ဘက်တီးရီးယား: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
အရေးမကြီး redirect ပြန်ညွှန်းရာတွင် ဗက်တီးရီးယား မှ ဘက်တီးရီးယား သို့ ရွှေ့ပြီးဖြစ်သည်: wrong spelling
(ကွဲပြားမှု မရှိ)

၀၆:၄၀၊ ၁၂ ဇွန် ၂၀၁၁ ရက်နေ့က မူ

Escherichia coli အား အီလက်ထရွန် အဏုကြည့်မှန်ပြောင်းဖြင့် တွေ့ရပုံ

ဗက်တီးရီးယား(Bacteria) (ဧကဝုစ်ကိန်း bacterium) သည် အလွန်အမင်းသေးငယ်သည့် သက်ရှိများဖြစ်ပြီး အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သည်။ ဗက်တီးရီးယားများသည် ကလာပ်စည်း တစ်ခုသာပါဝင်သည်။ ၎င်းတို့သည် ဧကကလာပ်စည်းသက်ရှိများ (unicellular organism) အနက် ကမ္ဘာပေါ်တွင် နှစ်ပေါင်း ဘီလီယံနှင့်ချီ၍ နေထိုင်ကျက်စားခဲ့သည့် အရိုးစင်းဆုံးသော သက်ရှိများဖြစ်သည်။

ဗက်တီးရီးယား အများစုသည် ရေ သို့ မြေကြီးထဲတွင် နေထိုင်ကြသော်လည်း အတော်များများမှာ သက်ရှိများ၏ အရေပြား သို့ ခန္ဓာကိုယ်အတွင်း၌ နေထိုင်ကြသည်။ လူ့ခန္ဓာကိုယ်အတွင်း၌ ဗက်တီးရီးယားများသည် လူကလာပ်စည်းထက် ၁၀ ဆများသည်။ ဗက်တီးရီးယားအချို့မှာ ရောဂါဖြစ်စေသော်လည်း အချို့မှာ လူသားများအစာချေရာတွင် သို့ ဒိန်ချဉ်၊ ဒိန်ခဲကဲ့သို့သော အစားအစာများ ပြုလုပ်ရာတွင် အကူအညီပေးသည်။

ဗက်တီးရီးများ ကလာပ်စည်းတခုမှ နှစ်ခုအဖြစ် ကွဲထွက်သည့် နည်းဖြင့် မျိုးပွားကြသည်။ ဤသို့သော မျိုးပွားနည်းအား လိင်မဲ့မျိုးပွားနည်း (Asexual reproduction) ဟုခေါ်သည်။ အသစ်ဖြစ်ပေါ်လာသော ကလာပ်စည်းများသည် မိဘကလာပ်စည်းများထက် အရွယ်အစားပိုငယ်သည်ကလွဲ၍ ပုံပန်းအားဖြင့်သော်လည်းကောင်း မျိုးဗီဇအားဖြင့်သော်လည်းကောင်း တထပ်တည်းဖြစ်သည်။

ဗက်တီးရီးယားများသည် ပုံပန်းအားဖြင့် အရွယ်အစားအားဖြင့် ကွဲပြားမှုရှိသည်။ သို့သော်လည်း ယေဘုယျအားဖြင့် ၎င်းတို့သည် ဗိုင်းရပ်စ်ပိုးများထက် အနည်းဆုံး ၁၀ ဆ ကြီးမားကြသည်။ သာမန် ဗက်တီးရီးယားတခုသည် 1 µm (one micrometer ၁ မိုက်ခရိုမီတာ) ခန့်ရှိသည်။ ထို့ကြောင့် ဗက်တီးရီးယား ၁၀၀၀၀ တန်းစီမည်ဆိုပါက ၁ မီလီမီတာ ရှည်လျားသည်။

ဗက်တီးရီးယားများအား ၎င်းတို့၏ ပုံပန်းသဏ္ဌာန်ပေါ်မူတည်၍ အမျိုးအစားခွဲခြားလေ့ရှိသည်။ တုတ်ချောင်းသဏ္ဌာန်အား bacilli ၊ ဘောလုံးသဏ္ဌာန်အား cocci ၊ ကြောင်လိမ်လှေကားသဏ္ဌာန်အား spirilla ဟု ပညာရှင်များက သတ်မှတ်ထားသည်။

ရေ၊ လေနှင့် အစားအစာများမှ ရောဂါဖြစ်စေနိုင်သည့် ဗက်တီးရီးယားများ လူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပြီးနောက် အသက်ရှူလမ်းကြောင်းအစာလမ်းကြောင်း သို့မဟုတ် ဒဏ်ရာများတွင် တွယ်ကပ်ကာ လူ့ခန္ဓာကိုယ်အား အဟာရဓာတ် အရင်းအမြစ်အဖြစ် အသုံးချကာ မျိုးပွားလေ့ရှိသည်။ ဤသို့သော နည်းလမ်းဖြင့် လူ့အင်္ဂါများအား ပျက်စီးစေကာ နာမကျန်းဖြစ်စေသည်။