တလိုင်းကောင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Robot: Cosmetic changes
No edit summary
စာကြောင်း ၁ - စာကြောင်း ၁ -
{{Taxobox
[[File:Pluvialis dominica1.jpg|thumb|400px|right|တလိုင်းကောင် ခေါ် နှုတ်သီးတိုငှက်]]
| အမည် = တလိုင်းခေါင်းငှက် (သို့) နှုတ်သီးထိုးငှက်
| status = LC
| status_system = IUCN3.1
| status_ref = <ref>{{IUCN2006|assessors={{aut|[[BirdLife International]]}}|year=2004|id=49136|title=Pluvialis dominica|downloaded=11 May 2006}} Database entry includes justification for why this species is of least concern</ref>
| ပုံ = Pluvialis dominica1.jpg
| image_width = 200px
| regnum = [[Animal]]ia
| phylum = [[Chordate|Chordata]]
| classis = [[bird|Aves]]
| ordo = [[Charadriiformes]]
| familia = [[Charadriidae]]
| genus = ''[[Pluvialis]]''
| species = '''''{{lang|la|P. dominica}}'''''
| binomial = ''{{lang|la|Pluvialis dominica}}''
| binomial_authority = ([[Statius Muller]], [[1776]])
| synonyms =
''{{lang|la|Pluvialis dominica dominica}}''
}}

'''တလိုင်းခေါင်းငှက် (သို့) နှုတ်သီးထိုးငှက်'''


တလိုင်းကောင်ဟုခေါ်သော နှုတ်သီးတိုငှက်ကို ပါဏဗေဒ
တလိုင်းကောင်ဟုခေါ်သော နှုတ်သီးတိုငှက်ကို ပါဏဗေဒ
အလိုအရ 'ပလူဗီအေးလစ် ဒိုမင်နီက'ဟု ခေါ်သည်။ 'ကယ်ရာ
အလိုအရ 'ပလူဗီအေးလစ် ဒိုမင်နီက'ဟု ခေါ်သည်။ 'ကယ်ရာ
စာကြောင်း ၄၈ - စာကြောင်း ၇၀ -
== ကိုးကား ==
== ကိုးကား ==
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)


[[Category:ငှက်]]


[[br:Morlivid Amerika]]
[[br:Morlivid Amerika]]

၀၄:၂၆၊ ၂၀ မတ် ၂၀၁၁ ရက်နေ့က မူ

တလိုင်းခေါင်းငှက် (သို့) နှုတ်သီးထိုးငှက်
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
မျိုးပေါင်း:
မျိုးစဉ်:
မျိုးရင်း:
မျိုးစု:
မျိုးစိတ်:
P. dominica
ဒွိနာမ
Pluvialis dominica
Synonyms

Pluvialis dominica dominica

တလိုင်းခေါင်းငှက် (သို့) နှုတ်သီးထိုးငှက်


တလိုင်းကောင်ဟုခေါ်သော နှုတ်သီးတိုငှက်ကို ပါဏဗေဒ အလိုအရ 'ပလူဗီအေးလစ် ဒိုမင်နီက'ဟု ခေါ်သည်။ 'ကယ်ရာ ဒရိုင်အီဒီး'မျိုးရင်းတွင် ပါဝင်လေသည်။ အလျား ၁ဝ လက်မရှိ ၏။ ပျံသန်းသည့်အခါ အမြီးပိုင်းသည် မည်းနေသည်ဟု ထင်ရ သည်။ မေလအစ သားပေါက်ချိန်တွင် အမွေးများသည် ပို၍ မည်းလာ၏။ ထိုပြင် ဦးခေါင်ထိပ်ရှိ အမွေးဖြူများသည်လည်း ပို၍ကျယ်ပြန့်လာသည်။ ထိုအမွှေးဖြူများသည် မျက်စိအထက်မှ မျက်ခုံးမွေးထူထူကဲ့သို့ နောက်ဖက်သို့ ရှည်ထွက်၍လည်ပင်းနှင့် ရင်အုပ်ထိ ရောက်လာသည်။ ကိုယ်အောက်ပိုင်းသည် မည်းနက် ၍၊ ကျောဖက်ရှိ ရွှေရောင်တောက်နေသည့် အပြောက်များသည် ပို၍ထင်ရှားလေသည်။

တလိုင်းကောင်ငှက်များကို အုပ်လိုက်တွေ့ရလေ့ရှိသည်။ ထိုငှက်များသည် ခရီးဝေးပျံသန်း၍ ဒေသပြောင်းခြင်းမှာ အထူး အံ့ဩဖွယ်ကောင်းလှပေသည်။ အမေရိကတိုက်မြောက်ပိုင်းတွင် ပေါက်ပွားကြသောတလိုင်းကောင်များသည် ထိုဒေသ၌ ဆောင်း ဥတုဝင်လာသောအခါ၊ တောင်အမေရိကတိုက်အလယ်ပိုင်းနှင့် အာဂျင်တီးနားနိုင်ငံထိ မိုင်ပေါင်း ၂၄ဝဝ မျှရှိသော ခရီးကို သမု]ရာပေါ်မှ ဖြတ်၍ ပျံသန်းကြသည်။ ထိုဒေသတွင် ဆောင်း ဥတု၌ ကျက်စားကြပြီးလျှင် နွေဥတုရောက်သောအခါ မြောက် ဘက်နေရင်းဒေသများသို့ ပျံသန်းကြပြန်သည်။ အပြန်တွင် အလာလမ်းအတိုင်းမပျံကြဘဲ၊ ကုန်းမြေများပေါ်မှဖြတ်၍ ပျံသန်း ကြခြင်းသည် ထိုငှက်များ ၏ထူးခြားချက်တစ်ရပ်ဖြစ်သည်။

မြန်မာနိုင်ငံသို့လည်း ဆောင်ဥတုတွင် တလိုင်းကောင်ငှက် အမြောက်အမြား ပျံသန်းလာတတ်ကြပြီးလျှင်၊ မေလလယ် လောက်တွင် ပြန်သွားတတ်ကြသည်။ ကမ္ဘာပေါ်တွင် တလိုင်း ကောင် ငှက်မျိုးပေါင်း မြောက်မြားစွာရှိလေသည်။

တလိုင်းကောင်ငှက်၏ အောင်သံသည် စူးရှသော်လည်း၊ နားထောင်ကောင်းသော နှစ်ဆင့် လေချွန်သံမျိုး ဖြစ်သည်။ ယင်းတို့သည် နွားစားကျက်နှင့် ကမ်းခြေရှိ ရွံ့ညွှန်များတွင် ကျက်စားလေ့ရှိကြ၏။ ထွန်ပြီးစ လယ်ကွက်၊ စွတ်စိုသော မြက်ခင်းနှင့် ရိုးပြတ်တောများတွင် ကျက်စားရန်ကိုလည်း နှစ်သက်ကြသည်။ ပျံသန်းရာ၌ အတောင်ကို မှန်မှန်ခတ်၍ စုစုရုံးရုံး စည်းကမ်းသေဝပ်စွာ ပျံသန်းတတ်သည်။ မြေပေါ်တွင် ခေါင်းကို ဟန်တစ်မျိုးဖြင့် ညိတ်၍ ညိတ်၍ ပြေးရင်းအစာများ ကို လိုက်လံရှာဖွေစားသောက်ကြသည်။ ထိုပြင် လျှောက်ပြေး ရာတွင် ကိုယ်ကို မြေပြင်နှင့်ညိလုမတတ် ထားတတ်ကြသည်။ သို့သော် ရပ်နားသောအခါတွင်မူ ကိုယ်ကို ပို၍တည့်မတ်စွာ ထားသည်။ အထူးသဖြင့် သူတို့အဖို့ ဘေးရန်ရှိမည်ဟု စိုးရိမ်ရ သောအခါများတွင် ကိုယ်ကိုတည့်မတ်စွာ ထားတတ်ကြသည်။ တလိုင်းကောင်၏အစာများမှာ ပိုးမွှားကောင်များ၊ သစ်ပင် အစို့ အညောင့်နှင့် ဗယ်ရီသီးများဖြစ်သည်။ ပင်လယ်ကမ်းနား၌ ကျက်စားသောအခါတွင်မူ၊ ခရု၊ ပက်ကျိ၊ ကနန်းမှစ၍ ပင်လယ်ပိုးကောင်းများကို ရှာဖွေစားသောက်ကြသည်။

ကိုးကား

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

  1. BirdLife International (2004). Pluvialis dominica. 2006. IUCN Red List of Threatened Species. International Union for Conservation of Nature 2006. www.iucnredlist.org. Retrieved on 11 May 2006. Database entry includes justification for why this species is of least concern