ဂျက်လီ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
စာကြောင်း ၁၉ - စာကြောင်း ၁၉ -
ထိုးတက်သွားသကဲ့သို့ အချိန်တိုတိုအတွင်း အောင်မြင်မှုများ
ထိုးတက်သွားသကဲ့သို့ အချိန်တိုတိုအတွင်း အောင်မြင်မှုများ
ရရှိခဲ့သူဖြစ်သည့်အတွက် လီလျန်ဂျီဟူသော နေရာ၌ လျန်ဂျီ
ရရှိခဲ့သူဖြစ်သည့်အတွက် လီလျန်ဂျီဟူသော နေရာ၌ လျန်ဂျီ
ကိုဖြုတ်ကာ ဟု ရုပ်ရှင်ပိုစတာတွင် ရေးထိုးလိုက်သည်။
ကိုဖြုတ်ကာ "ဂျက်လီ"ဟု ရုပ်ရှင်ပိုစတာတွင် ရေးထိုးလိုက်သည်။
ထိုအချိန်မှစ၍ လီလျန်ဂျီအမည်ပျောက်ကာ ဂျက်လီအမည်
ထိုအချိန်မှစ၍ လီလျန်ဂျီအမည်ပျောက်ကာ ဂျက်လီအမည်
ပေါက်သွားခဲ့ရတော့သည်။
ပေါက်သွားခဲ့ရတော့သည်။
စာကြောင်း ၄၀ - စာကြောင်း ၄၀ -
နှင့် ရွေတံဆိပ် ၁၅ ခုနှင့် ငွေတံဆိပ်တစ်ခု ဆွတ်ခူးရယူနိုင်ခဲ့
နှင့် ရွေတံဆိပ် ၁၅ ခုနှင့် ငွေတံဆိပ်တစ်ခု ဆွတ်ခူးရယူနိုင်ခဲ့
သည်။ တစ်ခါသော် ဂျက်လီသည် တရုတ်အမျိုးသား ဝူရှူး
သည်။ တစ်ခါသော် ဂျက်လီသည် တရုတ်အမျိုးသား ဝူရှူး
အဖွဲ့နှင့်အတူ အမေရိကန်ပြည်ထောင်စု၌ အမေရိကန် သမ္မတ
အဖွဲ့နှင့်အတူ [[အမေရိကန်ပြည်ထောင်စု]]၌ အမေရိကန် သမ္မတ
ရစ်ချက်နစ်ဆင်ကို ဝူရှူးသိုင်းပညာနှင့် ဖျော်ဖြေတင်ဆက်ပြီး
[[ရစ်ချက် နစ်ကဆင်]]ကို ဝူရှူးသိုင်းပညာနှင့် ဖျော်ဖြေတင်ဆက်ပြီး
နောက် သမ္မတနစ်ဆင်က ဂျက်လီကို သူ၏ ကိုယ်ရံတော်
နောက် သမ္မတနစ်ဆင်က ဂျက်လီကို သူ၏ ကိုယ်ရံတော်
သက်တော်စောင့်အဖြစ် လုပ်ကိုင်ပေးရန် ကမ်းလှမ်းခဲ့သည်။
သက်တော်စောင့်အဖြစ် လုပ်ကိုင်ပေးရန် ကမ်းလှမ်းခဲ့သည်။

၀၇:၂၁၊ ၁၂ ဇူလိုင် ၂၀၁၁ ရက်နေ့က မူ

ဟောင်ကောင်အက်ရှင်မင်းသား ဂျက်လီ

တရုတ်မင်းသား ဂျက်လီ(Jet Li)၏ ဘဝပုံရိပ်လွာ တရုတ်သိုင်းမင်းသား ဂျက်လီ၏ အမည်ရင်းမှာ လီလျန်ဂျီ ဖြစ်သော်လည်း ဂျက်လီဟုသာ လူသိများ ထင်ရှားခဲ့သည်။ ဂျက်လီကို ၁၉၆၃ ခုနှစ် ဧပြီ ၂၆ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ၌ မွေးဖွားခဲ့သည်။ ညီအစ်ကိုမောင်နှမ လေးယောက်အနက် အငယ်ဆုံးသားဖြစ်ပြီး ဂျက်လီ၏ ဖခင်မှာ ဂျက်လီနှစ်နှစ်သား အရွယ်ကတည်းက ကွယ်လွန်သွားခဲ့သည်။

ဂျက်လီ၏ငယ်ဘဝ

ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီးနောက် ဂျက်လီတို့ မိသားစု ၏ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲရုန်းကန် လှုပ်ရှားခဲ့ကြ ရသည်။ ဂျက်လီသည် ရှစ်နှစ်သားအရွယ်ကတည်းက ဝူရှူး သိုင်းပညာတွင် ပါရမီထူးချွန်ခဲ့သူ ဖြစ်သည်။ သူ၏ ဝူရှူးသိုင်း ပညာကို ပေကျင်းဝူရှူးအသင်းတွင် လေ့လာသင်ကြားခဲ့ပြီး ပုဂ္ဂလိက ရုပ်ရှင်ကုမ္ပဏီတစ်ခုက လီလျန်ဂျီဆိုသော သူ၏ အမည်ရင်းမှာ အသံထွက်ရခက်သည်။ ထို့ပြင် သူ၏ဘဝသည် လည်း မြေပြင်မှ ဂျက်လေယာဉ်တစ်စင်း ကောင်းကင်သို့ ထိုးတက်သွားသကဲ့သို့ အချိန်တိုတိုအတွင်း အောင်မြင်မှုများ ရရှိခဲ့သူဖြစ်သည့်အတွက် လီလျန်ဂျီဟူသော နေရာ၌ လျန်ဂျီ ကိုဖြုတ်ကာ "ဂျက်လီ"ဟု ရုပ်ရှင်ပိုစတာတွင် ရေးထိုးလိုက်သည်။ ထိုအချိန်မှစ၍ လီလျန်ဂျီအမည်ပျောက်ကာ ဂျက်လီအမည် ပေါက်သွားခဲ့ရတော့သည်။ ဂျက်လီသည် Shaolin Temple ဇာတ်လမ်းတွဲအပြင် The Once Upon a Time in China၊ Fist of Legend ၊ The Fong Sai Yuk ဇာတ်ကား များကိုလည်း ရိုက်ကူးခဲ့သည်။ ဂျက်လီသည် တရုတ်ရုပ်ရှင် နည်းပြဆရာများမှာ လီဂျန်ဖန်နှင့် ဝူပင် တို့ ဖြစ်ကြသည်။ ဝူရှူးသိုင်းပညာကို လေ့ကျင့်သင်ကြားနေသော ဂျက်လီ အနေဖြင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရန် အစာအာဟာရ ကောင်းကောင်းမွန်မွန် စားသုံးရန်လိုအပ်သော်လည်း ဝယ်ယူ စားသုံးရန် အခက်အခဲရှိသည့် ဂျက်လီ တို့မိသားစုကို နည်းပြဆရာဝူပင်က ထောက်ပံ့ပေးခဲ့ရသည်ဟု ဆိုသည်။ သို့သော်လည်း ဂျက်လီသည် ဝူရှူး သိုင်းပညာကို ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ကြားခဲ့ပြီး တရုတ်ဝူရှူး ချန်ပီယံရှစ်တွင် အသက်ငယ်ငယ်ရွယ်ရွယ် နှင့် ရွေတံဆိပ် ၁၅ ခုနှင့် ငွေတံဆိပ်တစ်ခု ဆွတ်ခူးရယူနိုင်ခဲ့ သည်။ တစ်ခါသော် ဂျက်လီသည် တရုတ်အမျိုးသား ဝူရှူး အဖွဲ့နှင့်အတူ အမေရိကန်ပြည်ထောင်စု၌ အမေရိကန် သမ္မတ ရစ်ချက် နစ်ကဆင်ကို ဝူရှူးသိုင်းပညာနှင့် ဖျော်ဖြေတင်ဆက်ပြီး နောက် သမ္မတနစ်ဆင်က ဂျက်လီကို သူ၏ ကိုယ်ရံတော် သက်တော်စောင့်အဖြစ် လုပ်ကိုင်ပေးရန် ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း ဂျက်လီက ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းကို ကာကွယ်ပေးရသည့် အလုပ်ကို မလုပ်ချင်ပါ။ ကျွန်တော် ကြီးပြင်းလာသည့်အခါ သန်းပေါင်းများစွာသော တရုတ်လူမျိုး များကိုသာ ကာကွယ်ပေးချင်ပါသည်ဟုဆိုကာ ငြင်းပယ်ခဲ့ သည်။

ဂျက်လီဖြစ်လာခြင်းနှင့် ရုပ်ရှင်ဇာတ်ကားများ

ဖိုင်:Jet Li & Jackie Chan.jpg
ဂျက်လီနှင့် ဂျက်ကီချန်းတို့နှစ်ဦး

ဂျက်လီသည် ၁၉၈၂ ခုနှစ်က ဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့ ရောက်ရှိလာသူဖြစ်ပြီး ယင်းနှစ်၌ပင် သူသည် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိလာစဉ် လောက၊ဟောင်ကောင်ရုပ်ရှင်လောက တွင်သာမက ဟောလိဝုဒ်ရုပ်ရှင်လောက တွင်ပါ အောင်မြင်မှုရရှိခဲ့သော မင်းသား တစ်ဦးဖြစ်သည်။ ဟောင်ကောင် အက်ရှင်မင်းသား ဂျက်ကီချန်းနှင့် ဇာတ်ကား ကိုလည်း တွဲဖက်ရိုက်ကူးခဲ့သည်။ ၂ဝဝ၇ ခုနှစ်က ဟောင်ကောင်ရုပ်ရှင် ဆုပေး ပွဲတွင် The Warlords ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသား သရုပ်ဆောင် ဆုကိုလည်း ရရှိခဲ့သည်။ ဂျက်လီ၏ အခြားသောထင်ရှားသည့် ဇာတ်ကား များမှာ Lethal Weapon 4၊ Romeo Must Die? Kiss of the Dragon၊ The One၊ Unleashed၊ Fearless စသည့် ဇာတ်ကားပေါင်းများစွာ ရှိသေးသည်။

အိမ်ထောင်ရေး

ဂျက်လီသည် ၁၉၈၇ ခုနှစ်တွင် ပေကျင်းဝူရှူးအဖွဲ့ဝင် Shaolin Temple ဇာတ်ကားတွင် တွဲဖက်သရုပ်ဆောင်ခဲ့ သည့် ဟန်ကွမ်ရင်နှင့်လက်ထက်ခဲ့ပြီး သမီးနှစ်ဦးထွန်းကားခဲ့ သည်။ ၎င်းတို့သည် ၁၉၉ဝ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့ကြပြီး ဂျက်လီသည် ၁၉၉၉ ခုနှစ်တွင် ရှန်ဟိုင်းဇာတိဖွား ဟောင်ကောင်မင်းသမီး နီနာလီချီနှင့် ထပ်မံလက်ထပ်ခဲ့ပြီး သမီးနှစ်ဦး ထပ်မံထွန်းကားခဲ့သည်။

စင်ကာပူနိုင်ငံသား ဂျက်လီ

ဂျက်လီသည် ၂ဝဝ၉ ခုနှစ် ဇူလိုင် ၂၈ ရက်တွင် စင်ကာပူ နိုင်ငံသားအဖြစ် ခံယူခဲ့သည်။

ကိုးကား

မြန်မာ့အလင်းသတင်းစာ