော်ကြီး ပိန္နဲတိုင်အပါအဝင် ဘက်စုံ မွမ်းမံ ပြုပြင် တည်ဆောက်မှုများ ပြုခဲ့သည်။
  • ဒုတိယကမ္ဘာစစ်အပြီးတွင် အကြောင်းကြောင်းကြောင့် ယိုယွင်း ပျက်စီးခဲ့သည့် ရန်ကုန်မြို့ ဗိုလ်တထောင် ကျိုက်ဒေးအပ်စေတီ၊ ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရား၊ ပဲခူးမြို့ ရွှေမော်ဓောစေတီ၊ တွံတေးမြို့ ရွှေဆံတော်စေတီများ ပြုပြင် မွမ်းမံရေးတို့ကို ဇွဲလုံ့လကြီးစွာ ပြီးမြောက်အောင် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
  • ၁၉၅၀ ခုနှစ်တွင် နောင်အခါ သီရိမင်္ဂလာကမ္ဘာအေးစေတီ တည်ထား ကိုးကွယ်ရာနှင့် ဆဋ္ဌသံင်္ဂါယနာတင် မဟာပါသနလှိုဏ်ဂူတော်ကြီး တည်ထားရာ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေကို ဝန်ကြီးချုပ်ဦးနု၏ တာဝန်ပေးချက်အရ နေရာရှာဖွေသည့်အဆင့်မှ စေတီတော် ပန္နက်ချခြင်းအလယ်၊ လှိုဏ်ဂူတော်ကြီး တည်ဆောက် ပြီးစီးသည့် အဆုံးတိုင် ကိုယ်ရောစိတ်ပါ မြှုပ်နှံပါဝင် ဆောင်ရွက်ခဲ့သည်။
  • သီရိမင်္ဂလာကမ္ဘာအေးစေတီ ဂေါပကအဖွဲ့တွင် ဆယ်စုနှစ်များစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။
  • ၁၉၅၅ ခုနှစ်တွင် တရုတ်ပြည် ပီကင်းမြို့မှ ရန်ကုန်မြို့သို့ ဗုဒ္ဓဘာသာဝင်များ ဖူးမျှော် ကြည်ညိုနိုင်ရေးအတွက် ဗုဒ္ဓမြတ်စွာ ဆံတော်ကို တာဝန်ယူ ပင့်ဆောင်ခဲ့သည်။
  • ၁၉၄၈ - ၅၅ ခုနှစ်များအတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့ချုပ်၏ တာဝန်ပေးချက်အရ ပြည်ထောင်စု တောင်တန်းသာသနာပြုအဖွဲ့ချုပ် အကျိုးတော်ဆောင်အဖြစ် ကချင်၊ ရှမ်း၊ ဝ၊ နာဂ၊ ပလက်ဝ၊ ကန္တရဝတီ တောင်တန်းဒေသများသို့ ခက်ခဲ ပင်ပန်းစွာ လှည့်လည်လျက် တောင်တန်းသားပေါင်း ၁၀ သိန်းကျော်ခန့် ဗုဒ္ဓဘာသာဝင်များ ဖြစ်လာအောင် တောင်တန်းဒေသ ဗုဒ္ဓသာသနာပြု လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။
  • ၁၉၅၆ ခုနှစ် ဝန်ကြီးချုပ် ဦးနု ပဓာနဒါယကာအဖြစ် ကြီးမှူး ဆောင်ရွက်ခဲ့သည့် ဆဋ္ဌသံင်္ဂါယနာတင်ပွဲကြီးနှင့် သာသနာနှစ် ၂၅၀၀ ပြည့် အထိမ်းအမှတ် အောင်ပွဲသဘင်ကြီးကို ၁၉၅၆ ခုနှစ် မေလ ၂၂ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့ရာ အောင်ပွဲကျင်းပရေး ဗဟိုအဖွဲ့အကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။
  • ၁၉၆၀ ခုနှစ် နိုင်ငံတော်အစိုးရက ဖွဲ့စည်းတာဝန်အပ်နှင်းခဲ့သော ဗုဒ္ဓဘာသာ သာသနာကို နိုင်ငံတော်ဘာသာ၊ သာသနာအဖြစ် သတ်မှတ်ရေးဆိုင်ရာ အကြံပေးအဖွဲ့၏ အတွင်းရေးမှူး (၁) အဖြစ် အစီရင်ခံစာ အပြည့်အစုံ တင်ပြနိုင်သည်အထိ ဆောင်ရွက်ခဲ့သည်။
  • ၁၉၈၀ ခုနှစ်တွင် ဥက္ကဌကြီး ဦးနု ဦးဆောင်၍ သြဂုတ်လ ၂၀ ရက်တွင် ဖွဲ့စည်းခဲ့သော ပိဋကတ်ဘာသာပြန်အဖွဲ့တွင် အမှုဆောင်အဖြစ် တက်ကြွစွာ ပါဝင်ခဲ့သည်။
  • လွတ်လပ်ရေးအကြိုကာလ ၁၉ နှစ်သားအရွယ်မှ ကွယ်လွန်ချိန်အထိ အကျိုးတော်ဆောင်၊ ဥက္ကဌ၊ နာယက စသည့် ထိပ်တန်း တာဝန်ကြီးများ၌ ရွေးကောက် တင်မြှောက် တာဝန်ပေးအပ်ခံရသည့် ဘာသာရေးအဖွဲ့အစည်းများမှာ -

(က) မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့ချုပ် (အေဘီဘီအေ)

(ခ) မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ)

(ဂ) မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာပုညကုသလအသင်း (ဘီဘီအမ်အေ)

(ဃ) ရာမခရစ်ရှနားဘုရားကျောင်းအဖွဲ့ (အာရ်အမ်အက်စ်) တို့ဖြစ်သည်။


နိုင်ငံခြားခရီးစဉ်များ

  • သာသနာရေးတာဝန်၊ အစိုးရတာဝန်တို့ဖြင့် ကမ္ဘောဒီးယား၊ ဂျပန်၊ ဗီယက်နမ်၊ တရုတ်၊ ထိုင်း၊ လာအို၊ ဟောင်ကောင်၊ အိန္ဒိယ၊ အီဂျစ်၊ ကနေဒါ၊ အမေရိကန်၊ ချက်၊ ဂရိ၊ ဂျာမဏီ၊ ပိုလန်၊ ပြင်သစ်၊ ရုရှား၊ ဟန်ဂေရီ၊ အီတလီ၊ အင်္ဂလန်နိုင်ငံများသို့ ကြိမ်ဖန်များစွာ သွားရောက်ခဲ့သည်။


ကိုးကားချက်

သီရိပျံချီဦးသန်းစိန် မကွယ်လွန်မီ ရေးသားခဲ့သော ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှ ကျန်ရစ်သူမိသားစု၏ ခွင့်ပြုချက်ဖြင့် ကူးယူတင်ပြသည်။