အင်းစိန်မြို့နယ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Robot: Cosmetic changes
No edit summary
စာကြောင်း ၁၄ - စာကြောင်း ၁၄ -
{{ရန်ကုန်မြို့နယ်များ}}
{{ရန်ကုန်မြို့နယ်များ}}


[[Category:ြမန်မာနိုင်ငံရှိ မြို့များ]]
[[Category:မြို့]]
[[Category:ရန်ကုန်]]
[[Category:ရန်ကုန်]]

၀၂:၃၇၊ ၂၄ ဇူလိုင် ၂၀၁၁ ရက်နေ့က မူ

အင်းစိန်မြို့နယ် သည် ရန်ကုန်တိုင်းအတွင်း ရန်ကုန်မြို့၏ အနောက်မြောက်အရပ်တွင် တည်ရှိပြီး အင်္ဂလိပ် အစိုးရတည်ဆောက်ခဲ့သော မြန်မာနိုင်ငံ၏ နာမည်ကျော် အင်းစိန်အကျဉ်းထောင် တည်ရှိသည်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်တည်ထားခဲ့သော မြန်မာနိုင်ငံ၏ ဉာဏ်တော် အကြီးဆုံး စကျင်ကျောက် ဆင်းတုတော် ကျောက်တော်ကြီးဘုရား (လောကချမ်းသာ အဘယ လာဘမုနိ)တည်ရှိသည်။ မြန်မာအစိုးရကို ဆန့်ကျင်သော ကရင်တော်လှန်ရေး စတင်ချိန်က ၁၉၄၉ ခု ဇန္နဝါရီလ ၃၁ ရက်နေ့တွင် ကေအန်ဒီအို အဖွဲ့၏ သိမ်းယူမှုခံခဲ့ရဖူးသည်။ ထို့အပြင် အင်းစိန်ဟူသောစကားသည် မွန်ဘာသာမှ ဆင်းသက်လာပြီး ဆင်ရေချိုးရာအင်းဟုခေါ်ဆိုကြောင်းသိရသည်။ အင်းစိန် = အင်း-ရေအိုင်၊ စိန်-ဆင်၊ [၁]

အမည်နာမ

အင်းစိန်-ဆိုသည်မှာ အင်စိုင်-ဟူသော မွနေ်ဝါဟာရမှ ဆင်းသက်သည်။ အင် = အင်းအိုင်၊ စိုင် = ဆင်၊ ထို့ကြောင့် ဆင်အင်းဟု အဓိပ္ပါယ်ရသည်။ ဆင်တွေနေထိုင်ကျက်စားသည့် အင်းဟု ဆိုုလိုသည်။ [၂]

အင်းစိန်မြို့နယ် အတွင်းတွင် နေရာဒေသများကို ကုန်းအနေဖြင့် ခေါ်ဆိုလေ့ ရှိကြသည်။ ထင်ရှားသော ကုန်းကြီး ၉ ခုမှာ ဒညင်းကုန်း၊ ဘိုကုန်း၊ တောင်သူကုန်း၊ ရှမ်းကုန်း၊ ဈေးကုန်း၊ ဇီးအုံ့ကုန်း၊ နံ့သာကုန်း၊စော်ဘွားကြီးကုန်း နှင့် ကြို့ကုန်းတို့ ဖြစ်သည်။ ကုန်းအမည်ဖြင့် ထည့်သွင်း ခေါ်ဆိုမထားသော ရွာမအရှေ့၊ ရွာမအနောက်၊ အောင်ဆန်းနှင့် ဖော့ကန်စသည့် ရပ်ကွက် အမည်များလည်း ရှိသည်။

အခြေခံပညာ အထက်တန်းကျောင်း ၅ ကျောင်း ရှိသည်။ အောင်ဆန်း စက်မှု လက်မှု အထက်တန်းကျောင်းနှင့် အင်းစိန် ဂျီတီအိုင်တို့လည်း အင်းစိန် မြို့နယ်တွင် တည်ရှိကြသည်။


ကိုးကား

  1. ဒေါက်တာသန်းထွန်း ရေး မြန်မာသမိုင်းနိဒါန်း
  2. မောင်ခင်မင် (ဓနုဖြူ)၊ (မင်္ဂလာမောင်မယ် ၂၀၁၀-ပြည့် ဇူလိုင်လ)