လက်ျာ၊ ဗိုလ် (ရဲဘော် သုံးကျိပ်): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Robot: Cosmetic changes
အရေးမကြီးNo edit summary
စာကြောင်း ၂၆ - စာကြောင်း ၂၆ -
ဗိုလ်မှူးချုပ် လင်္ကျာ (ခေါ်) လှဖေသည် စကားပြော သိမ်မွေ့နူးညံ့ပြီး ရိုးကုပ်စွာ နေထိုင်လေ့ရှိသည့် [[ရဲဘော်သုံးကျိပ်]]တစ်ဦးဖြစ်တယ်။ ရဲဘော် သုံးကျိပ် ဂျပန်တို့ထံမှ စစ်ပညာ သင်သောအခါ ဗိုလ်ချုပ်အောင်ဆန်းက ဗမာ့တပ်မတော်အား ဦးဆောင်ရန်အတွက်တာဝန်ပေးရာ ဗိုလ်မှူးချုပ် လင်္ကျာသည် စစ်သားကောင်း ဖြစ်ကြောင်း သက်သေ ပြခဲ့သည်။
ဗိုလ်မှူးချုပ် လင်္ကျာ (ခေါ်) လှဖေသည် စကားပြော သိမ်မွေ့နူးညံ့ပြီး ရိုးကုပ်စွာ နေထိုင်လေ့ရှိသည့် [[ရဲဘော်သုံးကျိပ်]]တစ်ဦးဖြစ်တယ်။ ရဲဘော် သုံးကျိပ် ဂျပန်တို့ထံမှ စစ်ပညာ သင်သောအခါ ဗိုလ်ချုပ်အောင်ဆန်းက ဗမာ့တပ်မတော်အား ဦးဆောင်ရန်အတွက်တာဝန်ပေးရာ ဗိုလ်မှူးချုပ် လင်္ကျာသည် စစ်သားကောင်း ဖြစ်ကြောင်း သက်သေ ပြခဲ့သည်။


ဒို့ဗမာ အစည်းအရုံးကို ဖွဲ့စည်း တည်ထောင်ခဲ့သူများအနက် ဗိုလ်လင်္ကျာလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ထို့အပြင် [[ဗမာပြည် ကွန်မြူနစ် ပါတီ]] အပေါ်၌ သစ္စာရှိသောထိပ်တန်း ပါတီဝင် တစ်ဦးလည်း (ဗမာပြည် ကွန်မြူနစ် ပါတီ စတင် တည်ထောင်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ပါဝင်ခဲ့သူ) ဖြစ်သည်။
ဒို့ဗမာ အစည်းအရုံးကို ဖွဲ့စည်း တည်ထောင်ခဲ့သူများအနက် ဗိုလ်လင်္ကျာလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ထို့အပြင် [[ဗမာပြည် ကွန်မြူနစ်ပါတီ]] အပေါ်၌ သစ္စာရှိသောထိပ်တန်း ပါတီဝင် တစ်ဦးလည်း (ဗမာပြည် ကွန်မြူနစ် ပါတီ စတင် တည်ထောင်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ပါဝင်ခဲ့သူ) ဖြစ်သည်။


ဗိုလ်လင်္ကျာဟာ ဗမာ့ လွတ်လပ်ရေး တိုက်ပွဲ အတွက် နိုင်ငံခြား အကူအညီ ရှာဖွေဖို့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ အတူ တရုတ်ပြည်ကို ပထမဆုံး သွားခဲ့တယ်။ ရဲဘော် နှစ်ယောက် ချိန်းထားတဲ့ အဆက်အသွယ်နဲ့ လွဲပြီး သောင်တင်နေစဉ် လိုအပ်နေတဲ့ ရန်ပုံငွေကို ရှာဖွေခဲ့တာ ဗိုလ်လင်္ကျာ ဖြစ်တယ်။
ဗိုလ်လင်္ကျာဟာ ဗမာ့ လွတ်လပ်ရေး တိုက်ပွဲ အတွက် နိုင်ငံခြား အကူအညီ ရှာဖွေဖို့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ အတူ တရုတ်ပြည်ကို ပထမဆုံး သွားခဲ့တယ်။ ရဲဘော် နှစ်ယောက် ချိန်းထားတဲ့ အဆက်အသွယ်နဲ့ လွဲပြီး သောင်တင်နေစဉ် လိုအပ်နေတဲ့ ရန်ပုံငွေကို ရှာဖွေခဲ့တာ ဗိုလ်လင်္ကျာ ဖြစ်တယ်။

၂၂:၂၂၊ ၂၄ ဇူလိုင် ၂၀၁၁ ရက်နေ့က မူ

ဗိုလ်လင်္ကျာ
(၁၉၁၁ - ၁၉၇၈)
မွေးသက္ကရာဇ်၃၀ ဩဂုတ် ၁၉၁၁ ခုနှစ်၊
မွေးဖွားရာဒေသပျဉ်းမနားမြို့
အမည်ရင်းကိုလှဖေ
ဗိုလ်ဘွဲ့အမည်ဗိုလ်မှူးချုပ် လင်္ကျာ
ဂျပန်အမည်Tani Kiyoshi
မိဘအမည်ဦးစိန်သွင် + ဒေါ်ကျင်မြိုင်
နိုင်ငံသားဖိုင်:Flag of Myanmar.png
လူမျိုးမြန်မာ
ကွယ်လွန်ရက်၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ(၂၇)ရက် (ကျဆုံး)



ဗိုလ်မှူးချုပ် လင်္ကျာ(၁၉၁၁ - ၁၉၇၈)

ဗိုလ်မှူးချုပ် လင်္ကျာ (ခေါ်) လှဖေသည် စကားပြော သိမ်မွေ့နူးညံ့ပြီး ရိုးကုပ်စွာ နေထိုင်လေ့ရှိသည့် ရဲဘော်သုံးကျိပ်တစ်ဦးဖြစ်တယ်။ ရဲဘော် သုံးကျိပ် ဂျပန်တို့ထံမှ စစ်ပညာ သင်သောအခါ ဗိုလ်ချုပ်အောင်ဆန်းက ဗမာ့တပ်မတော်အား ဦးဆောင်ရန်အတွက်တာဝန်ပေးရာ ဗိုလ်မှူးချုပ် လင်္ကျာသည် စစ်သားကောင်း ဖြစ်ကြောင်း သက်သေ ပြခဲ့သည်။

ဒို့ဗမာ အစည်းအရုံးကို ဖွဲ့စည်း တည်ထောင်ခဲ့သူများအနက် ဗိုလ်လင်္ကျာလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ထို့အပြင် ဗမာပြည် ကွန်မြူနစ်ပါတီ အပေါ်၌ သစ္စာရှိသောထိပ်တန်း ပါတီဝင် တစ်ဦးလည်း (ဗမာပြည် ကွန်မြူနစ် ပါတီ စတင် တည်ထောင်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ပါဝင်ခဲ့သူ) ဖြစ်သည်။

ဗိုလ်လင်္ကျာဟာ ဗမာ့ လွတ်လပ်ရေး တိုက်ပွဲ အတွက် နိုင်ငံခြား အကူအညီ ရှာဖွေဖို့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ အတူ တရုတ်ပြည်ကို ပထမဆုံး သွားခဲ့တယ်။ ရဲဘော် နှစ်ယောက် ချိန်းထားတဲ့ အဆက်အသွယ်နဲ့ လွဲပြီး သောင်တင်နေစဉ် လိုအပ်နေတဲ့ ရန်ပုံငွေကို ရှာဖွေခဲ့တာ ဗိုလ်လင်္ကျာ ဖြစ်တယ်။

ဂျပန်ပြည်မှာ စစ်သင်တန်း တက်ပြီးနောက် ဗိုလ်လင်္ကျာကို ထိုင်းနိုင်ငံက တဆင့် မြန်မာပြည်ထဲ ဝင်ပြီး ကျေးလက် ပြည်သူတွေကို တော်လှန်ရေး လှုပ်ရှားမှုထဲ ပါဝင်လာအောင် လှုံ့ဆော် စည်းရုံးဖို့ တာဝန် ပေးခဲ့တယ်။ ဗိုလ်လင်္ကျာနဲ့ တပ်ဖွဲ့ဟာ မြန်မာနိုင်ငံ တောင်ပိုင်းက ကျေးလက် ပြည်သူတွေကို စည်းရုံးပြီး တပ်သားသစ်တွေ စုဆောင်းခဲ့တယ်။

တပ်မတော်မှာ ဗိုလ်ချုပ်အောင်ဆန်း ပြီးရင် ဗိုလ်လင်္ကျာဟာ ဗမာ့ လွတ်လပ်ရေး တပ်မတော်ရဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်တယ်။ ဗိုလ်ချုပ် အောင်ဆန်းဟာ ဗိုလ်လကျ်ာကို တပ်မတော်ရဲ့ ခေါင်းဆောင် အဖြစ် သူ့နေရာမှာ အစားထိုး တာဝန် ယူစေချင်တာကို လုပ်ဖော် ကိုင်ဖက်တွေက သိကြတယ်။ ဗိုလ်လကျ်ာရဲ့ နေရာကို ပြိုင်ဆိုင်မဲ့ နိုင်ငံရေး ပြိုင်ဘက်တွေ ရန်က ဗိုလ်ချုပ် အောင်ဆန်းဟာ သတိနဲ့ အမြဲ ကာကွယ် ပေးခဲ့တယ်။ အဲ့ဒီ အချက်ဟာ ၁၉၄၉ ခုနှစ်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာတဲ့ ဗိုလ်နေဝင်းနဲ့ ဗိုလ်လင်္ကျာ အကြားမှာ ကြီးမားတဲ့ တင်းမာမှုတွေ ဖြစ်စေခဲ့တယ်။

ဗိုလ်လင်္ကျာဟာ နု-အက်တလီ စာချုပ်ရဲ့ နောက်ဆက်တွဲ အဖြစ် လင်္ကျာ- ဖရီးမင်း ကာကွယ်ရေး စာချုပ်ကို ၁၉၄၇ ခုနှစ်မှာ လက်မှတ်ထိုးခဲ့တယ်။ လင်္ကျာ - ဖရီးမင်း စာချုပ်ဟာ ဗြိတိသျှတပ်တွေ မြန်မာနိုင်ငံထဲ ဝင်ထွက်ခွင့်နဲ့ ဗမာ့ တပ်မတော်ကို စစ်သင်တန်း ပေးမယ့် အစီအစဉ်တွေ လုပ်ဆောင်နိုင်အောင် အထောက်အပံ့ ဖြစ်ခဲ့လို့ ဗိုလ်လင်္ကျာကို ဗြိတိသျှ လိုလားသူ အဖြစ် စွပ်စွဲ ခဲ့ကြတယ်။

၁၉၄၇ ခုနှစ် ဇူလိုင်လမှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံ ခံရပြီးနောက် ဗိုလ်လင်္ကျာဟာ တပ်မတော်မှာ ကြာကြာဆက်ရှိ မနေတော့ပါဘူး။ နောက်တနှစ် အကြာမှာ မြန်မာအစိုးရကို တိုက်နေတဲ့ ကရင် ခေါင်းဆောင်တွေကို ထောက်ခံ နေတယ်လို့ စွပ်စွဲခံရပြီး ဗိုလ်လင်္ကျာ တပ်မတော်ကနေ နုတ်ထွက်ခဲ့တယ်။ ဖဆပလ အဖွဲ့ချုပ်ထဲ ဝင်ခဲ့ပြီး နိုင်ငံရေး လုပ်ခဲ့တယ်။ ဒုတိယ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီး ဖြစ်လာတယ်။

ဗိုလ်လင်္ကျာဟာ ၁၉၅ဝ ခုနှစ်တွေမှာ လကျ်ာ ကုမ္ပဏီနဲ့ မာတဘမ် ကုမ္ပဏီတို့ကို ထူထောင်ပြီး အောင်မြင်တဲ့ စီးပွားရေးသမား အဖြစ်နဲ့ နိုင်ငံခြားကို ရေထွက်ပစ္စည်း တင်ပို့တဲ့ လုပ်ငန်းကို လုပ်ကိုင်ခဲ့တယ်။ဗိုလ်လင်္ကျာ နဲ့ ချမ်းသာကြွယ်ဝကြတဲ့ သူ့ မိသားစုဟာ မြန်မာ့ နိုင်ငံရေးနဲ့ စီးပွားရေး အသိုင်းအဝန်းမှာ လူသိများ ထင်ရှားပြီး ဩဇာရှိ ပုဂ္ဂိုလ်တွေ ဖြစ်ခဲ့ကြတယ်။

ဗိုလ်လင်္ကျာဟာ ၁၉၆၂ ခုနှစ်မှာ ဗိုလ်နေဝင်း ဖြုတ်ချတာ ခံလိုက်ရတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုကို ထောက်ခံသူ ဖြစ်တယ်။ ၁၉၆ဝ ခုနှစ် နောက်ပိုင်းမှာ ဗိုလ်လင်္ကျာဟာ တောခိုခဲ့ပြီး ဦးနုရဲ့ ပြည်ပြေး အစိုးရနဲ့ ပူးပေါင်းခဲ့တယ်။ ပြည်ချစ် လွတ်မြောက်ရေး တပ်မတော်ရဲ့ တပ်မှူးတဦး ဖြစ်ခဲ့တယ်။ ထိုင်းနယ်စပ်မှာ အခြေစိုက်တဲ့ အဲ့ဒီတပ်ဟာ ကရင်နဲ့ ပဋိပက္ခတွေ ကြားမှာပဲ တဝဲလည်လည် ဖြစ်နေခဲ့တယ်။ ရန်ကုန်ကို ချီတက်ပြီး ဗိုလ်နေဝင်းကို ဖြုတ်ချဖို့ ဘယ်တုန်းကမှ အခွင့်အရေး မရခဲ့ဘူး။ [၁]

ဘဝနိဂုံး

၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ(၂၇)ရက်တွင် ထိုင်းမြန်မာနယ်စပ်အနီး ပရာကျွတ်စခန်းတွင် ကေအင်ယူ ရွှေဆိုင်းတပ်နှင့် တိုက်ပွဲဖြစ်ပွားစဉ် ကျဆုံး ခဲ့ရသည်။ [၂] --Mayor mt 07:57, 28 မေ 2009 (UTC)


ကိုးကား

  1. (၆၄) နှစ်မြောက် တပ်မတော်နေ့ (တော်လှန်ရေးနေ့) အထိမ်းအမှတ် ဧရာဝတီ မဂ္ဂဇင်း၊ ၂ဝဝ၉ မတ်လ ၂၇ ရက်၊
  2. ၂ဝရာစု မြန်မာ့သမိုင်း သန်းဝင်းလှိုင်၊ ၂ဝဝ၉ ခု၊ မေလ၊ ကံကော်ဝတ်ရည် စာပေ။