အဲလိဇဘက်တေလာ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.1) (ရိုဘော ပေါင်းထည့်နေသည: bcl:Elizabeth Taylor
အရေးမကြီး r2.7.1) (ရိုဘော ပြင်ဆင်နေသည: ka:ელიზაბეთ ტეილორი
စာကြောင်း ၈၂ - စာကြောင်း ၈၂ -
[[ja:エリザベス・テイラー]]
[[ja:エリザベス・テイラー]]
[[jv:Elizabeth Taylor]]
[[jv:Elizabeth Taylor]]
[[ka:ელისაბედ ტეილორი]]
[[ka:ელიზაბეთ ტეილორი]]
[[kn:ಎಲಿಜ಼ಬೆತ್ ಟೇಲರ್]]
[[kn:ಎಲಿಜ಼ಬೆತ್ ಟೇಲರ್]]
[[ko:엘리자베스 테일러]]
[[ko:엘리자베스 테일러]]

၀၇:၅၅၊ ၂၅ မတ် ၂၀၁၁ ရက်နေ့က မူ

အဲလိဇဘက် တေလာ
အဲလိဇဘက် တေလာ
၁၉၈၅ တွင် ရိုက်ကူးထားသော အဲလိဇဘက် တေလာ၏ ပုံ
အမည်ရင်း အဲလိဇဘက် ရို့စ်မွန် တေလာ
မွေးသက္ကရာဇ် ဖေဖော်ဝါရီ၂၇၁၉၃၂

လူမျိုး အင်ဂလို-အမေရိကန်
အလုပ်အကိုင် ရုပ်ရှင်မင်းသမီး
မွေးရပ်ဇာတိ လန်ဒန်မြို့အင်္ဂလန်နိုင်ငံ
သားသမီး သား၂ယောက်၊ သမီး၂ယောက်

ဒိမ်း အဲလိဇဘက် ရို့စ်မွန်တေလာ (၁၉၃၂၊ ဖေဖော်ဝါရီ ၂၇ မွေး - ၂၀၁၁၊ မတ်လ ၂၃ ကွယ်လွန်) သည် အင်္ဂလန်နိုင်ငံတွင် မွေးဖွားသော အမေရိကန် ရုပ်ရှင်မင်းသမီး တစ်ဦး ဖြစ်သည်။

ဘဝ

အဲလိဇဘက် တေလာကို အမေရိကန်လူမျိုး မိဘနှစ်ပါးမှလန်ဒန်မြို့တွင် မွေးဖွားခဲ့ပြီး သူမ၏ မိဘနှစ်ပါးမှာ ဒုတိယကမ္ဘာစစ် စတင်ချိန်တွင် အမေရိကန်ပြည်ထောင်စု သို့ ပြန်သွားခဲ့သည်။ သူမသည် ချောမောလှပသော ကလေး တစ်ယောက်ဖြစ်ပြီး အသက် ၁၀ နှစ်မှစ၍ ရုပ်ရှင်သရုပ်ဆောင် ဖြစ်လာခဲ့သည်။ ပထမဆုံး ရုပ်ရှင်မှာ လက်ဆီ၏ အိမ်အပြန် (Lassie Come Home) (၁၉၄၂) ခုနှစ် ဖြစ်ပြီး ဒုတိယရုပ်ရှင်မှာ National Velvet (၁၉၄၄) ဖြစ်သည်။ သူမသည် ဆယ်ကျော်သက် အရွယ်တွင် ဇာတ်ပို့နေရာအမျိုးမျိုးတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး လူငယ် သရုပ်ဆောင် အဖြစ်သို့ အလွယ်တကူ ကူးပြောင်းနိုင်ခဲ့သည်။

ပထမဆုံး အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည် ဇာတ်ကားမှာ ၁၉၅၀ ခုနှစ်တွင် ရိုက်ကူးသော A Place in the Sun ဇာတ်ကား ဖြစ်ပြီး မောင်ဂိုမာရီ ကလစ်ဖ်နှင့် အတူ သရုပ်ဆောင်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ်များအတွင်း ရုပ်ရှင်များတွင် တောက်လျှောက် ပါဝင်ခဲ့ပြီး ထင်ရှားသော ဇာတ်ကားများမှာ The Father of the Bride (၁၉၅၁)၊ Ivanhoe (၁၉၅၂)၊ Elephant Walk (၁၉၅၄)၊ Rhapsody (၁၉၅၄)၊ Giant (၁၉၅၆)၊ Raintree County (၁၉၅၇)၊ Cat on a Hot Tin Roof (၁၉၅၈) ၊ Suddenly last Summer (၁၉၅၉)၊ Butterfield 8 (၁၉၆၀) စသည်တို့ ဖြစ်သည်။

ကလီယိုပတ်ထရာ ဇာတ်ကားမှ ဘာတွန်နှင့် တေလာ

၁၉၆၃ တွင် သူမသည် ကလီယိုပတ်ထရာ ဇာတ်ကားတွင် ဦးဆောင် ပါဝင် သရုပ်ဆောင်ခဲ့ပြီး ၁၉၆၄ တွင် သူမ၏ ပဉ္စမမြောက် ခင်ပွန်း ဖြစ်လာမည့် ရစ်ချက်ဘာတွန်နှင့် တွေ့ဆုံခဲ့သည်။ သူတို့နှစ်ဦးသည် ရုပ်ရှင် အတော်များများတွင် အတူတကွ သရုပ်ဆောင်ခဲ့ပြီး ၄င်းတို့မှာ The V.I.P's (၁၉၆၃)၊ The Sandpiper (၁၉၆၅)၊ Who's afraid of Virginia Woolf ? (၁၉၆၆)၊ The Taming of the Shrew (၁၉၆၇)၊ Boom (၁၉၆၈) တို့ ဖြစ်ကြသည်။ သူမသည် Secret Ceremony (၁၉၆၉)၊ X, Y and Zee (၁၉၇၂) နှင့် Ash Wednesday (၁၉၇၃) တို့တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

သူမသည် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင် အကယ်ဒမီဆု နှစ်ခု ရရှိခဲ့သည်။ ပထမတစ်ခုမှာ Butterfield 8 တွင် ဖြစ်ပြီး ဒုတိယတစ်ခုမှာ Who's Afraid of Virginia Woolf? တွင် ဖြစ်သည်။

သူမ၏ နာမကျန်း ဖြစ်မှု အမျိုးမျိုးနှင့် လူသိများသူတို့နှင့် လက်ထပ်ခြင်းများကြောင့် သတင်းစာ ခေါင်းစဉ်များမှ ပျောက်ကွယ်သွားသည်ဟူ၍ မရှိသလောက် ပင် ဖြစ်သည်။ သူမနှင့် လက်ထပ်ခဲ့သော ထင်ရှားကျော်ကြားသူများမျာ နစ်ကီဟီလ်တန် (Nicky Hilton) ၊ မိုက်ကယ်လ် ဝိုင်းလ်ဒင်း (Michael Wilding) ၊ မိုက်တော့ဒ် (Mike Todd) ၊ အယ်ဒီ ဖစ်ရှာ (Eddie Fisher) ၊ ရစ်ချက်ဘာတွန် (Richard Burton) (နှစ်ကြိမ်) နှင့် ဂျွန်ဝါနာ (John Warner) တို့ဖြစ်သည်။ မိုက်ကယ်လ် ဝိုင်းလ်ဒင်းနှင့် သားနှစ်ယောက် ရခဲ့ပြီး မိုက်တော့ဒ်နှင့် သမီးတစ်ယောက် ရခဲ့သည်။ ရစ်ချက်ဘာတွန်နှင့် လက်ထပ်ထားစဉ် သမီးတစ်ယောက်လည်း မွေးစားခဲ့သည်။

သူမ၏ ဘဝနှောင်းပိုင်းများတွင် အေအိုင်ဒီအက်စ် ရောဂါအတွက် ရန်ပုံငွေ ရှာဖွေရေးကို အလေးပေး လုပ်ဆောင်ခဲ့သည်။

သေဆုံးခြင်း

အဲလိဇဘက် တေလာသည် ၂၀၁၁ ခုနှစ် မတ်လ ၂၃ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့တွင် အသက် ၇၉ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။