ကြိယာဝိသေသန: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာကြောင်း ၁ - စာကြောင်း ၁ -
==ကြိယာဝိသေသန==
==ကြိယာဝိသေသန==
ကြိယာဝိသေသနသည် ဝါကျ၏ အင်္ဂါတစ်ခု ဖြစ်သည်။ ယင်းသည် ကြိယာ၏အဓိပ္ပာယ်ကို ပိုမို ထင်ရှားစေသည်။ တိကျလေးနက်စေသည်။ နာမ်ကို နာမဝိသေသနက အထူးပြုကူညီသကဲ့သို့ ကြိယာကို ကြိယာ ဝိသေသနက အထူးပြု ကူညီလေသည်။
ကြိယာဝိသေသနသည် ဝါကျ၏ အင်္ဂါတစ်ခု ဖြစ်သည်။ ယင်းသည် [[ကြိယာ]]၏အဓိပ္ပာယ်ကို ပိုမို ထင်ရှားစေသည်။ တိကျလေးနက်စေသည်။ နာမ်ကို နာမဝိသေသနက အထူးပြုကူညီသကဲ့သို့ ကြိယာကို ကြိယာ ဝိသေသနက အထူးပြု ကူညီလေသည်။
::* ဥပမာ။ ။ 'လမ်းလျှောက်သည်'ဟု ဆိုရာတွင်၊ ကြားရသူ၏စိတ်၌ သာမန်လမ်းလျှောက်နေပုံသာလျှင် ပေါ်ထင်လာပေမည်။
::* ဥပမာ။ ။ 'လမ်းလျှောက်သည်'ဟု ဆိုရာတွင်၊ ကြားရသူ၏စိတ်၌ သာမန်လမ်းလျှောက်နေပုံသာလျှင် ပေါ်ထင်လာပေမည်။


စာကြောင်း ၃၂ - စာကြောင်း ၃၂ -
ဤအလတ်စား၊ အမြတ်စား နှိုင်းယှဉ်ချက်များကို ဝါကျတွင် ကြိယာဝိသေသနအဖြစ် သုံးနိုင်သည်။
ဤအလတ်စား၊ အမြတ်စား နှိုင်းယှဉ်ချက်များကို ဝါကျတွင် ကြိယာဝိသေသနအဖြစ် သုံးနိုင်သည်။
<ref>မြန်မာစွယ်စုံကျမ်း၊ အတွဲ(၂)</ref>
<ref>မြန်မာစွယ်စုံကျမ်း၊ အတွဲ(၂)</ref>

== ကိုးကား ==
== ကိုးကား ==
<references/>
<references/>

၀၈:၅၉၊ ၂၃ ဧပြီ ၂၀၁၁ ရက်နေ့က မူ

ကြိယာဝိသေသန

ကြိယာဝိသေသနသည် ဝါကျ၏ အင်္ဂါတစ်ခု ဖြစ်သည်။ ယင်းသည် ကြိယာ၏အဓိပ္ပာယ်ကို ပိုမို ထင်ရှားစေသည်။ တိကျလေးနက်စေသည်။ နာမ်ကို နာမဝိသေသနက အထူးပြုကူညီသကဲ့သို့ ကြိယာကို ကြိယာ ဝိသေသနက အထူးပြု ကူညီလေသည်။

  • ဥပမာ။ ။ 'လမ်းလျှောက်သည်'ဟု ဆိုရာတွင်၊ ကြားရသူ၏စိတ်၌ သာမန်လမ်းလျှောက်နေပုံသာလျှင် ပေါ်ထင်လာပေမည်။

အကယ်၍ 'လျင်မြန်စွာ လမ်းလျောက်သည်'ဟု ဆိုလျှင် ကြိယာ၏အဓိပ္ပာယ်သည် ပိုမိုတိကျ လေးနက်လာလေသည်။ ဤဝါကျ၌ ကြိယာကို အထူးပြုသည့် 'လျင်မြန်စွာ' ဟူသောပုဒ်သည် ကြိယာဝိသေသန ဖြစ်သည်။ ကြိယာတစ်ခု၌ 'စွာ'ဟူသော စာလုံးကို ဖြည့်စွက်လိုက်ခြင်းဖြင့်

  • ဥပမာ။ ။ 'ကောင်းမွန်စွာ' 'လှပစွာ' 'သေသပ်စွာ' 'အေးချမ်းစွာ' စသည်တို့ ဖြစ်ကြသည်။

ကြိယာ ဝိသေသနသည်၊ တစ်ခါတစ်ရံ နာမဝိသေသနကို အထူးပြုသည်ကို တွေ့ရသည်။

  • ဥပမာ။ ။ 'အလွန်ကောင်းသော စာအုပ်' ဤဝါကျ၌ 'စာအုပ်'ဟူသောနာမ်ကို 'ကောင်းသော'ဟူသော နာမဝိသေသနက အထူးပြုထားသည်။

တစ်ဖန် 'ကောင်းသော' ဟူသော နာမဝိသေသနကိုပင် 'အလွန်'ဟူသော ကြိယာဝိသေသနက အထူးပြုလေသည်။

ကြိယာဝိသေသနများကို အချိန်၊ နေရာ၊ ပြုမူပုံ၊ အရေအတွက်တို့ကို ဖော်ပြသည့် စကားရပ်များ အဖြစ်ဖြင့်လည်း အသုံးပြုတတ်ကြသည်။

  • ဥပမာ။ ။ 'ဈေးသို့ မနေ့က ရောက်ခဲ့ပြီ'ဟူသော ဝါကျ၌ 'ရောက်ခဲ့ပြီ'ဟူသော ကြိယာပုဒ်ကို ပိုမိုထင်ရှားအောင်၊ အချိန်ပြသည့် 'မနေ့က'ဟူသော ကြိယာဝိသေသနကို ပေါင်းထည့်လိုက်၏။ ဤနည်းနှင်နှင် နေရာကိုပြလိုသောအခါ 'အနီးတွင် ရပ်နေသည်'၊ 'အောက်၌ တည်ရှိသည်'၊ 'အတွင်းသို့ ဝင်သွားပါ' ဟူသော ဝါကျများတွင် ပါရှိသည့်၊ 'အနီးတွင်'၊ 'အောက်၌'၊ 'အတွင်းသို့'ကဲ့သို့သော စကားများကို အသုံးပြု

နိုင်သည်။

(က) 'ကျယ်လောင်စွာ မြည်ဟည်းသောအသံ'
(ခ) 'တစ်ယောက်စီ တစ်ယောက်စီ စမ်းသပ်သည်'

ဟူသော ဝါကျ ၂ ခု၌ 'ကျယ်လောင်စွာ'နှင့် 'တစ်ယောက်စီ တစ်ယောက်စီ'ဟူသောစကားတို့သည် ပြုမူပုံကို ထင်ရှားစေသော ကြိယာဝိသေသနများ ဖြစ်ကြသည်။

အောက်ပါ ဥပမာ( ၂) ခု၌ 'အလွန်'ဟူသော ကြိယာဝိသေသနသည် 'ပမာဏ'ကို ဖော်ပြသည်။

'အလွန်စိတ်ဝင်စားဘွယ်ကောင်းသောပုံပြင်'
'အလွန်အရသာရှိသောမုံ့'


အောက်ပါ ဥပမာ( ၂) ခုတွင် အရေအတွက်ကို ဖော်ပြသော ကြိယာဝိသေသနတစ်ခုစီ ပါရှိသည်။

'သူသုံးမိုင်ခန့် ပြေးရသည်'
'သူသည် ကျွန်တော့်အိမ်သို့ နှစ်ကြိမ်ရောက်သည်'

နာမဝိသေသနမှာကဲ့သို့ပင် ကြိယာဝိသေသနမှာလည်း နှိုင်းယှဉ်ချက်များ ရှိကြ၏။

  • ဥပမာ။ ။ 'သာ၍ ကြည်လင်စွာ မြည်တွန်သည်'၊ 'အမြန်ဆုံးပြေးနိုင်သည်'၊ 'အစောဆုံးအိပ်ရာမှထသည်'၊ 'သာ၍နက်အောင်တူးသည်' စသည်တို့ ဖြစ်၏။

ဤအလတ်စား၊ အမြတ်စား နှိုင်းယှဉ်ချက်များကို ဝါကျတွင် ကြိယာဝိသေသနအဖြစ် သုံးနိုင်သည်။ [၁]

ကိုးကား

  1. မြန်မာစွယ်စုံကျမ်း၊ အတွဲ(၂)