တရုတ်ပြည်သူ့သမ္မတနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.5.5) (ရိုဘော ပေါင်းထည့်နေသည: kbd:Джылэ Республикэ Китай ပြင်ဆင်နေသည: qu:Ch'unwa Runallaqta Republika
အရေးမကြီး r2.7.1) (ရိုဘော ပြင်ဆင်နေသည: qu:Chunwa Runallaqta Republika
စာကြောင်း ၃၄၅ - စာကြောင်း ၃၄၅ -
[[ps:د خلکو جمهوري چين]]
[[ps:د خلکو جمهوري چين]]
[[pt:República Popular da China]]
[[pt:República Popular da China]]
[[qu:Ch'unwa Runallaqta Republika]]
[[qu:Chunwa Runallaqta Republika]]
[[ro:Republica Populară Chineză]]
[[ro:Republica Populară Chineză]]
[[ru:Китайская Народная Республика]]
[[ru:Китайская Народная Республика]]

၀၃:၅၇၊ ၂၆ မတ် ၂၀၁၁ ရက်နေ့က မူ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ
中华人民共和国
中華人民共和國
Zhōnghuá Rénmín Gònghéguó
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အလံတော်
အလံတော်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
နိုင်ငံတော် သီချင်း: "March of the Volunteers"
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏ တည်နေရာ
မြို့တော်ပေကျင်းမြို့
အကြီးဆုံးမြို့ရှန်ဟိုင်းမြို့
ရုံးသုံး ဘာသာစကားများတရုတ် (မန်ဒရင်)
လူမျိုးစုHan (၉၁.၉.9%), ကျွမ်း (၁.၃၀%), မန်ချူး (၀.၈၆%), ဦးဂါ (၀.၇၉%), ပန်းသေး (၀.၇၉%), မြောင်ဇီး (၀.၇၂%), ယီ (၀.၆၅%), ထူကျား (၀.၆၂%), မွန်ဂိုး (၀.၄၇%), တီဗက် (၀.၄၄%), ဗူယီး (၀.၄၄%), ကိုရီးယား (၀.၁၅%),
အမျိုးအစားတပါတီနိုင်ငံရေးစနစ်၊ ဆိုရှယ်လစ်သမ္မတနိုင်ငံ
အစိုးရ
• သမ္မတ
ဟူကျင်ထောင်း
• ဝန်ကြီးချုပ်
ဝမ်ကြားပေါင်
တည်ထောင်
• People's Republic declared
၁ အောက်တိုဘာ ၁၉၄၉
ဧရိယာ
• စုစုပေါင်း
၉,၆၄၀,၈၂၁ km² (၃,၇၀၄,၄၂၇ sq mi) (အဆင့်: ၃/၄)
• ရေထု (%)
၂.၈
လူဦးရေ
• ခန့်မှန်း
၁,၃၂၁,၈၅၁,၈၈၈ (၂၀၀၇) (အဆင့် - )
• သိပ်သည်းမှု
၁၄၀/km² (၃၆၃/sq mi) (အဆင့် - ၅၃)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
USD $၇.၀၄၃ ပကောဋိ (အဆင့် - )
• Per capita
USD $၅,၃၀၀ (အဆင့် - ၉၉)
HDI၀.၇၇၇ (အလယ်)
အမှား။ မရေရာသော HDI တန်ဖိုး · ၈၁
ငွေကြေးယွမ် (CNY "¥")
တယ်လီဖုန်းကုဒ်+၈၆
Internet TLD.cn
မဟာတံတိုင်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံ (တရုတ် - (Simplified Chinese - 中华人民共和国); (Traditional Chinese - 中華人民共和國)၊ ဖျင်းယင်း - Zhōnghuá Rénmín Gònghéguó) သည် အရှေ့အာရှ၏ အကြီးဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့တတိယ သို့မဟုတ် စတုတ္ထအကြီးဆုံးနိုင်ငံဖြစ်သည်။ တရုတ်ပြည်သည် လူဦးရေ သန်း ၁၃၀၀ ရှိပြီး လူဦးရေ အများဆုံး နိုင်ငံလည်းဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ Communist Party of China (CPC) မှ အုပ်ချုပ်သည်။ ပြည်နယ်ပေါင်း (၂၂)ခု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ(၅)ခု၊ မြူနီစီပါယ် အုပ်ချုပ်ရေးမြို့တော် (၄)ခု (ပေကျင်းထျန်းကျင်းရှန်ဟိုင်းချုံချင့်) နှင့် အထူးအုပ်ချုပ်ရေးဒေသ (၂)ခု (ဟောင်ကောင်နှင့် မကာအို)တို့ ပေါ်တွင် တရားဥပဒေ စိုးမိုးအုပ်ချုပ်ထားနိုင်သည်။ မြို့တော်မှာ ပေကျင်း ဖြစ်သည်။

ဧရိယာ စတုရန်း ကီလိုမီတာပေါင်း (၉.၆)သန်း (စတုရန်းမိုင်ပေါင်း - (၃.၇)သန်း) ကျယ်ဝန်းသည်။ မြေမျက်နှာသွင်ပြင်မှာ ပုံစံအမျိုးမျိုး ကွဲပြားနေသည်။ သစ်တောများ လည်းရှိသလို သဲကန္တာရများ (ဂိုဘီ သဲကန္တာရ၊ တပ်ခ်လာမာကန် သဲကန္တာရ) များလည်း ရှိသည်။ ဗီယက်နမ်၊ လာအို၊ မြန်မာနိုင်ငံတို့နှင့်နီးသော ဒေသများတွင် နွေးသမပိုင်း သစ်တောများ ဖုံးလွှမ်းလျက်ရှိသည်။ နိုင်ငံ၏အနောက်ပိုင်းတွင် တောင်တန်းများ၊ ကုန်ပြင်မြင့်များရှိပြီး၊ ဟိမဝန္တာ တောင်တန်းနှင့် ထျန်းရှန်းတောင်တန်းတို့သည် အိန္ဒိယနှင့် ဗဟိုအာရှဒေသတို့နှင့် နယ်ခြားအဖြစ် သဘာဝအရ တည်ရှိနေသည်။ နိုင်ငံ အရှေ့ပိုင်းသည် ပင်လယ် ကမ်းနားဘက်ဆီသို့ မြေပြင်နိမ့်ဆင်းသွားသည်။ ကမ်းရိုးတန်း အလျား ၁၄,၅၀၀ ကီလိုမီတာ (မိုင် ၉၀၀၀) ရှည်လျားသည်။ အရှေ့တရုတ်ပင်လယ်၊ တောင်တရုတ်ပင်လယ်တို့ ရှိသည်။

တရုတ်ရှေးဟောင်း ယဉ်ကျေးမှုသည် မြစ်ဝါမြစ်ဝှမ်းဒေသမှ တရုတ်ပြည်မြောက်ပိုင်း တစ်ခွင်တွင် စတင် ပေါ်ထွန်းလာခဲ့သည်။ နှစ်ပေါင်း (၆၀၀၀) ကျော်မျှ သက်ဦးဆံပိုင် ဘုရင်စနစ်ဖြင့် နိုင်ငံကို အုပ်ချုပ်လာခဲ့သည်။ မင်းဆက်ပေါင်း မြောက်မြားစွာရှိသည်။ ပထမဆုံးမင်းဆက်မှာ ဘီစီ ၂၀၀၀ ခန့်က တည်ထောင်ခဲ့သော ရှမင်းဆက် (Xia Dynasty) ဖြစ်သော်လည်း ဘီစီ ၂၂၁ခုနှစ် ချင်မင်းဆက် (Qin Dynasty) နှောင်းပိုင်းကာလကျမှသာ နိုင်ငံကို တစ်စည်းတစ်လုံးတည်း ဖြစ်အောင် စည်းရုံးသိမ်းသွင်း နိုင်ခဲ့သည်။ တရုတ် နိုင်ငံ၏ နောက်ဆုံးမင်းဆက်မှာ ချင်းမင်းဆက် (Qing Dynasty) ဖြစ်ပြီး ၁၉၁၁ ခုနှစ်တွင် တရုတ်အမျိုးသားရေးပါတီ (Kuomintang (KMT)) မှ တရုတ်သမ္မတနိုင်ငံကို တည်ထောင်လိုက်ချိန်မှစ၍ ဘုရင်စနစ်ချုပ်ငြိမ်းခဲ့သည်။

၂၀ရာစု၏ ပထမထက်ဝက် ကာလများအတွင်း တရုတ်ပြည်သည် စည်းလုံး ညီညွတ်မှု မရှိပဲ ပြည်တွင်းစစ်များ ဖြစ်ပွားလျက်ရှိနေခဲ့သည်။ နိုင်ငံရေးအင်အားစု (၂)ခု ဖြစ်ကြသော ကူမင်တန်နှင့် ကွန်မြူနစ် (the Kuomintang and the communists) တို့၏ ကာလရှည်ကြာ စစ်ပွဲများသည် ၁၉၄၉ခုနှစ် ကျမှသာ အဆုံးသတ်ခဲ့သည်။ ကွန်မြူနစ်တို့ အောင်ပွဲရသောကြောင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအဖြစ် တည်ထောင်ပြီး တရုတ်ပြည်မကြီးကို အုပ်ချုပ်သည်။ စစ်ရှုံးသော ကူမင်တန်တို့သည် ထိုင်ဝမ်ကျွန်းသို့ ထွက်ပြေးပြီး ထိုင်ပေမြို့ကို မြို့တော်အဖြစ် သတ်မှတ်ကာ တရုတ်သမ္မတနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေသည်။ တရူတ်ပြည်နှင့် ထိုင်ဝမ်တို့သည် ယခုအချိန်တိုင်အောင် နိုင်ငံရေး၊ အုပ်ချုပ်ရေးအရ အငြင်းပွားလျက် ရှိနေဆဲဖြစ်သည်။ တရုတ်ပြည်မကြီး ဘက်မှ ထိုင်ဝမ်အား ပြည်နယ်တစ်ခုအဖြစ် ထည့်သွင်းသတ်မှတ်ထားသော်လည်း ထိုင်ဝမ်ဖက်မှ လက်မခံပေ။

၁၉၇၈ ခုနှစ်တွင် အစပြုခဲ့သော ဈေးကွက်စီးပွားရေးစနစ်အရ စီးပွားရေး ပြုပြင် ပြောင်းလဲ မှုများ ပြုလုပ်လာသဖြင့် အလျှင်မြန်ဆုံးနှုန်းဖြင့် ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ပို့ကုန်တင်ပို့သူနှင့် ဒုတိယအကြီးဆုံး သွင်းကုန် တင်သွင်းသူ ဖြစ်လာခဲ့သည်။ ဂျီဒီပီအရ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်လာခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၊ အေးပက် (APEC) နှင့် ဂျီ-၂၀ (G20) တို့တွင် အဖွဲ့ဝင် ဖြစ်သည်။ နျူကလီးယားလက်နက်များကို ပိုင်ဆိုင်ပြီး ကမ္ဘာ့ အင်အား အကြီးဆုံး စစ်တပ်နှင့် စစ်ရေး အသုံးစရိတ်မှာ ဒုတိယအများဆုံး ဖြစ်သည်။ တရုတ်နိုင်ငံသည် နိုင်ငံရေး ပညာရှင်များ၊ စစ်ရေး ပညာရှင်များ၊ စီးပွားရေး ပညာရှင်များနှင့် သိပ္ပံပညာရှင်များ များစွာပေါ်ထွန်းရာ တိုင်းပြည်ဖြစ်သည်။

အမည်ရင်းမြစ်

သမိုင်း

နိုင်ငံရေးနှင့် အစိုးရ

နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးကိစ္စများ



ပြည်နယ်များ

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ထိုင်ဝမ် အပါအဝင် ပြည်နယ် (၂၃)ခုဖြင့် ဖွဲ့စည်းထားသည်။ ထိုင်ဝမ်ကိုမူ တရုတ်သမ္မတနိုင်ငံက အုပ်ချုပ်သည်။ ထိုင်ဝမ်အုပ်ချုပ်ရေးနှင့်ပါတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်ဝမ်တို့ကြားအငြင်းပွားနေဆဲဖြစ်သည်။ အဆိုပါပြည်နယ် (၂၃)ခုအပြင် ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရပြည်နယ် (၅)ခု၊ မြူနီစီပါယ်အုပ်ချုပ်ရေးမြို့တော်(၄)ခု၊ အထူးအုပ်ချုပ်ခွင့်ရဒေသ (၂)ခုရှိသည်။ ပြည်နယ်(၂၂)ခု၊ ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရပြည်နယ် (၅)ခု၊ မြူနီစီပါယ်အုပ်ချုပ်ရေးမြို့တော်(၄)ခုတို့ကို စုပေါင်း၍ တရုတ်ပြည်မကြီး ("mainland China") ဟုခေါ်ဝေါ်ကြသည်။

ပြည်နယ်(၂၃)ခု - (Provinces - 省)

  • အန်းဟွေး ပြည်နယ် - Anhui (安徽)
  • ဖူကျန့် ပြည်နယ် - Fujian (福建)
  • ကန်းစု ပြည်နယ် - Gansu (甘肃)
  • ကွမ်တုန်း ပြည်နယ် - Guangdong (广东)
  • ကွေ့ကျိုး ပြည်နယ် - Guizhou (贵州)
  • ဟိုင်နန် ပြည်နယ် - Hainan (海南)
  • ဟဲပေ ပြည်နယ် - Hebei (河北)
  • ဟေးလုံကျန်း ပြည်နယ် - Heilongjiang (黑龙江)
  • ဟဲနန် ပြည်နယ် - Henan (河南)
  • ဟူပေ ပြည်နယ် - Hubei (湖北)
  • ဟူနန် ပြည်နယ် - Hunan (湖南)
  • ကျန်းစူး ပြည်နယ် - Jiangsu (江苏)
  • ကျန်းရှီး ပြည်နယ် - Jiangxi (江西)
  • ကျိလင် ပြည်နယ် - Jilin (吉林)
  • လျောင်းနင် ပြည်နယ် - Liaoning (辽宁)
  • ချင်းဟိုင် ပြည်နယ် - Qinghai (青海)
  • ရှန်ရှီး ပြည်နယ် - Shaanxi (陕西) (အသံထွက်သတိပြုပါ။)
  • ရှန်းတုန်း ပြည်နယ် - Shandong (山东)
  • ရှန်းရှီး ပြည်နယ် - Shanxi (山西) (အသံထွက်သတိပြုပါ။)
  • စစ်ချွမ်း ပြည်နယ် - Sichuan (四川)
  • ထိုင်ဝမ် ပြည်နယ် - Taiwan (台湾) (ၽROC မှအုပ်ချုပ်သည်။)
  • ယူနန် ပြည်နယ် - Yunnan (云南) (တရုတ်အသံထွက်အမှန်မှာ ယွန်းနန်ဖြစ်သည်။)
  • ကျဲ့ကျန်း ပြည်နယ် - Zhejiang (浙江)


ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်များ (၅)ခု - Autonomous regions (自治区)

  • ကွမ်ရှီး ကျွမ်းလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် - Guangxi (广西壮族自治区)
  • အတွင်းမွန်ဂိုလီးယား မွန်ဂိုလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် - Inner Mongolia (内蒙古自治区)
  • နိင်ရှ ဟွေးလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် - Ningxia (宁夏回族自治区)
  • ရှင်းကျန်း ဝေးဝူအာရ် လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် - Xinjiang (新疆维吾尔自治区)
  • တိဘက်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် - Tibet (西藏自治区) (တရုတ်အသံထွက်မှာ ရှီးဇန့်ဖြစ်ပါသည်။)


မြူနီစီပါယ်အုပ်ချုပ်ရေးမြို့တော်များ (၄)ခု - Municipalities (直辖市)

  • ပေကျင်း မြို့ - Beijing (北京市)
  • ချုံချင့် မြို့ - Chongqing (重庆市)
  • ရှန်ဟိုင်း မြို့ - Shanghai (上海市)
  • ထျန်းကျင်း မြို့ - Tianjin (天津市)


အထူးအုပ်ချုပ်ခွင့်ရဒေသများ (၂)ခု - Special Administrative Regions (特别行政区)

  • ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ - Hong Kong (香港特別行政區) (တရုတ်အသံထွက်မှာ ရှန်းကန်ဖြစ်ပါသည်။)
  • မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ - Macau (澳門特別行政區) (တရုတ်အသံထွက်မှာ အောက်မင်ဖြစ်ပါသည်။)



တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ပြည်နယ်များ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ပြည်နယ်များ

ပထဝီနှင့် ရာသီဥတု

စီးပွါးရေး

လူဦးရေနှင့်လူမျိုးများ

၂၀၁၀ခုနှစ်၊ ဇူလိုင်လစာရင်းအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် လူဿီးရေစုစုပေါင်း ၁,၃၃၈,၆၁၂,၉၆၈ ဦးရှိသည်။ အဆိုပါလူဦးရေစုစုပေါင်း၏ ၂၁% (male 145,461,833; female 128,445,739) သည် အသက် (၁၄)နှစ်အောက်ဖြစ်ပြီး၊ ၇၁% (male 482,439,115; female 455,960,489) သည် အသက်(၁၅)နှစ်မှ (၆၄)နှစ်အတွင်းဖြစ်သည်။ စုစုပေါင်းလူဦးရေ၏ ၈%ဖြစ်သော (male 48,562,635; female 53,103,902) သည် အသက်(၆၅)နှစ်အထက် ဖြစ်သည်။ ၂၀၀၆ခုနှစ်စာရင်းအရ လူဦးရေတိုးပွားနှုန်းမှာ ၀.၆%သာရှိသည်။
တရားဝင်အသိအမှတ်ပြုထားသောတိုင်းရင်းသားလူမျိုး (၅၆)မျိုးရှိသည်။ ဟန့်လူမျိုး(ခေါ်) တရုတ်လူမျိုး မှာ စုစုပေါင်းလူဦးရေ၏ ၉၁.၉%ရှိသည်။ အခြားသော တိုင်းရင်းသားများအနက် လူဦးရေများပြားသောတိုင်းရင်းသားလူမျိုးများမှာ ကျွမ်းလူမျိုး(Zhuang - ၁၆သန်း), မန်ချူးလူမျိုး (Manchu - ၁၀သန်း)၊ ဟွေးလူမျိုး (Hui - ၉သန်း)၊ မြောင်လူမျိုး (Miao - ၈သန်း)၊ ဝေးဝူးအာရ်လူမျိုး (Uyghur - ၇သန်း)၊ ယီလူမျိုး (Yi - ၇သန်း)၊ ထူကျားလူမျိုး(Tujia - ၅.၇၅သန်း)၊ မွန်ဂိုလူမျိုး (Mongols - ၅သန်း)၊ တိဘက်လူမျိုး (Tibetans - ၅သန်း)၊ ပုယီးလူမျိုး (Buyei - ၃သန်း) နှင့် ကိုရီးယားလူမျိုး (Koreans -၂သန်း) တို့ဖြစ်သည်။
လွန်ခဲ့သောဆယ်စုနှစ်များအတွင်း တရုတ်မြို့ကြီးများတွင် နှစ်စဉ် လူဦးရေတိုးနှုန်း (၁၀%) ရှိခဲ့သည်။ ၁၉၇၈မှ ၂၀၀၉အတွင်း မြို့ပြနေလူဦးရေမှာ ၁၇.၄%မှ ၄၆.၈%အထိ တိုးပွားခဲ့သည်။ သန်းပေါင်း(၁၅၀)မှ သန်းပေါင်း(၂၀၀)ကြားမျှသော အချိန်ပိုင်းအလုပ်သမားများသည် မြို့ကြီးများတွင်အလုပ်လုပ်လျှက် ကျေးလက်သို့လည်း ပြန်လည်နေထိုင်ကြသည်။ လူဦးရေ တစ်သန်းကျော်သော မြို့ကြီးပေါင်းများစွာရှိပြီး ကမ္ဘာ့အဆင့်မီမြို့များမှာ ပေကျင်း၊ ရှန်ဟိုင်း နှင့် ဟောင်ကောင် တို့ဖြစ်သည်။

မြို့ကြီးများ

စဉ် မြို့အမည် ပြည်နယ်အမည် မြို့တွင်းလူဦးရေ မြို့တွင်း+ဆင်ခြေဖုံးလူဦးရေ တရုတ်ပြည်၏မည်သည့်အပိုင်း
ရှန်ဟိုင်း ရှန်ဟိုင်းမြူနီစီပါယ်အုပ်ချုပ်ရေး 9,495,701 18,542,200 အရှေ့ပိုင်း
ပေကျင်း ပေကျင်းမြူနီစီပါယ်အုပ်ချုပ်ရေး 7,296,962 17,430,000 မြောက်ပိုင်း
ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ 7,000,000 7,000,000 တောင်ပိုင်း
ထျန်းကျင်း ထျန်းကျင်းမြူနီစီပါယ်အုပ်ချုပ်ရေး 5,066,129 11,500,000 မြောက်ပိုင်း
ဝူဟန့် ဟူးပေပြည်နယ် 6,660,000 9,100,000 တောင်-အလယ်ပိုင်း
ကွမ်ကျိုး ကွမ်တုန်းပြည်နယ် 4,154,808 15,000,000 တောင်ပိုင်း
ရှင်းကျင့် ကွမ်တုန်းပြည်နယ် 4,000,000 8,615,500 တောင်ပိုင်း
ရှင်ယန် လျောင်းနင်ပြည်နယ် 3,981,023 7,500,000 အရှေ့မြောက်ပိုင်း
ချုံချင့် ချုံချင့်မြူနီစီပါယ်အုပ်ချုပ်ရေး 3,934,239 31,442,300 အနောက်တောင်ပိုင်း
၁၀ နန်ချောင့် ကျန်းရှီးပြည်နယ် 3,790,000 4,990,184 အရှေ့ပိုင်း
၁၁ နန်ကျင်း ကျန်းစူးပြည်နယ် 2,822,117 7,100,000 အရှေ့ပိုင်း
၁၂ ဟာ့ရ်ပင်း ဟေးလုံကျန်းပြည်နယ် 2,672,069 8,499,000 အရှေ့မြောက်ပိုင်း
၁၃ ရှီကျားကျွမ်း ဟဲပေပြည်နယ် 2,620,357 9,630,000 မြောက်ပိုင်း
၁၄ ရှီအန်း ရှန်ရှီးပြည်နယ် 2,588,987 10,500,000 အနောက်မြောက်ပိုင်း
၁၅ ချင်းဒူ စစ်ချွမ်းပြည်နယ် 2,341,203 11,300,000 အနောက်တောင်ပိုင်း
၁၆ ချောင်ချွန်း ကျိလင်ပြည်နယ် 2,223,170 7,400,000 အရှေ့မြောက်ပိုင်း
၁၇ တလျန် လျောင်းနင်ပြည်နယ် 2,118,087 6,200,000 အရှေ့မြောက်ပိုင်း
၁၈ ဟန်ကျိုး ကျဲ့ကျန်းပြည်နယ် 1,932,612 7,000,000 အရှေ့ပိုင်း
၁၉ ကျီနန် ရှန်းတုန်းပြည်နယ် 1,917,204 6,300,000 အရှေ့ပိုင်း
၂၀ ထိုက်ယွမ် ရှန်းရှီးပြည်နယ် 1,905,403 3,413,800 မြောက်ပိုင်း
၂၁ ချင်းတောင် ရှန်းတုန်းပြည်နယ် 1,867,365 8,000,000 အရှေ့ပိုင်း

၂၀၀၈ခုနှစ် ခန့်မှန်းလူဦးရေစာရင်း

ကိုးကွယ်ယုံကြည်မှု

ယဉ်ကျေးမှု

အားကစား

ဆက်စပ်ကြည့်ရှုရန်

ကျမ်းကိုး

ပြင်ပလင့်ခ်များ