ကိုမိုရိုနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Robot: Cosmetic changes
အရေးမကြီး r2.7.1) (ရိုဘော ပေါင်းထည့်နေသည: lad:Isolas Komoras
စာကြောင်း ၁၁၇ - စာကြောင်း ၁၁၇ -
[[kw:Komorys]]
[[kw:Komorys]]
[[la:Insulae Comorianae]]
[[la:Insulae Comorianae]]
[[lad:Isolas Komoras]]
[[lb:Komoren]]
[[lb:Komoren]]
[[li:Comore]]
[[li:Comore]]

၂၀:၃၉၊ ၂၀ မတ် ၂၀၁၁ ရက်နေ့က မူ

ကိုမိုရိုကျွန်းစု သမ္မတနိုင်ငံ

အိန္ဒိယ သမုဒ္ဒရာအတွင်း မိုဇမ်ဗစ် ရေလက်ကြားမက်ဒါဂက် စကာကျွန်း၏ အနောက်မြောက်ဘက်နှင့် အာဖရိကအရှေ့တောင် ဘက် ကမ်းခြေအနီးရှိ ကိုမိုရိုကျွန်းစု သမ္မတ နိုင်ငံတွင် ၁၉၇၇ ခုနှစ် ခန့်မှန်းခြေအရ လူဦးရေ ၃၇ဝ,ဝဝဝ ရှိသည်။ ကိုမိုရိုကျွန်းစု နိုင်ငံ၏ အကျယ်အဝန်းမှာ ၈၆၃ စတုရန်းမိုင်ရှိသည်။ မြို့တော်မှာ ဂရင်းကိုမိုရို ကျွန်းပေါ်ရှိ မိုရိုနီမြို့ဖြစ်သည်။

ကိုမိုရိုကျွန်းစု သမ္မတနိုင်ငံတွင် ၁၉၇၈-ခုနှစ် မေလ ၁၃ ရက်နေ့တွင် နိုင်ငံရေး၊ စစ်ရေး ညွှန်ကြားမှု အဖွဲ့က သမ္မတ အလီဆွိုင်းလီယာအား ဖြုတ်ချ၍ အာဏာသိမ်းခဲ့ပြီး လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ပုဂ္ဂလိကပိုင်ပစ္စည်းများ လွတ်လပ်စွာ သုံးစွဲခွင့်များ ပါဝင်သော ယခင်အစိုးရလက်ထက်က ဆုံးရှုံးခဲ့သည့်အခွင့်အရေး များကို ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးမည်ဟု အစိုးရသစ် အဖွဲ့ကထုတ်ပြန် ကြေငြာခဲ့လေသည်။

၁၉၇၈ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ဝန်ကြီးချုပ်နှင့် နိုင်ငံ တော် အကြီးအကဲဖြစ်သူ အဗ္ဗဒူလာဟီမိုဟာ မက်လက်သို့ စစ် ညွှန်ကြားရေးအဖွဲ့က အာဏာလွှဲအပ်ပေးခဲ့သည်။ ကိုမိုရိုကျွန်းစု တွင်လစ်ဗရယ် ဆိုရှယ်လစ်ဝါဒကို ကျင့်သုံးမည်။ ဒီမိုကရေစီ အဆောက်အအုံများ ပြန်လည်ထူထောင်ကာ ပြည်သူ့ဝန်ထမ်း လုပ်ငန်းများပြန်လည် ဆောင်ရွက်ပေးမည်ဟု အစိုးရ သစ်က ကြေငြာချက်တစ်ရပ် ထုတ်ပြန်လိုက်အပြီးတွင် ကျွန်းစုတွင်ပါဝင် သော မိုဟီလီကျွန်းနှင့် အန်ဂျူအန်ကျွန်းတို့သည် အစိုးရသစ်နှင့် ပူးပေါင်းလိုက်ကြသည်။ ရာထူးမှ ဖြုတ်ချခြင်းခံရသော ကိုမိုရို ကျွန်းစု သမ္မတနိုင်ငံအကြီးအကဲ အလီဆွိုင်းလီယာသည် ထိန်း သိမ်းထားရာမှထွက်ပြေးရန် ကြံစည်မှုဖြင့် ပစ်သတ်ခံလိုက်ရလေ သည်။

ပြင်သစ်နိုင်ငံနှင့် ကိုမိုရိုကျွန်းစုနိုင်ငံတို့သည် သံအမတ်ကြီး အဆင့်ဖြင့် သံတမန်ဆက်ဆံမှု ပြန်လည်ထူ ထောင်ကြမည်ဟု ဆုံးဖြတ်လိုက်ကြသည်။ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့် ပတ် သက်၍ ကိုမိုရိုနိုင်ငံလက်ရှိ အာဏာရ နိုင်ငံရေး စစ်ဖက်ဆိုင်ရာ ညွှန်ကြားရေးအဖွဲ့ ပူးတွဲသဘာပတိများဖြစ်ကြသော အာမက်အဗ္ဗ ဒူလာနှင့် မိုဟာမက် အာမက်တို့သည် ပြင်သစ်နိုင်ငံသို့ ၁၉၇၈ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့က သွားရောက်ခဲ့ကြသည်။

ကွယ်လွန်သူသမ္မတ အလီဆွိုင်းလီက ၄င်းအား ရာထူးမှ ဖယ်ရှားအာဏာမယူမီ ၁၉၇၅ ခုနှစ်အတွင်းက အာမက် အဗ္ဗ ဒူလာက ကိုမိုရိုကျွန်းစုနိုင်ငံအား တစ်ဖက်သတ် လွတ်လပ်ရေး ကြေငြာပြီးနောက် ပြင်သစ်နှင့် ကိုမိုနိုင်ငံတို့မှာ သံတမန် အဆက် အသွယ် ဖြတ်တောက်ခဲ့ရလေသည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)